မြန်မာနေရှင်နယ်လိဂ် နှစ်နှစ်ဆက် ဂိုးသွင်းဘုရင် ခရစ္စတိုဖာအား ရှမ်းယူနိုက်တက် စာချုပ်သက်တမ်းတိုး

ရန်ကုန်၊ ဒီဇင်ဘာ-၂၀ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် နှစ်နှစ်ဆက်ဂိုးသွင်း ဘုရင် တိုက်စစ်မှူးခရစ္စတိုဖာအား လာမည့် ၂၀၁၈ ဘောလုံးရာသီအတွက် တစ်နှစ်စာချုပ်သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ တိုက်စစ်မှူးခရစ္စတိုဖာက 'မနှစ်ကတည်းက ကစားရတာ အဆင်ပြေပါတယ်။ ဒါကြောင့် သက်တမ်းတိုးဖို့ ကမ်းလှမ်း တာကို သဘောတူခဲ့တာပါ။ အသင်းနဲ့အတူ အောင်မြင်မှုတွေရဖို့ ကြိုးစားသွားမှာပါ'ဟု ပြောဆိုသည်။ (၂၆) နှစ်အရွယ်တိုက်စစ်မှူးသည် ၂၀၁၇ ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်းသို့ ရောက်ရှိလာခဲ့ပြီး အရေး ပါသော ကစားသမားအဖြစ်...

ဗီယက်နမ်ဖိတ်ခေါ်ဖလား တတိယနေရာလုပွဲ ထိုင်းယူ-၂၁ နှင့် မြန်မာယူ-၂၁ ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဒီဇင်ဘာ-၂၀ ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ဗီယက်နမ်သတင်း စာဖိတ်ခေါ်ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များအပြီးတွင် မြန်မာယူ- ၂၁အသင်း မှာ တတိယနေရာလုပွဲစဉ်အဖြစ် အုပ်စု ပွဲစဉ်တွင် အနိုင်ရရှိထားသည့် ထိုင်းယူ- ၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဗီယက်နမ်ဖိတ်ခေါ်ဖလားအုပ်စု နောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ ၂၀ ရက် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းယူ-၂၁ အသင်းနှင့် ဗီယက်နမ်ယူ-၁၉ အသင်းမှာ သုံးဂိုးစီသရေကျခဲ့သောကြောင့် ရမှတ်လေးမှတ်ဖြင့် မြန်မာယူ-၂၁ အသင်းနှင့် ရမှတ်တူရပ်တည်ခဲ့သောကြောင့်...

ပေါင်သန်း ၂၀တန် စံအိမ်သစ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ ရွန်းနေတို့မိသားစု

ကောလင်းရွန်းနေဟာ ခင်ပွန်းဖြစ်သူ အရက်သောက်ပြီး ကားမောင်းရာက ဖြစ်ပေါ်ခဲ့တဲ့ အရှက်ရဖွယ်ကိစ္စတွေအတွက် ခက်ခဲတဲ့အချိန်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပေမယ့် လာမယ့်နှစ်သစ်မှာတော့ သူမအဖို့ ကြီးမားတဲ့ဆုလာဘ်တစ်ခုက စောင့်မျှော်နေပါပြီ။ ခင်ပွန်းဖြစ်သူ ရွန်းနေ၊ ရင်သွေးလေးတွေနဲ့အတူ ပေါင် သန်း၂၀တန် စံအိမ်သစ်ကြီးကို ပြောင်းရွှေ့တော့မယ်လို့ ကိုယ်ဝန်သည် ကောလင်းရွန်းနေက ဆိုပါတယ်။ နှင်းတွေ ထူထူထဲထဲကျဆင်းနေတဲ့ ဧက ၄၀ ကျယ်ဝန်းတဲ့မြေပေါ်မှာ အဆောက်အအုံမြေညီထပ်ကို စတင်ဆောက်လုပ် နေပါပြီ။ သူတို့ရဲ့ အိပ်မက်ဆန်တဲ့စံအိမ်ကြီးမှာ အိပ်ခန်းခြောက်ခန်းပါဝင်မှာဖြစ်ပြီး ငါးကန်နှစ်ကန်နဲ့ မြင်း ၁၅ကောင်စာ...

လန်ဇီနီကို ပြန်လည်စစ်ကြောပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးမှုဖြင့် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ၍ မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က မိမိအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား လန်ဇီနီကို စတုတ်နှင့် ပွဲစဉ်တွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟုဆိုကာ ပြန်လည်စစ်ကြောပြီး အရေးယူခဲ့သော အက်ဖ်အေ၏ ဆုံးဖြတ် ချက်ကြောင့် မကျေမနပ်ပေါက်ကွဲစကားဆိုခဲ့သည်။ လန်ဇီနီသည် ဒီဇင်ဘာ ၁၆ ရက်က စတုတ် ကိုသုံးဂိုးပြတ်အနိုင်ရသည့်ပွဲစဉ်တွင် စတုတ်ခံစစ်မှူးအဲရစ်ပီတာစ်က ဂိုးဧရိယာအတွင်း နောက်မှလျှောထိုးဖျက်ထုတ်ရာမှ လဲကျပြီး ကွင်းလယ်ဒိုင် ဂရေဟမ်စကော့က ပင်နယ်တီပေးခဲ့သည်။ အဆိုပါ ပင်နယ်တီကို အက်ဖ်အေမှ သုံးဦးပြန်လည်ကြားနာစစ်ဆေးပြီးနောက် သုံးဦးစလုံးက ဟန်ဆောင်ဒိုင်ဗင်ထိုး သည်ဟု ကောက်ချက်ချပြီး...

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီပီချီချီဆုနှင့် ဒီစတီဖာနိုဆုနှစ်ဆု ဆွတ်ခူး

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် ဒီဇင်ဘာ ၁၈ရက်တွင် စပိန်မာကာသတင်းစာမှ ကြီးမှူးပြီး ပေးအပ်သည့် ပီချီချီဆုနှင့် ဒီစတီဖာနိုဆုနှစ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ပီချီချီဆုဆိုသည်မှာ ယခင် ဘီလ်ဘာအိုတိုက်စစ်မှူး ရာဖယ်ပီချီချီမိုရီနိုအာရန် ဇာဒီကိုရည်စူးပြီး လာလီဂါရာသီတိုင်း ဂိုးအများဆုံးသွင်းနိုင်သူအား ပေးအပ်ချီးမြှင့်ခြင်းဖြစ်ရာ မက်ဆီသည် မနှစ်က ရာသီတွင် လာလီဂါဂိုးသွင်းဘုရင်အဖြစ် အမှတ်ပေးပွဲ ၃၄ ပွဲကစားရာ၌ ၃၇ ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် အဆိုပါဆုကို ဆွတ်ခူးသွားနိုင်ခြင်းဖြစ်သည်။ မက်ဆီသည် မနှစ်ကရာသီတွင် ဒုတိယဂိုးအများဆုံးသွင်းနိုင်ခဲ့သူ အသင်းဖော်ဆွာရက်ဇ်ထက်လည်း နှစ်ဂိုးပိုသွင်းနိုင်ခဲ့ သဖြင့် လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုဖြစ်သော...

လူကာကူနှင့် မိမိဂိုးသွင်းပြီးအောင်ပွဲမခံခြင်းမှာ တည်ငြိမ်မှုကြောင့်ဟု မော်ရင်ဟိုဆို တချို့သောနည်းပြများ မရင့်ကျက်ဘဲ အောင်ပွဲခံနေဟု ဂွါဒီယိုလာကိုရည်ရွယ်ပြောဆို

  မန်ယူအသင်းသည် ဒီဇင်ဘာ ၁၇ ရက် တနင်္ဂနွေညက ၀က်စ်ဘရွန်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ရာ ထိုပွဲတွင် မန်ယူအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၇ မိနစ်၌ တိုက်စစ်မှူးလူကာကူက ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက် အောင်ပွဲခံခြင်း မရှိခဲ့သလို အရန်ခုံတန်းမှ မန်ယူနည်းပြ မော်ရင်ဟိုသည်လည်း အောင်ပွဲမခံဘဲ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ ထိုအခြေအနေနှင့်င့်ပတ်သက်ပြီး မီဒီယာများကမေးမြန်းရာ မော်ရင်ဟိုက မိမိအနေဖြင့် အတွေ့အကြုံအရ တည်ငြိမ်ရင့်ကျက်လာပြီဖြစ်၍ ဂိုး သွင်းတိုင်းအောင်ပွဲခံရန်မလိုဘဲ တချို့သောနည်းပြများမှာ ပြောင်းလဲနိုင်ခြင်း...

မန်စီးတီးကို ရှုံးခြင်းမှာ ကောင်းမွန်သောအတွေ့အကြုံဟု ပိုချက်တီနိုဖွင့်ဟ

စပါးနည်းပြပိုချက်တီနိုက ဒီဇင် ဘာ ၁၆ ရက်ည မန်စီးတီးနှင့်ပွဲစဉ်တွင် လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့ရခြင်းမှာ မိမိအသင်းအတွက် ကောင်းမွန်သော အတွေ့အကြုံဖြစ်ကြောင်းနှင့် အင်္ဂလန်တွင် လက်ရှိအကောင်းဆုံးအသင်းကို ရှုံးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။ မန်စီးတီးသည် ထိုပွဲတွင် အဓိကကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဖြင့် ပါဝင်လာခြင်း မရှိသော်လည်း ဂန်ဒိုဂန်၊ ဒီဘရိုင်းတို့က တစ်ဂိုးစီ၊ ပွဲချိန်နှောင်းပိုင်းတွင် စတာလင်းက နှစ်ဂိုးသွင်းပြီး အနိုင်ရခဲ့ကာ စပါးအတွက် နှစ်သိမ့်ဂိုးကို ခရစ္စတီယန်အဲရစ်ဆန်က သွင်းယူ...