ချယ်လ်ဆီး၏ ပေါင်တစ်ဘီလီယံတန် ကွင်းသစ်စီမံကိန်း ကွင်းဘေးနေအိမ်ကြောင့် အခက်ကြုံ

ချယ်လ်ဆီးအသင်းသည် စတမ့်ဖို့ဘရစ်အိမ်ကွင်းကို ပရိသတ်ပိုမိုဆံ့ပြီး အဆင့်မြင့်သည့်ကွင်းအသစ်အဖြစ် ပြန်လည် တည်ဆောက်ရန် ပေါင် တစ်ဘီလီယံသုံးစွဲမည်ဖြစ်သော်လည်း ယခုပရိသတ်ခြောက်သောင်းဆံ့မည့် အဆိုပါကွင်းသစ် စီမံကိန်းသည် ကွင်းဘေးတစ်ထပ်နေအိမ်တစ်လုံးကြောင့် အခက်ကြုံရသည်ဖြစ်သည်။ စတမ့်ဖို့ဘရစ်ကွင်း၏ အရှေ့ဘက် ပွဲကြည့်စင် အနောက်တွင် ကွင်းနှင့်ရထားလမ်းကြား လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ကတည်းက ခရော့စ်ဝိုက်မိသားစုက အဆိုပါ တစ်ထပ်အိမ်၌ နေထိုင်ခဲ့ကြသည်။ ချယ်လ်ဆီးသည် ကွင်းသစ်ဆောက်လုပ်ရန် ခွင့်ပြုမိန့်ရခဲ့ပြီးဖြစ်ရာ ကွင်းဘေးနားရှိ နေအိမ်များကို လျော်ကြေးပေးဖယ်ရှားနိုင်သော်လည်း ခရော့စ်ဝိုက်မိသားစုက နေအိမ်ပြောင်းပေးရန် ငြင်းဆန်သည့်အပြင် ကွင်းအသစ်တည်ဆောက်ပါက...

ဟက်ဒါစဖီးလ်အသင်း အဲလက်စ်ပရစ်ချက်ကို ပေါင် ၁၄သန်းဖြင့် ခေါ်ယူ

ပရီးမီးယားတန်းတက်ကလပ် ဟက်ဒါစဖီးလ်အသင်းသည် ဇန်န၀ါရီ ၁၂ ရက်တွင် အင်္ဂလန်ချန်ပီယံရှစ်ကလပ် နော်ဝစ်ခ်ျ အသင်းမှ အသက်(၂၄)နှစ်အရွယ် တောင်ပံကစားသမားအဲလက်စ်ပရစ်ချက်ကို ပေါင် ၁၄သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင် ခဲ့သည်။ ပရစ်ချက်သည် ၂၀၁၆ခုနှစ်က စပါးမှ နော်ဝစ်ခ်ျသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ဟက်ဒါစဖီးလ်အသင်းက ကနဦး ပေါင် ၁၀ သန်းပေးကာ နောက်ထပ်ပေါင်နှစ်သန်းကို အပိုဆုအနေဖြင့် နောက်ပိုင်းတွင် ပေးချေသွားရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်သား ပရစ်ချက်က 'ဒီနေ့မှာ ဟက်ဒါစဖီးလ်အသင်းနဲ့...

ကွန်တီကို ခွန်းတုံ့ပြန်မနေတော့ဘဲ လျစ်လျူရှုလိုက်ပြီဟု မော်ရင်ဟိုဆို လူတစ်ဦးကို စော်ကားပြီးလျှင် တုံ့ပြန်ခံရမည်ကို သိထားသင့်ဟု ပြော

မန်ယူနည်းပြမော်ရင်ဟိုနှင့် ချယ်လ်ဆီးနည်းပြကွန်တီတို့သည် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း တစ်ဦးနှင့်တစ်ဦး နစ်နစ်နာနာစကားလုံးစစ်ပွဲများဆင်နွှဲခဲ့ရာ ကမ္ဘာကျော်နည်းပြများအနေဖြင့် ထိုသို့ ရန်စောင်မနေသင့်ဘဲ အင်္ဂလန်လိဂ် မန်နေဂျာများအစည်းအရုံးကပင် ကြားဝင်ဖြေရှင်းရမည့် အနေအထားရောက်ခဲ့သည်။ မော်ရင်ဟိုက ကွန်တီကို လုပ်ပွဲကြောင့် ပွဲပယ်ခံရသူဖြစ်ကြောင်းနှင့် မိမိဘ၀တွင် ထိုအဖြစ်မျိုးမရှိနိုင်ဟု ဝေဖန်ခဲ့ကာ ကွန်တီကလည်း မော်ရင်ဟိုသည် သေးနုပ်သော လူသားတစ်ဦး၊ ဟန်လုပ်သော လူသားတစ်ဦးဟု တုံ့ပြန်ခဲ့သည်။ ကွန်တီက လုပ်ပွဲကစားမှုများ မိမိပြစ်မှုကင်းရှင်းခဲ့ကြောင်းကို တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ မော်ရင်ဟို၏ စော်ကားပြောဆိုမှုကို မမေ့နိုင်ဟုဆိုခဲ့သည်။ ပြီးခဲ့သည့်...

ချယ်လ်ဆီး Vs လက်စတာ

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုရလဒ် ၀၉-၀၉-၁၇ လက်စတာ ၁-၂ ချယ်လ်ဆီး (ပရီးမီးယားလိဂ်ပွဲ) ၁၅-၀၁-၁၇ လက်စတာ ၀-၃ ချယ်လ်ဆီး (ပရီးမီးယားလိဂ်ပွဲ) ၁၅-၁၀-၁၆ ချယ်လ်ဆီး ၃-၀ လက်စတာ (ပရီးမီးယားလိဂ်ပွဲ) ချယ်လ်ဆီး နောက်ဆုံးသုံးပွဲရလဒ် လက်စတာ အာဆင်နယ် ၀-၀ ချယ်လ်ဆီး နော်ဝစ်ခ်ျ ၀-၀ ချယ်လ်ဆီး အာဆင်နယ် ၂-၂ ချယ်လ်ဆီး ဖလိဝုဒ် ၀-၀ လက်စတာ လက်စတာ ၃-၀ ဟက်ဒါစဖီးလ် လီဗာပူး ၂-၁ လက်စတာ ချယ်လ်ဆီးဟာ လိဂ်ဖလား ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် ဇန်နဝါရီ ၁၀ ရက်ညမှာ ကစားခဲ့တော့...

ထိုင်းကလပ်အသင်းနှင့် ညှိနှိုင်းမှု အဆင်မပြေပါက ရန်ကုန်နောက်ခံလူ ဇော်မင်းထွန်း အသင်းလက်မဲ့ဖြစ်ဖွယ်

ရန်ကုန်၊ ဇန်နဝါရီ-၁၂ ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းသည် ထိုင်းလိဂ်(၁)ကလပ် ဆူဖန်ဘူရီအသင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားမှုပြုလုပ်နေရာတွင် ကြန့်ကြာမှုများရှိနေပြီး အဆင်မပြေပါက ၂၀၁၈ ပထမရာသီဝက်တွင် အသင်းလက်မဲ့ဖြစ်ဖွယ်ရှိနေသည်။ ဇော်မင်းထွန်းသည် မြန်မာနိုင်ငံတွင် လာရောက်ပြီး ပြည်တွင်း၊ ပြည်ပ ကစားသမားများအား အေးဂျင့်ပြုလုပ်နေသူ ဒရာဂန်ဆိုသူနှင့် ချိတ်ဆက်ပြီး ထိုင်းလိဂ်(၁) ကလပ် ဆူဖန်ဘူရီ အသင်းကို စံချိန်တင်လစာဖြင့် ပြောင်းရွှေ့ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ကြောင့် အသင်းပြောင်းရန် ကြိုးစားနေသော နောက်ခံလူဇော်မင်းထွန်းကို ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ၂၀၁၈...

ဧရာဝတီယူနိုက်တက်အသင်းအား ဧရာမြန်မာအာမခံမှ ကျပ်သိန်း ၁၀၀၀ စပွန်ဆာပေး

ရန်ကုန်၊ ဇန်နဝါရီ-၁၂ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ Main Sponsor, Kit Sponsor ESihf Hydration Sponsor ပေးအပ်ခြင်း စပွန်ဆာစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဧရာဝတီယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကျော်၊ AYA Myanmar Insurance...