ချယ်လ်ဆီးတွင် နှစ်ပေါင်းများစွာမနေလိုဘဲ အီတလီသို့ ပြန်မည်ဟု နည်းပြကွန်တီဖွင့်ဟ

ချယ်လ်ဆီးနည်းပြ ကွန်တီကအင်္ဂလန်တွင် ချယ်လ်ဆီးအသင်းနှင့် အောင်မြင်မှုရနေသော်လည်း နှစ်ပေါင်းများစွာနေမည် မဟုတ်ဘဲ အီတလီသို့ ပြန်မည်ဟု ဖွင့်ဟပြောကြားသွားခဲ့သည်။ ကွန်တီသည် မနှစ်ကရာသီတွင် ချယ်လ်ဆီးကို ပရီးမီးယားလိဂ် ၃၈ပွဲ ကစားစေခဲ့ရာ၌ ပွဲ ၃၀ အနိုင်ရရှိပြီး ချန်ပီယံဆုရယူပေးခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းက ပြီးခဲ့သည့် ရာသီကုန်ချိန်တွင် အသင်းနှင့် နှစ်နှစ်စာချုပ်တိုးခဲ့သည်။ သို့သော် ကွန်တီသည် ထိုနှစ်နှစ်စာချုပ်ကုန်လျှင် ချယ်လ်ဆီး၌ ဆက်မနေလိုဘဲ အီတလီသို့ ပြန်မည်ဟု အာအေအိုင်ရေဒီယိုနှင့် တွေ့ဆုံမေးမြန်း ခန်းတွင်...

ပွဲတိုင်းအရေးပါဆုံးဂိုးများ လူကာကူ သွင်းပေးနိုင်ဟု မော်ရင်ဟို ချီးကျူး

  မန်ယူအသင်းသည် စီအက်စ်ကေအေမော်စကိုအသင်းကို စက်တင်ဘာ ၂၇ရက်၌ ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်တွင် အဝေးကွင်းမှာပင် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ရာ ထိုပွဲတွင် နှစ်ဂိုးသွင်းနိုင်ခဲ့သောလူကာကူကို မော်ရင်ဟိုက ဂိုးသွင်းနိုင်သည်သာမကပွဲတိုင်း အရေးပါဆုံး ဂိုးများကို သွင်းပေးနိုင်သူဟု ချီးကျူးသွားခဲ့သည်။ ထိုပွဲတွင် လူကာကူ နှစ်ဂိုးသွင်းပြီး မာရှယ်က ပင်နယ်တီမှ တစ်ဂိုး၊အမ်ခီတာယန်က တစ်ဂိုးသွင်းယူခဲ့ခြင်းဖြင့် မန်ယူ အသင်းသည် ချန်ပီယံလိဂ်အုပ်စုအဖွင့် နှစ်ပွဲစလုံး နိုင်ပွဲရခဲ့သည်။ မန်ယူအတွက် ကိုးပွဲကစားပေးရာတွင် ၁၀ဂိုးသွင်းပေးထားနိုင်ပြီ ဖြစ်သည့် လူကာကူနှင့်ပတ်သက်ပြီး မော်ရင်ဟိုက...

လူကာကူ ခြေချင်းဝတ်ဒဏ်ရာရခဲ့၍ ဘော့စနီးယား၊ ဆိုက်ပရပ်စ်ပွဲများ မရေရာ

  မန်ယူအသင်းတွင် ခြေစွမ်းပြ ဂိုးများသွင်းနေသော တိုက်စစ်မှူး လူကာကူသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ အသင်းကစားရမည့် ဘော့စနီးယား၊ ဆိုက်ပရပ်စ်တို့နှင့် ကမ္ဘာ့ဖလားပွဲစဉ်နှစ်ပွဲပါဝင်ကစားရန် မရေရာကြောင်း သိရသည်။ လူကာကူ၏ဒဏ်ရာသည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ရက်က ကစားခဲ့သော ပဲလေ့စ်ကို အနိုင်ရသည့်ပွဲတွင် ရရှိခဲ့ဖွယ်ရှိပြီး အောက်တိုဘာ ၂ရက်တွင် ဘယ်လ်ဂျီယံအသင်းက လေ့ကျင့်ခန်းမဆင်းနိုင်သော လူကာကူကို အမ်အာရ်အိုင် စစ်ဆေးမှုခံယူ ပြီးနောက် ခြေကျင်းဝတ်အရိုးကျိုးသွားခြင်း မဟုတ်သော်လည်း ဒဏ်ရာအသေးစားရထားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းကြောင့် မန်ယူအသင်းအတွက် စိတ်သက်သာရာ...

လီဗာပူးတိုက်စစ်မှူး လေးဦးကို ထိန်းချုပ်နိုင်ဖို့လိုဟု အလာဒိုက်စ်ဆို

အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်က ဒီဇင်ဘာ ၁၀ ရက် (ယနေ့)ည တွင် လီဗာပူးနှင့်ကစားရမည့် မာဆေးဆိုက်ဒါ ဘီပွဲစဉ်၌ အကောင်းဆုံးပုံစံရနေပြီး ဂိုးများစွာ သွင်းယူနေနိုင်သော လီဗာပူးတိုက်စစ်မှူးလေးဦးကို ထိန်းချုပ်နိုင်မှ ဖြစ်မည်ဟု သတိပေးစကားဆိုခဲ့သည်။ အလာဒိုက်စ် လက်ရောက်လာခြင်းကြောင့် အဲဗာတန်အသင်းသားများသည် စိတ်ဓာတ်တက်ကြွလာကြပြီး နောက်ဆုံးကစားသည့် သုံးပွဲဆက်အနိုင်ရထားသော်လည်း မာဆေးဆိုက်ဒါဘီပွဲ များတွင် လီဗာပူးကို အန်ဖီးလ်ကွင်း၌ ၁၉၉၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း တစ်ကြိမ်မျှ နိုင်ပွဲမရဖူးခြင်းကြောင့် ယခုပွဲတွင် လီဗာပူးအနိုင်ရမည်ဟု...

သီဟထက်အောင်အား ပွဲပယ်နှင့် ဒဏ်ငွေ ၁၀ သိန်းချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ-၁၃ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက် မြန်မာနှင့် မွန်ဂိုလီးယားခြေစမ်းပွဲတွင် အနီကတ်ပြ ထုတ်ပယ်ခံရသည့် သီဟထက်အောင် ကျူးလွန်သော အဆင် အခြင်မဲ့ ပြုလုပ်မှုအတွက် လိဂ်ပွဲစဉ်ခြောက်ပွဲ ပွဲပယ်ပြစ် ဒဏ်ကျခံရန်နှင့် ဒဏ်ကြေးငွေကျပ် ၁၀ သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ် ခဲ့သည်။ မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် မြန်မာယူ-၂၃ အသင်းတို့ သုဝဏ္ဏ အားကစားကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၄၀၌ သီဟထက်အောင်နှင့်...

စီရိုနယ်ဒို ရီးရဲလ်မှထွက်ခွာလိုလျှင် အသင်းကိုစာချုပ်ဖျက်ကြေးပေါင် ၁၇၇သန်း ပြန်ပေးရနိုင်

ရီးရဲလ်အသင်းတွင် စီရိုနယ်ဒိုသည် အတ္တပိုမိုကြီးမားလာက အသင်းနှင့် စာချုပ်သက်တမ်းကုန်ရန် နှစ်များစွာ ကျန်နေ သော်လည်း နောက်ထပ် စာချုပ်သက်တမ်းတိုးရန် တောင်းဆိုဖွယ်ရှိနေရာ အသင်းဥက္ကဋ္ဌ ပီရက်ဇ်အနေဖြင့် ပြန်လည် ချုပ်နိုင်စေရန် စီစဉ်နေကြောင်း Diario GOL သတင်းစာက ဖော်ထုတ်ရေးသားသွားခဲ့သည်။ စီရိုနယ်ဒိုကို ၂၀၁၆ခုနှစ် နိုဝင်ဘာ လက အသင်းတွင် ၂၀၂၁ခုနှစ်အထိ ဆက်ရှိစေမည့် စာချုပ်တိုးခဲ့ရာ အဆိုပါ စာချုပ်အရ စာချုပ်ဖျက်တန်ကြေးကို ပေါင်သန်း ၈၈၀ အောက်တွင်...

လန်ဇီနီကို ပြန်လည်စစ်ကြောပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးမှုဖြင့် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ၍ မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က မိမိအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား လန်ဇီနီကို စတုတ်နှင့် ပွဲစဉ်တွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟုဆိုကာ ပြန်လည်စစ်ကြောပြီး အရေးယူခဲ့သော အက်ဖ်အေ၏ ဆုံးဖြတ် ချက်ကြောင့် မကျေမနပ်ပေါက်ကွဲစကားဆိုခဲ့သည်။ လန်ဇီနီသည် ဒီဇင်ဘာ ၁၆ ရက်က စတုတ် ကိုသုံးဂိုးပြတ်အနိုင်ရသည့်ပွဲစဉ်တွင် စတုတ်ခံစစ်မှူးအဲရစ်ပီတာစ်က ဂိုးဧရိယာအတွင်း နောက်မှလျှောထိုးဖျက်ထုတ်ရာမှ လဲကျပြီး ကွင်းလယ်ဒိုင် ဂရေဟမ်စကော့က ပင်နယ်တီပေးခဲ့သည်။ အဆိုပါ ပင်နယ်တီကို အက်ဖ်အေမှ သုံးဦးပြန်လည်ကြားနာစစ်ဆေးပြီးနောက် သုံးဦးစလုံးက ဟန်ဆောင်ဒိုင်ဗင်ထိုး သည်ဟု ကောက်ချက်ချပြီး...

သောကြာည ပရီးမီးယားလိဂ်ပွဲစဉ်(၁၉) သုံးသပ်ချက်

အာဆင်နယ် VS လီဗာပူး ကစားမည့်အချိန် - နံနက် ၂း၁၅ အာဆင်နယ် နောက်ဆုံးသုံးပွဲရလဒ် ၂၀-၁၂-၂၀၁၇ အာဆင်နယ် ၁-၀ ၀က်စ်ဟမ်း ၁၆-၁၂-၂၀၁၇ အာဆင်နယ် ၁-၀ နယူးကာဆယ် ၁၄-၁၂-၂၀၁၇ ၀က်စ်ဟမ်း ၀-၀ အာဆင်နယ် လီဗာပူး နောက်ဆုံးသုံးပွဲရလဒ် ၁၇-၁၂-၂၀၁၇ ဘုန်းမောက် ၀-၄ လီဗာပူး ၁၄-၁၂-၂၀၁၇ လီဗာပူး ၀-၀ ၀က်စ်ဘရွန်း ၁၀-၁၂-၂၀၁၇ လီဗာပူး ၁-၁ အဲဗာတန် နှစ်သင်း နောက်ဆုံး သုံးပွဲရလဒ် ၂၇-၀၈-၂၀၁၇ လီဗာပူး ၄-၀ အာဆင်နယ် ၀၅-၀၃-၂၀၁၇ လီဗာပူး ၃-၁ အာဆင်နယ် ၁၄-၀၈-၂၀၁၆...

ပွဲချိန် ၉၄ မိနစ်မှ ချေပဂိုးပေးလိုက်ရပြီးလက်စတာနှင့် နှစ်ဂိုးစီသရေကျခဲ့၍မိမိကစားသမားများ ကလေးဆန်သည့်ဆုံးဖြတ်ချက်များလုပ်ခဲ့ဟု မော်ရင်ဟိုပြစ်တင်

ပွဲချိန် ၉၄ မိနစ်မှ ချေပဂိုးပေးလိုက်ရပြီးလက်စတာနှင့် နှစ်ဂိုးစီသရေကျခဲ့ ၍မိမိကစားသမားများ ကလေးဆန်သည့်ဆုံးဖြတ်ချက်များလုပ်ခဲ့ဟုမော်ရင်ဟိုပြစ်တင် မန်ယူအသင်းသည် ဒီဇင်ဘာ ၂၃ ရက်တွင် ကစားခဲ့သည့် လက်စတာနှင့်ပွဲစဉ်တွင် ပွဲချိန် ၉၄ မိနစ် ရောက်မှ ချေပဂိုးပေးလိုက်ရပြီး နှစ်ဂိုးစီသရေပွဲသာ ကစားနိုင်ခဲ့ခြင်းကြောင့် မန်ယူနည်းပြမော်ရင်ဟိုက အလွယ်တကူနိုင်သင့်သောပွဲတစ်ပွဲကို မိမိကစားသမား များ ကလေးဆန်သော ဆုံးဖြတ်ချက်များချမှတ်ကစား ခြင်းဖြင့် သုံးမှတ်ဆုံးရှုံးခဲ့ရသည်ဟု ပြစ်တင်စကားဆို ခဲ့သည်။ ထိုပွဲတွင် လက်စတာအတွက် ဂျေမီဗာဒီက ပွဲချိန် ၂၇ မိနစ်တွင် ဦးဆောင်ဂိုးသွင်းသော်လည်း မန်ယူအတွက် ပွဲချိန် မိနစ် ၄၀ နှင့် မိနစ် ၆၀ တို့တွင် မာတာက...

ဆန်းချက်ဇ်လုပ်အားနှုန်းကျလာခြင်းကြောင့် ဇန်န၀ါရီဈေးကွက်တွင် အာဆင်နယ်အသင်း ပေါင် ၃၅သန်းဖြင့် ရောင်းထုတ်နိုင်ရန်စီစဉ်

အာဆင်နယ်အသင်းသည် ရာသီကုန်တွင် စာချုပ်ကုန်ဆုံးပြီး ကြိုက်ရာ အသင်းသို့ အလွတ်ပြောင်းရွှေ့ခွင့်ရှိနေသော အသင်းတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ဇန်န၀ါရီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်တွင် ရောင်းချရန်စီစဉ် နေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။ ဆန်းချက်ဇ်ကို ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက် ကတည်းက မန်စီးတီးမှ ပေါင်သန်း ၆၀ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာတွင် အာဆင်နယ်သည် မိုနာကိုမှ သောမတ်စ် လီမာကို အစားထိုးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မရနိုင်ခဲ့သဖြင့် ဆန်းချက်ဇ်ကို မရောင်းခဲ့ပေ။ သို့သော် အာဆင်နယ်အသင်းနည်းပြအဖွဲ့ဝင်များသည် ရာသီကုန်၌...