ချန်ပီယံလိဂ်လူစာရင်းအပြောင်းအလဲများ ပြုလုပ်

လာမည့်အပတ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့များ စတင်ကစားတော့မည်ဖြစ်သည်နှင့်အတူ ပြိုင်ပွဲဝင်အသင်းများမှာလည်း လူစာရင်းအပြောင်းအလဲများ ပြုလုပ်ခဲ့ကြသည်။ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်မှာမူ ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် စာရင်းအဝင်အထွက်မရှိသည့် တစ်သင်းတည်းသော အသင်းဖြစ်ခဲ့သည်။ စပိန်ပြိုင်ဘက် ဘာစီလိုနာမှာမူအသင်းမှ ထွက်ခွာသွားခဲ့သော ဒယ်လိုဖူ၊ မာရှေယာနို၊ ရာဖင်ဟာနှင့်အာဒါတူရန်တို့နေရာတွင် လူငယ်ကစားသမားနှစ်ဦးဖြစ်သည့် အာနီရက်နှင့် ကိုစတက်တို့အပြင် အသစ်ခေါ်ယူခဲ့သည့် ယာရီမီနာကိုလည်း ထည့်သွင်းခဲ့သည်။ ဂျာမန်အင်အားကြီးအသင်း ဘိုင်ယန်မြူးနစ်က ပထမရာသီဝက်တွင်...

စပါး Vs အာဆင်နယ်

စပါး နောက်ဆုံးသုံးပွဲရလဒ် အာဆင်နယ် ၁၈-၁၁-၁၇ အာဆင်နယ် ၂-၀ စပါး (ပရီးမီးယားလိဂ်ပွဲ) ၃၀-၀၄-၁၇ စပါး ၂-၀ အာဆင်နယ် (ပရီးမီးယားလိဂ်ပွဲ) ၀၆-၁၁-၁၆ အာဆင်နယ် ၁-၁ စပါး (ပရီးမီးယားလိဂ်ပွဲ) နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုရလဒ် စပါး ၂-၀ နယူးပို့တ် လီဗာပူး ၂-၂ စပါး စပါး ၂-၀ မန်ယူ အာဆင်နယ် ၅-၁ အဲဗာတန် ဆွမ်ဆီး ၃-၁ အာဆင်နယ် အာဆင်နယ် ၂-၁ ချယ်လ်ဆီး စပါးဟာ ကြားရက်က နယူးပို့တ်နဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲစဉ်မှာ နှစ်ဂိုးပြတ်နိုင်ပြီး နောက်တစ်ဆင့်တက်လှမ်းသွားသလို လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်...

ဘာစီလိုနာနှင့်မက်ဆီကို တားဆီးနိုင်ရန် မိမိတို့ဘက်မှ ပြီးပြည့်စုံစွာ ကစားနိုင်ရန် လိုအပ်ဟု ကွန်တီဖွင့်ဟ

ချယ်လ်ဆီးနည်းပြကွန်တီက လာမည့်ဖေဖော်ဝါရီ ၂၀ ရက်တွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပြိုင်ဘက် ဘာစီလိုနာကို ကျော်ဖြတ်နိုင်ရန် မိမိတို့ဘက်မှ ပြီးပြည့်စုံသောပွဲအဖြစ် ကစားနိုင်ရန် လိုအပ်ဟု ဖွင့်ဟခဲ့သည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က နှစ်ပွဲဆက် ဂိုးပြတ်ရှုံးခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့ပြီးနောက် ယုံကြည်မှုပြန် လည်မြင့်တက်လာသော်လည်း ဘာစီလိုနာကို အနိုင်ရရေးမှာ မက်ဆီတစ်ဦး တည်းကို ထိန်းချုပ်နိုင်ရုံဖြင့်လည်း မလုံလောက်ကြောင်း ကွန်တီက ဖွင့်ဟခဲ့သည်။ ချယ်လ်ဆီးနှင့်ပွဲများ၌ မက်ဆီသည် ယနေ့အထိ တစ်ဂိုးမှ သွင်းယူခြင်းမရှိခဲ့သော်လည်း ကွန်တီက...

ဗီယက်နမ်ကလပ်အသင်းကို အနိုင်ကစားမည်ဟု ဦးမျိုးမင်းထွန်းပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၆ 2018 AFC Cup ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် မြန်မာကလပ် ရန်ကုန် ယူနိုက်တက်နှင့် ဗီယက်နမ်ကလပ် သန်ဟွာ အသင်းတို့ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြန်မာပြည်ကိုယ်စားပြု ကစားခြင်းဖြစ်၍ ဗီယက်နမ်အသင်းကို အနိုင်ကစား မည်ဟု ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။ ယင်းအစည်းအဝေးတွင် နှစ်ဖက်အသင်းမှ နည်းပြချုပ်နှင့်...

မြန်မာယူ-၂၁ အသင်း ပဏာမ ၂၂ ဦးစာရင်းထုတ်ပြန်

ရန်ကုန်၊ မတ်-၁၀ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အသင်းကို မတ် ၉ ရက်တွင် ပဏာမကစားသမား ၂၂ ဦး စာရင်းကို ထုတ်ပြန်ခဲ့ပြီး ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ်နေကြောင်း သိရသည်။ ပဏာမမြန်မာယူ-၂၁ အသင်း လူစာရင်း နည်းပြချုပ်-ဦးကြည်လွင်(MFF) လက်ထောက်နည်းပြ- ဦးကျော်လွင်(ဧရာဝတီယူနိုက်တက်)၊ ဦးချစ်နိုင် (MFF)။ ဂိုးနည်းပြ- ဦးမျိုးကျော်သူ(မကွေးအက်ဖ်စီ)။ ဂိုး-ဘုန်းသစ္စာမင်း(ရှမ်းယူနိုက်တက်)၊ ထွန်းနန္ဒဦး (မြ၀တီအက်ဖ်စီ)၊ နိုင်လင်းထွန်း(ဟံသာဝတီယူနိုက်တက်)။ နောက်တန်း-သူရိန်စိုး(ရန်ကုန်ယူနိုက်တက်)၊ သက်ပိုင်ထွေး (ရှမ်းယူနိုက်တက်)၊ ရဲရင့်အောင်၊ အောင်ဝဏ္ဏစိုး (ရတနာပုံအက်ဖ်စီ)၊ သန်းထိုက်ဇင်၊ စိုးမိုးကျော်(ISPE)၊...

ဘောလုံးပွဲဝေဖန်သူများကို မိုက်မဲသူများဟု မော်ရင်ဟို အနက်အဓိပ္ပာယ်ဖွင့် မန်စီးတီး မိမိတို့ထက်ငွေပိုသုံးနေလျှင် လိုက်မီနိုင်မည်မဟုတ်ဟု ၀န်ခံသွားခဲ့

မန်ယူအသင်းနည်းပြမော်ရင်ဟိုသည် မတ် ၁၇ရက်ညတွင် ဘရိုက်တန်နှင့်ကစားရမည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ၁၂ မိနစ်ကြာအချိန်ပေးသွားခဲ့ပြီး ဝေဖန်မှုများနှင့်ပတ်သက်၍ မကျေမနပ်တုံ့ပြန်သွားခဲ့သလို မန်စီးတီးအသင်း ယခင်ငွေသုံးခဲ့သည့်ပုံစံအတိုင်း ဆက်သုံးလျှင်ဖြစ်စေ မိမိတို့ထက်ပိုပြီး သုံးစွဲနေလျှင်ဖြစ်စေ လိုက်မီနိုင်တော့မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့သည်။ မန်ယူအသင်းသည် ဆီဗီလာကို ချန်ပီယံလိဂ် ၁၆သင်းအဆင့်တွင် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက် ခွာလိုက်ရခြင်းကြောင့် ဘောလုံးပွဲသုံးသပ်တင်ဆက်သည့် ဘောလုံးသမားဟောင်းများစွာက ဝေဖန်မှု အမျိုးမျိုးပြုလုပ်ခဲ့သလို ချယ်လ်ဆီးနှင့် မန်ယူကစားသမားဟောင်း ရေးဝီလ်ကင်က ဆီဗီလာသည်...