၂၀၁၈ ကမ္ဘာ့ ဖလားပွဲ ဗီဒီယိုနည်းပညာသုံးရန် အသင့်မဖြစ်နိုင်သေး

  လက်ရှိဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် ၂၀၁၈ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ဗီဒီယိုနည်းပညာအကူအညီစနစ် အသုံးပြုရန် စီစဉ်ထား သော်လည်း အဆိုပါစနစ်သည် လိုအပ်ချက်များ၊ အမှားအယွင်းများ ရှိနေသေးခြင်းကြောင့် သုံးစွဲရန် အသင့် မဖြစ်နိုင်သေးကြောင်းသိရသည်။ ဗီဒီယိုအထောက်အကူယူသည့်နည်းစနစ်ကို ပြင်သစ်၊ဂျာမနီ၊ နယ်သာလန်နှင့်အမေရိကန်နိုင်ငံတို့တွင် အသုံးပြုနေသလို အင်္ဂလန်တွင်လည်း ယခုရာသီ၌ အက်ဖ်အေဖလားပွဲတွင် အသုံးပြုနေသည်။ သို့သော် အဆိုပါနည်းပညာသည် အားနည်းချက်များ ရှိနေသေးခြင်းကြောင့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့က ၂၀၁၈ကမ္ဘာ့ဖလားတွင် သုံးရန်အသင့်မဖြစ်သေးဟု ခံယူထားကြောင်းသိရသည်။

ဒီယေဂိုကော်စတာ ချယ်လ်ဆီးနည်းပြကွန်တီ၏ညီဖြစ်သူနှင့်သာ နှုတ်ဆက်ခဲ့

  (၂၉-၉-၂၀၁၇ ၊ သောကြာနေ့) အက်သလက်တီကိုအသင်း အိမ်ကွင်းတွင် ချယ်လ်ဆီးအား ဧည့်ခံကစားခဲ့သောပွဲစဉ်ကို ယခုရက်ပိုင်းတွင် ချယ်လ်ဆီးမှ အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့သွားသော တိုက်စစ်မှူး ဒီယေဂိုကော်စတာ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး ပွဲအပြီးတွင် ကွန်တီနှင့်ဥမင်အတွင်း နှုတ်ဆက်ခဲ့ သော်လည်း ထိုကွန်တီမှာ ချယ်လ်ဆီးနည်းပြ ကွန်တီမဟုတ်ဘဲ ၎င်းင်း၏ညီဖြစ်သူလက်ထောက်နည်းပြ ဂီယန်လူကာကွန်တီသာ ဖြစ်ကြောင်း စပိန်မာကာသတင်းစာက စက်တင်ဘာ ၂၈ရက်တွင် ဖော်ပြသွားခဲ့သည်။ ကော်စတာသည် ပြီးခဲ့သည့် မေလက ချယ်လ်ဆီးနှင့် အက်ဖ်အေဖလား ဗိုလ်လုပွဲကစားပြီးကတည်းက နွေရာသီ အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ခြင်းနှင့်ထိုနွေရာသီ အားလပ်ရက်...

ပွဲတိုင်းအရေးပါဆုံးဂိုးများ လူကာကူ သွင်းပေးနိုင်ဟု မော်ရင်ဟို ချီးကျူး

  မန်ယူအသင်းသည် စီအက်စ်ကေအေမော်စကိုအသင်းကို စက်တင်ဘာ ၂၇ရက်၌ ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်တွင် အဝေးကွင်းမှာပင် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ရာ ထိုပွဲတွင် နှစ်ဂိုးသွင်းနိုင်ခဲ့သောလူကာကူကို မော်ရင်ဟိုက ဂိုးသွင်းနိုင်သည်သာမကပွဲတိုင်း အရေးပါဆုံး ဂိုးများကို သွင်းပေးနိုင်သူဟု ချီးကျူးသွားခဲ့သည်။ ထိုပွဲတွင် လူကာကူ နှစ်ဂိုးသွင်းပြီး မာရှယ်က ပင်နယ်တီမှ တစ်ဂိုး၊အမ်ခီတာယန်က တစ်ဂိုးသွင်းယူခဲ့ခြင်းဖြင့် မန်ယူ အသင်းသည် ချန်ပီယံလိဂ်အုပ်စုအဖွင့် နှစ်ပွဲစလုံး နိုင်ပွဲရခဲ့သည်။ မန်ယူအတွက် ကိုးပွဲကစားပေးရာတွင် ၁၀ဂိုးသွင်းပေးထားနိုင်ပြီ ဖြစ်သည့် လူကာကူနှင့်ပတ်သက်ပြီး မော်ရင်ဟိုက...

မန်စီးတီးနှင့်ပွဲမတိုင်မီ ပြင်ဆင်ချိန်တစ်ရက်သာရ၍ ချယ်လ်ဆီး နည်းပြစိတ်ပျက် အက်သလက်တီကိုကွင်းတွင် အနိုင်ရသော ပထမဆုံးအင်္ဂလန် အသင်းဖြစ်လာ

  (၂၉-၉-၂၀၁၇ ၊ သောကြာနေ့) ချယ်လ်ဆီးအသင်းသည် စက်တင်ဘာ ၂၇ ရက် ညတွင် အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံ လိဂ်အဝေးကွင်းပွဲစဉ်၌ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီးနောက် နည်းပြကွန်တီက နောက်သုံးရက်အကြာတွင် မန်စီးတီးနှင့်ပရီး မီးယားလိဂ်ပွဲစဉ် ထပ်မံကစားရဦးမည်ဖြစ်ရာ ပြင်ဆင်ချိန်တစ် ရက်သာရရှိခြင်းကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်ရေးဆွဲမှုကို ဝေဖန် သွားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် အက်သလက်တီကိုနှင့်ပွဲတွင် ဒေးဗစ်လုဇ် မလိုအပ်ဘဲ မဆင်မခြင်ပြစ်ဒဏ်ကျူးလွန်မှုမှ ပင်နယ်တီဂိုး စပေးခဲ့ရပြီး ထိုဂိုးကို ဂရစ်ဇ်မန်းက သွင်းယူခဲ့သည်။ ချယ်လ်ဆီးအတွက် ချေပဂိုးကို ဟာဇက်၏ ဖြတ်တင်ပေးမှုမှ တိုက်စစ်မှူး မိုရာတာက ခေါင်းတိုက်သွင်းယူခဲ့ပြီး အဆိုပါ ဂိုးသည် မိုရာတာ...

ရီးရဲလ်အတွက် ပွဲ၄၀၀ပြည့်တွင် စီရိုနယ်ဒို ဂိုး ၄၁၀မြောက်ဂိုး သွင်းယူစာချုပ်ကုန်သည့် ၂၀၂၁နောက်ပိုင်းအထိအသင်းတွင် ဆက်ရှိနိုင်ဟုဆို

ရီးရဲလ်အသင်းသည် စက်တင်ဘာ၂၆ရက် ညတွင် ကစားခဲ့သော ဒေါ့မွန်နှင့်ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်၌ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ထိုပွဲတွင် ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းနိုင်ခဲ့သော စီရိုနယ်ဒိုသည် ရီးရဲလ်အသင်းအတွက် ပွဲ ၄၀၀ မြောက်ကစားခဲ့ပြီး ဂိုးပေါင်း ၄၁၀ သွင်းယူနိုင်သူဖြစ်လာခဲ့သည်။ စီရိုနယ်ဒိုသည် ယခုရာသီ စပိန် လာလီဂါပွဲများ၌ရာသီအစ လေးပွဲ ပွဲပယ်ခံရခြင်းကြောင့် တစ်ဂိုးမျှသွင်းယူနိုင်ခြင်း မရှိသေး သော်လည်း ချန်ပီယံလိဂ်အုပ်စုအဖွင့်နှစ်ပွဲတွင် ငါးဂိုးအထိသွင်း ထားနိုင်ပြီဖြစ်သည်။ ထိုပွဲတွင် ရီးရဲလ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၈ မိနစ်...

မက္ကဆီကိုငလျင်ကြောင့်သေဆုံးခဲ့ရသည့် ပရိသတ်ကလေးငယ်အတွက် စီရိုနယ်ဒိုဖေးမ

ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်က လှုပ်ခတ်ခဲ့သော မက္ကဆီကို ငလျင်ကြောင့် စာသင်ကျောင်းပြိုကျပြီး သေဆုံးခဲ့ရသော မိမိပရိသတ်ကလေးငယ်အတွက် ၀မ်းနည်းဖေးမကြောင်း တုံ့ပြန်သွားခဲ့သည်။ပြင်းအား၇ ဒသမ ၁ ရှိ ငလျင်ကြောင့် မက္ကဆီကိုနိုင်ငံတွင် အနည်းဆုံး ၂၇၃ ဦးသေဆုံးခဲ့ရရာ ထိုအထဲတွင် စီရိုနယ်ဒိုအမာခံ ပရိတ်သတ်ကလေးငယ် ဆန်တီယေဂိုဖလိုရက်စ်လည်း ပါသွားသဖြင့် အဆိုပါ ကလေး၏ဆွေမျိုးများက စီရိုနယ်ဒိုထံ ထိုအကြောင်း အသိပေးခဲ့ပြီးနောက် စီရိုနယ်ဒိုက မိမိဂျာစီတွင် ကိုယ်တိုင်...

ဝက်စ်ဘရွန်းဘက်သို့ နှစ်ဂိုးသွင်းနိုင်ပြီး လာကာဇက်တီ တားမြစ်ဆေးစစ်ခံရ

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီသည် ၀က်စ်ဘရွန်းကို နှစ်ဂိုးပြတ်နိုင်သောပွဲစဉ်၌နှစ်ဂိုးစလုံး သွင်းယူနိုင်ခဲ့ပြီး ထိုပွဲ ပြီးသည်နှင့်တားမြစ်ဆေးရှောင်တခင်စစ်ဆေးမှုကို ခံယူခဲ့ ရကြောင်း အရွဲ့တိုက်သည့် စကားလုံးများဖြင့် တွစ်တာတွင် ရေးသားအသိပေးသွားခဲ့သည်။ လာကာဇက်တီက 'နှစ်ဂိုးသွင်းတယ်။ ဒါကြောင့်ပဲ တားမြစ်ဆေး စစ်ဆေး ခံရတယ်'ဟု ရေးတင်ခဲ့ရာ မိမိနှစ်ဂိုးသွင်းနိုင်သဖြင့် တားမြစ်ဆေး စစ်ခံရသည့်သဘောမျိုးဖြစ်နေခဲ့သည်။ အာဆင်နယ် နည်းပြ၀င်းဂါးကမူ လာကာဇက်တီ၏ခြေစွမ်းမှာ တစ်ပွဲထက် တစ်ပွဲပိုကောင်းလာကြောင်း ချီးကျူးသွားခဲ့သည်။ 'လာကာဇက်တီဟာ တစ်ပွဲထက်တစ်ပွဲပိုပြီး သန်မာကောင်းမွန် လာတယ်။ သူကငယ်သေးတယ်။ အင်္ဂလန်ကိုလည်း အခုမှ...

စပွန်ဆာပြည်ပလေကြောင်းလိုင်းတစ်ခုနှင့် မြန်မာဘောလုံးအဖွဲ့ချုပ် သဘောတူညီမှုရရှိ

ရန်ကုန်၊ စက်တင်ဘာ-၂၅ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် Official Airline စပွန်ဆာအဖြစ် ပြည်ပလေကြောင်းလိုင်း တစ်ခုနှင့် သဘော တူညီမှုရရှိထားပြီး အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောဆိုသည်။ 'ကျွန်တော်တို့ လက်ရှိမှာတော့ Official Airline စပွန်ဆာအနေနဲ့ ပြည်ပလေကြောင်းလိုင်းတစ်ခုကနေ စပွန်ဆာရဖို့ ၉၀ရာခိုင်နှုန်းလောက် သေချာနေပြီ။ ဘယ် Airline ဆိုတာတော့ မပြောနိုင်သေးဘူး။ Airlineစပွန်ဆာဆိုပေမယ့် ငွေကြေးကိုရဖို့ ဆွေးနွေးထားတယ်။ စပွန်ဆာအမောင့်ကတော့ ဘယ်လောက် ဖြစ်နိုင်မလဲဆိုရင်...

GFA လာရောက်ယှဉ်ပြိုင်ခြင်းမရှိ၊ ရတနာပုံအသင်းကို အနိုင်ပေး

ရန်ကုန်၊ စက်တင်ဘာ-၂၅ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် (၁၉)အဖြစ် အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားရမည့် GFA နှင့် ရတနာပုံ အသင်းတို့ပွဲစဉ်အား GFA အသင်းမှာ လာရောက်ယှဉ်ပြိုင်ခြင်းမရှိ သောကြောင့် ရတနာပုံအသင်းကို သုံးဂိုး၊ သုံးမှတ်ဖြင့် အနိုင်ပေး ခဲ့ကြောင်း သိရသည်။   စက်တင်ဘာ ၂၅ ရက် အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားရမည့် GFA နှင့် ရတနာပုံအသင်းတို့ပွဲစဉ်ကို GFAအသင်းမှာ သတ်မှတ် ထားသည့် အချိန်အတွင်း ရောက်ရှိလာခြင်းမရှိသောကြောင့် ပြိုင်ဘက်ရတနာပုံအသင်းကို...

ကူတင်ဟိုကို ဇန်န၀ါရီဈေးကွက်တွင် ဘာစီလိုနာထံ လီဗာပူးရောင်းချနိုင်

လီဗာပူးအသင်းသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ ဈေးကွက်၌ အသင်းကွင်းလယ် ကစားကွက်ဖန်တီးရှင် ကူတင်ဟိုကို ဘာစီလိုနာအသင်းထံ ရောင်းချတော့မည်ဟု စပိန်သတင်းစာများက ဖော်ပြနေကြသည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်၌ ကူတင်ဟိုကို သုံးကြိမ်တိုင် ကမ်းလှမ်းခဲ့ပြီးနောက် နောက်ဆုံးတစ်ကြိမ်တွင် ပေါင်သန်း ၁၀၀ကျော်အထိ ပေးခဲ့သော်လည်း လီဗာပူးအသင်းက ငြင်းဆိုခဲ့သဖြင့် လက်လျှော့ခဲ့ရသည်။ သို့သော် ကူတင်ဟိုကိုယ်တိုင်က ဘာစီလိုနာသို့ ပြောင်းရွှေ့ ကစားခွင့်ရရန် ဆန္ဒပြင်းပြနေပြီး လီဗာပူးအသင်းကိုလည်း အသင်းပြောင်းရွှေ့ခွင့်တောင်းဆိုခဲ့သည်။ ဘာစီလိုနာအသင်း သည်လည်း နေမာ...