video

ကမ္ဘာ့ဖလားထဲက ထူးခြားချက်များ

စံတော်ချိန်-အားကစားရပ်ဝန်း

စီရိုနယ်ဒိုဖြစ်စေ၊ မက်ဆီဖြစ်စေ တံတောင်ဖြင့် တိုက်လျှင် အနီကတ်သာ ဖြစ်ရမည်ဟု ကွီးယော့ဇ်ဆို

အီရန်နှင့် ပေါ်တူဂီအသင်းတို့ ဇွန် ၂၅ ရက်တွင် ကစားခဲ့ သည့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီဒီယိုလက် ထောက်ဒိုင်စနစ်နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဆုံးဖြတ် ချက်များရှိခဲ့ရာ ပေါ်တူဂီသားဖြစ်သော အီရန်နည်းပြ ကားလို့စ် ကွီးယော့ဇ်က ကွင်းလယ်ဒိုင်သည် စီရိုနယ်ဒို ဘောလုံးမရှိသည့်အချိန်၌ မိမိကစားသမား ပေါ်ရာလီဂန်ဂျီ မျက်နှာကို တံတောင်ဖြင့် တိုက်ခဲ့ခြင်းအတွက် အဝါကတ်သာပြခဲ့ခြင်းအပေါ် ဝေဖန်သွားခဲ့သည်။အဆိုပါပွဲစဉ်တွင် စီရိုနယ်ဒို ပင်နယ်တီတစ်လုံး ကန်ခွင့်ရခဲ့ခြင်းကို အီရန်ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ပေါ်တူဂီ ဦးဆောင်ဂိုးကို...

ဂရစ်ဇ်မန်းနှင့် ဘာစီလိုနာကြိုတင်သဘောတူခဲ့လျှင် အက်သလက်တီကို တရားစွဲဖွယ်

အက်သလက်တီကိုအသင်းသည် မိမိတို့တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက ကြိုတင်သဘောတူစာချုပ်ခဲ့လျှင် တရားစွဲသွားဖွယ်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။ အက်သလက်တီကိုအသင်းနှင့် ဂရစ်ဇ်မန်းကြားတွင် ချုပ်ဆိုထားသော စာချုပ်၌ စာချုပ်ဖျက်တန်ကြေးကို ဇူလိုင် ၁ ရက်မတိုင်မီအထိဆိုလျှင် ပေါင်သန်း ၁၈၀ သတ်မှတ်ထားသည်။ ထိုနေ့ကို ကျော်လွန်သွားပါက စာချုပ် ဖျက်တန်ကြေးသည် ပေါင် ၁၀၇ သန်းသာရှိမည်ဟု ချုပ်ဆိုထားရာ ဘာစီလိုနာအသင်းသည်...

ဟာဇက်ကို ရက်ပိုင်းအတွင်း ရီးရဲလ်ခေါ်ယူနိုင်ဖွယ်မက်ဒရစ်မြို့တွင် နေထိုင်ရန် အိမ်ရှာဖွေနေပြီဖြစ်

ရီးရဲလ်အသင်းကျောထောက်နောက်ခံသတင်းစာဖြစ်သော မာကာသတင်းစာကရီးရဲလ်အသင်းသည် လာမည့်ရက်ပိုင်းအတွင်း ချယ်လ်ဆီးအသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူရန် သဘောတူညီမှုရရှိတော့မည်ဖြစ်ကြောင်းရေးသားဖော်ပြခဲ့သည်။ မာကာသတင်းစာ၏ ဖော်ပြမှုအရ ဟာဇက်သည် ရီးရဲလ်နှင့်ခြောက်နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ဟာဇက်သည်လည်း မက်ဒရစ်မြို့တွင် နေထိုင်ရန်အတွက် အိမ်ရှာဖွေနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရီးရဲလ်နည်းပြ ဇီဒန်းသည် စီရိုနယ်ဒိုနေရာတွင် ဆက်ခံနိုင်ရန် အသင့်တော်ဆုံးသူမှာ ဟာဇက်ဖြစ်သည်ဟု လက်ခံထားပြီး ပြောင်းလဲပြင်ဆင်မှုများစွာ ပြုလုပ်ရန် စီမံထားသည့်အသင်းတွင် ဟာဇက်ကို ဦးစွာခေါ်ယူနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ဟာဇက်သည်ယခု ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်တွင်သာမက ယူရိုပါလိဂ်၌လည်း...

အိုဇေးကို ခေါ်ယူရရှိနိုင်ရန် အမ်ခီတာယန်ကို မန်ယူအသင်း ရောင်းချဖွယ်ရှိ

မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရောက်ချိန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးကိုခေါ်ယူနိုင်ရေးအတွက် အသင်းမှ အာမေးနီးယားကွင်းလယ်ကစားသမား အမ်ခီတာယန်ကို ထုတ်ရောင်းဖွယ်ရှိသည်။ အမ်ခီတာယန်သည် မန်ယူအသင်း ကစားသည့်နောက်ဆုံးကစားသည့်ရှစ်ပွဲတွင် ခုနစ်ပွဲ၌ အသင်းစာရင်းမှာပင် ထည့်သွင်းခံရခြင်းမရှိဘဲ မော်ရင်ဟိုကိုယ်တိုင်က ၎င်းထက် ပို၍ကစားခွင့်နှင့် ထိုက်တန်သော ကစားသမားများရှိနေသည်ဟု တရားဝင်ပြောကြားခဲ့ခြင်းကြောင့် အမ်ခီတာယန်မှာ မန်ယူတွင် ကစားခွင့်ရရန် မလွယ်ကူတော့ပေ။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးညတွင် တစ်ဂိုးတည်းဖြင့် အနိုင်ရသောပွဲစဉ်၌လည်း မော်ရင်ဟိုသည် အရန်ကစားသမားများစာရင်း၌...

စီရိုနယ်ဒို ကစားသမားဘ၀တွင် ဂိုး ၇၀၀ ပြည့်ရေး တစ်ဂိုးသာသွင်းရန် လိုတော့

အောက်တိုဘာ ၁၁ ရက်ညတွင် လူဇင်ဘတ်ကို သုံးဂိုးပြတ် အနိုင်ရသည့်ပွဲ၌ လက်ရှိ ဥရောပချန်ပီယံအသင်းဖြစ်သော ပေါ်တူဂီအတွက် ဒုတိယဂိုးသွင်းပေးနိုင်ခဲ့သည့် တိုက်စစ်မှူး စီရိုနယ်ဒိုသည် ကစားသမားဘ၀တွင် သွင်းဂိုးပေါင်း ၇၀၀ ပြည့်ရန် တစ်ဂိုးသာလိုတော့သည်။ ထိုပွဲတွင် ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ပထမပိုင်းတွင် ဘာနာဒိုဆေးလ်ဗားက သွင်းယူခဲ့ပြီး ပွဲချိန် ၆၅ မိနစ်၌ စီရိုနယ်ဒိုက ဒုတိယမြောက်ဂိုးကိုသွင်းယူကာ နာကျင်အချိန်ပိုတွင် ဂွန်ကာလိုဂူဒက်စ်က ပွဲသိမ်းဂိုးကို...

အန်ဒရေးဂိုမက်ဇ်ကို ပေါင် ၂၂ သန်းဖြင့် အဲဗာတန် အပြီးသတ်ခေါ်ယူတော့မည်

အဲဗာတန်အသင်းသည် ယမန်နှစ်က ရာသီတွင် ဘာစီလိုနာအသင်းထံမှ အငှားဖြင့်ခေါ်ယူကစားခဲ့သည့် ပေါ်တူဂီကွင်းလယ်ကစားသမား အန်ဒရေးဂိုမက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၂သန်းဖြင့် ယခုတစ်ပတ်အတွင်း အပြီးသတ်စာချုပ် ခေါ်ယူတော့မည်ဖြစ်ကြောင်းသိရသည်။ အန်ဒရေးဂိုမက်ဇ်သည် ဘာစီလိုနာအသင်းသို့ ၂၀၁၆ခုနှစ်တွင် ရောက်လာပြီးနောက် အသင်းအတွက် ၇၈ ပွဲကစားပေးခဲ့ပြီး လာလီဂါချန်ပီယံဆုဖလားနှင့် စပိန်ဘုရင့်ဖလားနှစ်လုံးရယူနိုင်ခဲ့သော်လည်း ဘာစီလိုနာတွင် ပုံမှန်ပွဲထွက်ခွင့်မရရှိနိုင်သောကြောင့် ယမန်နှစ်က ရာသီတွင် အဲဗာတန်သို့ တစ်ရာသီအငှားလာရောက်ကစားရာတွင်...

၂၀၁၈ စံနန်းထက်အိုးပင်းစစ်တုရင်ပြိုင်ပွဲ ချန်ပီယံဆုကို ကျော်လေးထိုက် ဆွတ်ခူး

ရန်ကုန်၊ ဇန်န၀ါရီ-၃၁ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၈ စံနန်းထက် အိုးပင်းစစ်တုရင်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇန်န၀ါရီ ၃၁ ရက်က ကျင်းပခဲ့ရာ ချန်ပီယံဆုကို ကျော်လေးထိုက်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ပြင်ဦးလွင်ကစားသမား ၆၀ ပါဝင်ပြီး ပြိုင်ပွဲကို ဇန်န၀ါရီ ၂၇ ရက်မှ ဇန်န၀ါရီ ၃၁ ရက်အထိ ကျင်းပခဲ့ကာ နောက်ဆုံးနေ့ပွဲစဉ်များအဖြစ် ဇန်န၀ါရီ ၃၁ ရက်တွင် ယှဉ်ပြိုင်ခဲ့ရာ ယင်းပွဲစဉ်များအပြီး မွန်းလွဲပိုင်းတွင် ဆုပေးပွဲ...