ဒက်ကလန်ရိုက်စ်ကို ပေါင်သန်း ၁၀၀ ရရှိမှသာ လက်လွှတ်ပေးနိုင်မည်ဟု ချယ်လ်ဆီးကို ဝက်စ်ဟမ်း အသိပေး

ဝက်ဟမ်းအသင်းဟာ သူတို့ရဲ့ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအနေနဲ့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ အသုံးပြုဖို့ လိုအပ်လိမ့်မယ်လို့ သတိပေးစကားပြောကြားလိုက်ကြောင်း သိရှိရပါတယ်။ လက်ရှိ နွေဈေးကွက်အတွင်းမှာ အင်္ဂလိပ်ကစားသမားတွေရဲ့တန်ကြေးက အရမ်းကို မြင့်မားလွန်းနေပြီး မန်ချက်စတာစီးတီးအသင်းကတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အက်စတွန်ဗီလာကွင်းလယ်လူ ဂရီအယ်လ်လစ်ရှ်တို့ကို ပြောင်းရွှေ့ကြေးပမာဏ များပြားလွန်းတဲ့အတွက် လက်လျှော့သွားခဲ့ပြီပဲဖြစ်ပါတယ်။

၁၂ ရက်အတွင်း ဗာရာနေးအပြောင်းအရွှေ့ကို အပြီးအပြတ် ဆောင်ရွက်နိုင်ရန် မန်ချက်စတာယူနိုက်တက် ရည်မှန်းထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနေးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်တွေကို လာမယ့် ၁၂ ရက်အတွင်း အပြီးအပြတ် ဆောင်ရွက်နိုင်ဖို့ ရည်မှန်းချက်ထားရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဗာရာနေးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး ရီးရဲလ်မက်ဒရစ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုတွေရှိနေပေမယ့် ဗာရာနေးကတော့ အသင်းပြောင်းဖို့ကိုသာ စိတ်အားထက်သန်နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါးလော့တ်ကို ခေါ်ယူရန် အန်စလော့တီ စောင့်ကြည့်

ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့တ်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်အကဲခတ်နေပြီး ဗာရာနေးအပြောင်းအရွှေ့အတွက် ဆွေးနွေးရာမှာ ဒါလော့တ်ကို အလိုက်အဖြစ် ရီးရဲလ်မက်ဒရစ်ဘက်က တောင်းဆိုလာနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဒါလော့တ်ကို အေစီမီလန်ဆီ အငှားချထားခဲ့ပြီး အဲ့ဒီလို အငှားမချခင်မှာ သူတာဝန်ယူထားတဲ့ အဲဗာတန်ဆီ ဒါလော့တ်ကို ခေါ်ယူဖို့အတွက် အန်စလော့တီက ကြိုးပမ်းခဲ့ဖူးပါတယ်။

တီမိုဝါနာကို ရောင်းချနိုင်ရန် ချယ်လ်ဆီး အသည်းအသန် ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး တီမိုဝါနာကို ရောင်းချဖို့အတွက် အသည်းအသန်ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိတော့ တီမိုဝါနာကို ဝယ်ယူလိုတဲ့ ဝယ်လက်အသင်း ထွက်ပေါ်မလာသေးကြောင်း သိရှိရပါတယ်။ တီမိုဝါနာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လတုန်းက လိုက်ပ်ဇစ်ဂ်ျကနေပြီး ချယ်လ်ဆီးဆီကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့...

အက်စတွန်ဗီလာက ဂရီအယ်လ်လစ်ရှ်ကို စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းလာသည့်အတွက် မန်ချက်စတာစီးတီး အခက်ကြုံဖွယ်ရှိ

အက်စတွန်ဗီလာအသင်းဟာ အသင်းခေါင်းဆောင် ဂရီအယ်လ်လစ်ရှ်ကို စာချုပ်သစ်ချုပ်ဖို့ ကြိုးပမ်းလာတဲ့အတွက် ဂရီအယ်လ်လစ်ရှ်ကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာစီးတီးဟာ အခက်အခဲတွေ ကြုံလာရဖို့ သေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဂရီအယ်လ်လစ်ရှ်ကို ဝယ်ယူဖို့ ယူရို ၂၀၂၀ ပြိုင်ပွဲကာလကတည်း ကြိုးပမ်းနေခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာဘက်ကတော့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ ဝန်းကျင်ရရှိမှပဲ လက်လွှတ်ပေးမယ့်သဘောရှိနေပါတယ်။

စီရော်နယ်ဒို၏နေရာကို ဟာလန်းဖြင့် အစားဖြည့်ရန် ဂျူဗင်တပ် စိတ်ကူးရှိ

ဂျူဗင်တပ်အသင်းဟာ အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့နေရာအတွက် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ပေမယ့် ရှေ့လာမယ့်ဘောလုံးရာသီပြီးဆုံးချိန်ကိုရောက်ရင် ဂျူဗင်တပ်နဲ့လမ်းခွဲပြီး အသင်းပြောင်းဖို့ နီးစပ်မှုရှိနေပါတယ်။ လက်ရှိအချိန်မှာ ဟာလန်းကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးက အသည်းအသန် ကြိုးပမ်းနေပြီး ဒေါ့မွန်အသင်းတာဝန်ရှိသူတွေကတော့ လက်ရှိနွေဈေးကွက်အတွင်း ဟာလန်းကိုရောင်းထုတ်ပေးဖို့...

တစ်နှစ်လုပ်ခ ပေါင် ၂၆ သန်းပေး၍ အမ်ဘတ်ပေကို စာချုပ်သစ်ချုပ်ရန် ပီအက်စ်ဂျီ ကမ်းလှမ်း

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး အမ်ဘတ်ပေကို စာချုပ်သစ်ချုပ်ဆိုဖို့ တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး လက်ရှိကမ်းလှမ်းမှုအတိုင်း စာချုပ်သစ်ကို လက်ခံလိုက်မယ်ဆိုရင် အမ်ဘတ်ပေရဲ့တစ်နှစ်လုပ်ခက ပေါင် ၂၆ သန်းဆီကို မြင့်တက်ရောက်ရှိသွားတော့မှာပဲဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အမ်ဘတ်ပေကို နေမာရဲ့လုပ်ခလုပ်စာအတိုင်း တန်းတူပေးချေလိုက်တာဖြစ်ပြီး ကစားသမားဘက်ကတော့ သူ့အနာဂတ်အတွက် စဉ်းစားမှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။ အမ်ဘတ်ပေဟာ ရီးရဲလ်မက်ဒရစ်ဆီကို...

ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စား

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်တစားရှိနေပြီး ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်ကလည်း ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ရရှိနိုင်မယ်ဆိုရင် အေဗရာဟမ်ကို ရောင်းထုတ်လိုက်ဖို့ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ အေဗရာဟမ်ဟာ နည်းပြလမ်းပတ်လက်အောက်မှာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာပေးခြင်း ခံခဲ့ရပေမယ့် နည်းပြတူချယ်လ် ရောက်လာချိန်ကစလို့ ပွဲထွက်ကစားခွင့်တွေဆုံးရှုံးပြီး အရန်လူအဖြစ်နဲ့သာ အချိန်ကုန်ဆုံးခဲ့ရပါတယ်။

ဗာရာနေးနှင့် ထရစ်ပီယာတို့ကို ခေါ်ယူနိုင်ရန် မန်ချက်စတာယူနိုက်တက် နီးစပ်သွားခဲ့ပြီဖြစ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းခံစစ်ကို အင်အားဖြည့်ဖို့အတွက် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနေးနဲ့ အက်သလက်တီကိုနောက်ခံလူ ထရစ်ပီယာတို့ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားဆီကို ရောက်သွားခဲ့ပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အသင်းနဲ့စာချုပ်သစ် လက်မှတ်မရေးထိုးတော့တဲ့ ဗာရာနေးကို ရောင်းထုတ်လိုက်ဖို့ စီစဉ်ထားပြီဖြစ်ပြီး ဗာရာနေးအတွက် မန်ချက်စတာယူနိုက်တက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။

လက်ရှိလုပ်ခလစာထက် ထက်ဝက်လျှော့ယူပြီး ဘာစီလိုနာတွင် ဆက်ကစားရန် မက်ဆီ သဘောတူညီ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ လက်ရှိလုပ်ခလစာထက် ထက်ဝက်လျှော့ယူပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့အကြားမှာ ရှိခဲ့တဲ့ စာချုပ်ဟောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး လက်ရှိမှာတော့ မက်ဆီက လုပ်ခလစာ လျှော့ယူကာ ၂၀၂၆ ခုနှစ်အထိ အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့...