အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်းနီ ကစားသမားဘဝကနေ အနားယူ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ဟာ ဒါဘီကောင်တီအသင်းရဲ့နည်းပြတာဝန်ကို ရာနှုန်းပြည့်အာရုံစိုက်နိုင်ဖို့အတွက် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဝိန်းရွန်းနီ ဟာ အသက် ၃၅ နှစ်အရွယ်ရလာပြီဖြစ်ပြီး ကစားသမားဘ၀ ၁၉ နှစ်တာအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား...

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် လီဗာပူးအသင်းနဲ့အတူ မာတစ် လေ့ကျင့်ခန်းပြန်ဆင်း

တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင် လီဗာပူးအသင်းမှာ နောက်ခံလူ ဂျိုရယ်မာတစ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။ ဒီဇင်ဘာလက ဝက်စ်ဘရွန်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တဲ့ မာတစ် ဟာ လီဗာပူးအသင်းရဲ့ နောက်ဆုံး ၃ ပွဲစလုံးမှာ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ လီဗာပူးအသင်းမှာ ဗန်ဒိုက်ခ်ျနဲ့ ဂျိုးဂိုမက်ဇ်တို့လည်း...

တီယာနေးရဲ့ဒဏ်ရာအခြေအနေကို မသိရသေးဘူးလို့ အာတီတာ ပြော

အာဆင်နယ်အသင်း ဘယ်နောက်ခံလူ တီယာနေးရဲ့ဒဏ်ရာအခြေအနေကို လုံးဝမသိရသေးဘူးလို့ နည်းပြအာတီတာ က ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ စကော့တလန်နောက်ခံလူ တီယာနေး ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင် နှစ်နာရီလောက်အလိုကမှ ကြွက်သားဒဏ်ရာရခဲ့တာဖြစ်ပြီး ကာလအတော်ကြာ အနားမယူရဖို့တော့ အာတီတာ မျှော်လင့်ထားပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ...

အန်ဒီမာရေး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် သြစတြေးလျအိုးပင်းနဲ့ လွဲချော်ဖွယ်ရှိ

ကမ္ဘာ့အဆင့်(၁)တင်းနစ်ချန်ပီယံဟောင်း အန်ဒီမာရေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် သြစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ လွဲချော်ဖွယ်ရှိနေပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ စကော့တလန်တင်းနစ်ကစားသမား မာရေး ဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ မဲလ်ဘုန်းမြို့ကို လေယာဉ်နဲ့သွားဖို့ ပြင်ဆင်နေတုန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကို ယမန်နေ့က စစ်ဆေးတွေ့ရှိတဲ့အတွက် လန်ဒန်မြို့က သူ့နေအိမ်မှာပဲ ကွာရန်တင်းဝင်နေရပါတယ်။ သြစတြေးလျအိုပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၈...

ဒေးဗစ်အလာဘာကို မခေါ်ဖို့ လီဗာပူးအသင်းဆုံးဖြတ်

လီဗာပူးအသင်းတာဝန်ရှိသူတွေအနေနဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့မဖြစ်မြောက်တော့ကြောင်း ဗြိတိန်သတင်းတစ်ရပ်က ဆိုပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဩစတြီးယားနောက်ခံလူ အလာဘာ ဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီဖြစ်ကြောင်း ယူနိုက်တက်ကွင်းလယ်လူ မာတစ် ပြောကြား

ဘန်လေအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့တဲ့အတွက် မိမိတို့ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်‌‌ခေါ်နိုင်စွမ်းရှိနေပြီဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာမာတစ် က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့က ကစားခဲ့တဲ့အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာရဲ့သွင်းဂိုးကြောင့် ဘန်လေကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး ဇယားအဆင့်(၁)ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းကို ရာသီကုန်အထိ အငှားနဲ့သွားကစားဖို့ ဂျိုဗစ် သဘောတူ

ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်ဟာ သူ့အသင်းဟောင်း ဖရန့်ဖတ်ကို အငှားစာချုပ်နဲ့ ပြန်ပြောင်းတော့မယ်လို့ သိရပါတယ်။ လူကာဂျိုဗစ်ဟာ ၂၀၁၈-၁၉ ရာသီက ဖရန့်ဖတ်အသင်းမှာ ၄၈ ပွဲကစား၊ ၂၇ ဂိုးသွင်းခဲ့ပေမယ့် ၂၀၁၉ ခုနှစ်၊ ဇွန်လက ရီးရဲလ်မက်ဒရစ်ကို ပြောင်းလာပြီးနောက်ပိုင်းမှာတော့ ပုံမှန်ကစားခွင့်တောင် မရတော့ပါဘူး။

အဆင့်(၁)ကိုတက်နိုင်ခဲ့ပေမယ့် လက်ကျန်ပွဲတွေကို အာရုံစိုက်ဖို့လိုတယ်လို့ ပေါ့ဘာ ပြော

ပရီးမီးယားလိဂ်ချန်ပီယံဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့က ဘန်လေကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရတာကြောင့် သုံးနှစ်ကျော်ကာလနောက်ပိုင်း အမှတ်ပေးဇယားထိပ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာပေမယ့် လက်ကျန်ပွဲအားလုံး အာရုံစိုက်မှုအပြည့်နဲ့ကစားဖို့လိုတယ်လို့ ကွင်းလယ်လူ ပေါ့ဘာ က သတိပေး ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီး အမှတ်ပေးဇယားမှာ အနီးကပ်ဆုံးပြိုင်ဘက် လီဗာပူးကို သုံးမှတ်အကွာနဲ့ ဦးဆောင်ထားတဲ့ မန်ချက်စတာယူနိုက်တက်ဟာ...

လက်ရွေးစင် ညာနောက်ခံလူ ကျော်ဇင်လွင်အား ရှမ်းယူနိုက်တက်အသင်းခေါ်ယူ

ဧရာဝတီယူနိုက်တက်အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် မြန်မာ့လက်ရွေးစင် ညာနောက်ခံလူ ကျော်ဇင်လွင်အား ရှမ်းယူနိုက်တက်အသင်းက ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းထံမှ သိရသည်။ ၂၀၁၉ နှင့် ၂၀၂၀ ဘောလုံးရာသီတို့တွင် ပြည်တွင်းအမှတ်ပေးချန်ပီယံဖြစ်ခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် အခြားလက်ရွေးစင်ကစားသမားများဖြစ်သည့် သီဟဇော်၊ စိုးလွင်လွင်တို့ကို ခေါ်ယူခဲ့ပြီးနောက် ကျော်ဇင်လွင်ကိုပါ ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဘီလ်ဘာအိုနဲ့ စပိန်စူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကာဗာဂျယ်နဲ့ ဂျိုဗစ်တို့ ကစားပေးနိုင်မှာမဟုတ်

ဘီလ်ဘာအိုအသင်းနဲ့ ကြာသတေးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် စပိန်စူပါဖလား အကြိုဗိုလ်လုပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်း ဟာ နောက်ခံလူ ကာဗာဂျယ်နဲ့ တိုက်စစ်မှူး လူကာဂျိုဗစ်တို့ကို အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ မာကာသတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီပွဲစဉ်ကို မာလာဂါမြို့မှာ ကစားသွားမှာဖြစ်ပြီး ကာဗာဂျယ်နဲ့ ဂျိုဗစ်တို့ နှစ်ဦးစလုံး ပွဲချိန်မီ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာ မဟုတ်ပါဘူး။