ယူနိုက်တက်အသင်းမှာ စိတ်ပိုင်းဆိုင်ရာပြဿနာမရှိကြောင်း နည်းပြဆိုးလ်ရှားပြောကြား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ပြီး ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းသားတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိမနေကြောင်း နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက နည်းပြဆိုးလ်ရှားတာဝန်ယူခဲ့ပြီးနောက် လိဂ်ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်း မရှိဘဲ ဆီမီးဖိုင်နယ်မှာတင် ထွက်ခွာခဲ့ရတာ ၄ ကြိမ်ရှိခဲ့ပါပြီ။ ဒါ့ကြောင့်...

၂၀၂၁ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ဧပြီလမှ စက်တင်ဘာလအတွင်းကျင်းပမည်

၂၀၂၁ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ(MNL)ကို အသင်း ၁၀ သင်းဖြင့် ဧပြီလမှ စက်တင်ဘာလအတွင်း ကျင်းပသွားရန် လျာထားကြောင်း ယမန်နေ့ (ဇန်နဝါရီ ၆ ရက်)က ပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး အတည်ပြုဆုံးဖြတ်ချက်အရသိရသည်။ ပြီးခဲ့သည့် ၂၀၂၀ MNL ပြိုင်ပွဲအပြီးတွင် အသင်း ၄ လေးမှာ ဖျက်သိမ်းခြင်း၊ ၀င်ရောက်ယှဉ်ပြိုင်မှုမပြုခြင်းများ...

စစ်ကိုင်းယူနိုက်တက်အသင်း ဖျက်သိမ်းမည်မဟုတ်ဘဲ လာမည့်ရာသီတွင် ဆက်ရှိနေမည်ဟု အသင်းဥက္ကဋ္ဌ အတည်ပြု

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတစ်ခုဖြစ်သော စစ်ကိုင်းယူနိုက်တက်အသင်းသည် မူလကအသင်းဆက်လက်တည်ရှိရန် မရေရာတော့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အသင်းကိုဖျက်သိမ်းမည်မဟုတ်ကြောင်း အသင်းဥက္ကဋ္ဌဖြစ်သူ ဦးဖိုးချစ်က စံတော်ချိန်သို့ အတည်ပြုပြောကြားခဲ့သည်။ လာမည့်ဘောလုံးရာသီတွင် စစ်ကိုင်းယူနိုက်တက်အသင်းအနေဖြင့် ဆက်ရှိနေမည်ဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၆ ရက်) နံနက်ပိုင်းက လူမှုကွန်ရက်တွင် အသိပေးထားခြင်းဖြစ်ပြီး စံတော်ချိန်ကဆက်သွယ်မေးမြန်းရာ “အသင်းကိုဆက်သွားဖို့ကတော့ အခက်အခဲ၊ အကြပ်အတည်းရော ကျွန်တော့်မှာအပြည့်မှာရှိတယ်။ သို့သော်လည်း အသင်းကိုအခြေအနေအရ...

ပင်နယ်တီနဲ့ပတ်သက်ပြီး ကလော့ပ်ရဲ့ဝေဖန်မှုကို မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှား တုံ့ပြန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပင်နယ်တီမှတ်တမ်းကို ပစ်မှတ်ထားဝေဖန်တဲ့ လီဗာပူးနည်းပြ ကလော့ပ်ကို မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှား က အင်္ဂါနေ့မှာ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မန်ချက်စတာယူနိုက်အသင်းရတဲ့ ပင်နယ်တီအကြိမ်အရေအတွက်ဟာ လီဗာပူးအသင်းကို သူနည်းပြခဲ့တဲ့ ၅ နှစ်ခွဲအတွင်း လီဗာပူးအသင်းရတဲ့ ပင်နယ်တီအကြိမ်အရေအတွက်ထက် ပိုများတယ်လို့ ကလော့ပ် က ဝေဖန်ခဲ့ပါတယ်။

မက်ဆီ အပါအဝင် ကမ္ဘာကျော်ကစားသမားတွေအားလုံးကို ပီအက်စ်ဂျီအသင်းက ကြိုဆိုကြောင်း ပိုချက်တီနို ပြော

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပီအက်စ်ဂျီအသင်းနည်းပြသစ်ဖြစ်လာတဲ့ ပိုချက်တီနို ဟာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီကို ပီအက်စ်ဂျီအသင်း ခေါ်ယူဖို့ ဆက်သွယ်နေတဲ့သတင်းတွေအပေါ် ကြိုဆိုလိုက်ကြောင်း အင်္ဂါနေ့က သူ့ရဲ့ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီနဲ့အတူ အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်နဲ့ စပါးကွင်းလယ်လူ ဒယ်လီအလီတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပီအက်စ်ဂျီနည်းပြအဖြစ်နဲ့ ပထမဆုံးတက်ရောက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက အခုလိုပြောပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ပင်နယ်တီမရတဲ့အပေါ် မန်ချက်စတာယူနိုက်တက်ကို ကလော့ပ် ရည်ရွယ်ဝေဖန်

တနင်္လာနေ့က ဆောက်သမ်တန်ကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ပွဲမှာ သူတို့ရသင့်တဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို မရခဲ့တာနဲ့ပတ်သက်ပြီး လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က အနီးကပ်ဆုံးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရည်ရွယ်ဝေဖန်လိုက်ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဆောက်သမ်တန်နဲ့ လီဗာပူးတို့ပွဲ ဒုတိယပိုင်းမှာ ဝစ်နဲလ်ဒန်း ကန်သွင်းတဲ့ ဘောလုံးဟာ ဆောက်သမ်တန်နောက်ခံလူ စတီဖင်ရဲ့လက်ကို ရှင်းရှင်းလင်းလင်း ထိထွက်သွားပေမယ့် ကွင်းလယ်ဒိုင် အန်ဒရီမာရီနာ...

ATP ဖလားပြိုင်ပွဲမှာ ဂျော်ကိုဗစ်နဲ့ နာဒဲလ်တို့ သက်ဆိုင်ရာ နိုင်ငံအသင်းတွေကို ဦးဆောင်ပါဝင်ကစားဖို့ရှိ

ဖေဖော်ဝါရီလထဲ ကျင်းပမယ့် ATP ဖလားတင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့တင်းနစ်ချန်ပီယံ နိုဗက်ဂျော်ကိုဗစ်နဲ့ ရာဖေးနာဒဲလ်တို့ နှစ်ဦးစလုံး သက်ဆိုင်ရာနိုင်ငံအသင်းအတွက် ပါဝင်ကစားပေးသွားမယ်လို့ သိရပါတယ်။ ဒီနှစ် ATP ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက်ကို COVID-19 ဂယက်ကြောင့် ၁၂ နိုင်ငံပဲလျော့ချခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မဲလ်ဘုန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဖိအားတွေကိုအမြဲခံစားခဲ့ရတယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ် ဝန်ခံ

ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ စတုတ္ထမြောက်ရှုံးပွဲအဖြစ် တနင်္ဂနွေနေ့က မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး၊ ၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြလမ်းပတ်က ဖိအားတွေနဲ့ ရင်ဆိုင်နေရကြောင်းကို ပွဲအပြီးမှာ ဝန်ခံပြောလိုက်ပါတယ်။ ချဲလ်ဆီးဟာ မန်စီးတီးကို ရှုံးတာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁ က လီဗာပူးနဲ့ တစ်ပွဲပို ၇...

ကမ္ဘာ့ဘောလုံးသမိုင်းတလျှောက် ဒုတိယဂိုးသွင်းအများဆုံး ကစားသမား ရော်နယ်ဒို ဖြစ်လာ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ တနင်္ဂနွေနေ့က အူဒီနီးစ်ကို ၄ ဂိုး၊ ၁ ဂိုးနဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်တာကြောင့် ကမ္ဘာ့ဘောလုံးသမိုင်းမှာ ပီလီကိုကျော်ပြီး ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပါတယ်။ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒို ဟာ ကစားသမားဘဝတလျှောက်သွင်းဂိုး ၇၅၈ ဂိုးရှိလာပြီဖြစ်ပြီး ပီလီရဲ့သွင်းဂိုး ၇၅၇ ဂိုးစံချိန်ကို ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာကို လာမယ့်နွေရာသီဈေးကွက်မှာ မန်ယူ ထုတ်ရောင်းဖို့ ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ထုတ်ရောင်းသွားမယ်လို့ တနင်္ဂနွေနေ့က ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ ပေါလ်ပေါ့ဘာ ဟာ မကြာသေးခင်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေမှာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်နေတာကြောင့် မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ ဒီပြင်သစ်ကွင်းလယ်လူကို ထုတ်ရောင်းပြီး အပြောင်းအရွှေ့ဈေးကွက်အသုံးစရိတ်ပြန်ရှာဖို့ ဆုံးဖြတ်ထားပါတယ်။