ယခုသီတင်းပတ်ကုန်မတိုင်မီ အမ်မရီ အာဆင်နယ်နည်းပြသစ် ဖြစ်လာတော့မည် ၀က်ဘ်ဆိုက်တွင် အာဆင်နယ်မိသားစုဝင်ဖြစ်ရသည်ကို ဂုဏ်ယူကြောင်း တင်ခဲ့

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ နည်းပြခဲ့သော အာစင်ဝင်းဂါး အသင်းနည်းပြရာထူးမှ ထွက်ခွာသွားခဲ့ပြီးနောက် နည်းပြသစ်အဖြစ် မန်စီးတီးအသင်းလက်ထောက်နည်းပြ အာတီတာသည် နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း နောက်ဆုံးမိနစ်ဆွေးနွေးပြီးမှ ပျက်ပြယ်ပြီး ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်မှ ထွက်လာခဲ့သော စပိန်သားနည်းပြ အူနိုင်းအမ်မရီက အဆိုပါရာထူးကို လက်ခံရရှိရန် သေချာသလောက်ရှိသွားခဲ့ပြီဖြစ်သည်။ အူနိုင်းအမ်မရီသည် ယခုရက်ပိုင်းအတွင်း လန်ဒန်သို့ရောက်ရှိနေပြီး အာဆင်နယ်အသင်း အကြီးအကဲများနှင့် ဆွေးနွေး ပြောဆိုမှုများပြုလုပ်ခဲ့ရာ နှစ်ဖက်သဘောတူညီမှုရခြင်းကြောင့် တစ်နှစ်လုပ်ခလစာ ပေါင်ငါးသန်းနှင့် သုံးနှစ်စာချုပ်ရန် သဘောတူနိုင်ခဲ့ပြီး ယခုသီတင်းပတ်မကုန်မီတွင်...

နောက်ရာသီတွင် ပြန်တွေ့ကြမည်ဟု ပြောခဲ့၍ ရီးရဲလ်၌ စီရိုနယ်ဒို ဆက်ရှိသွားရန် သေချာ

ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သည့်ပွဲပြီးနောက် မိမိအနာဂတ်ကို သေချာမပြောနိုင်ဟုပြောဆိုကာ ရီးရဲလ်မှ ထွက်ခွာဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည့် စီရိုနယ်ဒိုက မေ ၂၇ ရက်တွင် အသင်းနှင့် မက်ဒရစ်မြို့ပတ် အောင်ပွဲခံပြီး နောက်နေ့၌ အသင်းပရိသတ်များကို စိတ်မပူရန်နှင့် နောက်ရာသီတွင် တွေ့ကြမည်ဟု ပြောဆိုခဲ့သည်။ စီရိုနယ်ဒိုသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် 'ကျွန်တော့်အနာဂတ်ကို အခုမပြောချင်ဘူး။ မကြာခင်ရက်ပိုင်းအတွင်း အသိပေးမှာပါ။ အနာဂတ်ဆိုတာက မသေချာတဲ့အရာလို့တော့ပြောချင်တယ်'ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ အသင်းနှင့် မြို့ပတ်အောင်ပွဲခံအခမ်းအနားတွင် ပရိသတ်များသည် စီရိုနယ်ဒိုအမည်ကို အော်ဟစ်ကာ...

ဆိုင်းယော့ နှင့်စိန်ခေါ် ပွဲတွင် ထွန်းထွန်းမင်း၏ထိုးကြေး ကျပ်သိန်း ၁၁၀ ရရှိမည်

ရန်ကုန်၊ ဇွန်-၁၅ မွေထိုင်းနာမည်ကျော်လက်ဝှေ့သမား ဆိုင်းယော့နှင့် မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းတို့၏ စိန်ခေါ် ပွဲစဉ်တွင် ထိုးသတ်ကြေးအဖြစ် ထွန်းထွန်းမင်းသည် ကျပ်သိန်း ၁၁၀ ရရှိမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးတင်ဝင်းက ပြောဆို သည်။ အဆိုပါပွဲစဉ်ကို လာမည့်ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပွဲစဉ်နှင့် ပတ်သက်၍ ဦးတင်ဝင်းက ပြောကြားရာ"အဲဒီ စိန်ခေါ်ပွဲစဉ်ကို ရန်ကုန်မှာလုပ်ပါမယ်။ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ ကိုလည်း နောက်လထဲမှာ လုပ်ပါမယ်။တွဲဆိုင်းရှစ်ဆိုင်းလောက် ထည့်သွင်းကျင်းပဖို့ စီစဉ်ထားတယ်။ ထွန်းထွန်းမင်းနဲ့ကတော့ ထိုးကြေးကျပ်သိန်း...

ဘင်လာဒင် အကြံအစည်ကို ကြိုသိခဲ့လို့ ဘက်ခမ်း၊ ရှီးယားနဲ့ အင်္ဂလန်ဘောလုံးမျိုးဆက် ရှင်သန်နိုင်ခဲ့

၂၀၁၈ ဇွန် ၁၈ ရက်မှာ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် တူနီးရှားနဲု့ယှဉ်ပြိုင်ကစားခဲ့ပါပြီ။ ဒီရက်ကနေတွက်ရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့တူနီးရှားတို့ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာကို ပရိသတ်တွေ မှတ်မိကောင်းမှတ်မိကြပါဦးမယ်။ အဲဒီအချိန် တုန်းက အင်္ဂလန်အသင်းမှာ ဘက်ခမ်းတောင် အရန်ခုံတန်းမှာသာ နေရာရ သေးပြီး သူတို့ရဲ့နာမည်အကြီးဆုံးကစားသမားက အလန်ရှီးယားဖြစ်နေချိန်ပေါ့။ မာဆေးမြို့ကဗယ်လိုဒရိုမီကွင်းကြီးမှာ ကစားခဲ့တုန်းက အင်္ဂလန်ဟာ အလန်ရှီး ယားနဲ့ ပေါလ်စခိုးတို့ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အဲဒီတုန်းက...

အာဆီယံယူ-၁၉ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာနှင့်တီမော သရေကျ

ရန်ကုန်၊ ဇူလိုင်-၂ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၀၁၈ အာဆီယံယူ-၁၉ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် တီမောယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ်ဖြစ်ခဲ့သည်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၉ နှင့် တီမော ယူ-၁၉ တို့ပွဲစဉ်ကို ဇူလိုင် ၂ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နှစ်ဂိုးစီသရေရလဒ်ဖြင့်...

ခရိုအေးရှားအသင်း၏ ကမ္ဘာ့ဖလားငွေတံဆိပ်ဆု ကာလီနစ်လက်မခံ

အေစီမီလန်တိုက်စစ်မှူး ကာလီနစ်သည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားလက်ရွေးစင်အဖြစ် ပါဝင်လာခဲ့သော်လည်း အသင်းတစ်ပွဲသာကစားပြီးချိန်၌ နေအိမ်ပြန်လွှတ်ခံခဲ့ရသဖြင့် အသင်းရရှိသည့် ငွေတံဆိပ်ကို လက်မခံဘဲ ငြင်းဆိုခဲ့ကြောင်း သိရသည်။ သတင်းများအရ ကာလီနစ်သည် နိုင်ဂျီးရီးယားနှင့်ကစားသည့် အုပ်စု အဖွင့်ပွဲတွင် သွေးပူလေ့ကျင့်ခန်းလုပ်ခဲ့ပြီးမှ နည်းပြဇလတ်ကိုဒါလစ်က လူစားဝင်ကစားခိုင်းခြင်းကို ကျောဒဏ်ရာအကြောင်းပြပြီး ကစားရန် ငြင်းဆန်သောကြောင့် အိမ်ပြန်ပို့ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ကာလီနစ်သည် ဘရာဇီးနှင့် ကမ္ဘာ့ဖလားပွဲမတိုင်မီ ဘရာဇီးနှင့် သွေးပူ လေ့ကျင့်ခန်းပွဲအဖြစ် ကစားသည့်ပွဲတွင်လည်း လူစားဝင်ကစားရန် ငြင်းဆန်ခဲ့သည်ဟု...

အာဆင်နယ် တည်ငြိမ်ကောင်းမွန်ရန်အပြောင်းအရွှေ့ ဈေးကွက်လေးခု လိုအပ်မည် အမှားကျူးလွန်ခဲ့သော်လည်း ဂိုးသမားသစ်လီနိုထက် ပီတာဆက်ခ်ျကိုသာဆက်သုံးမည်

အာဆင်နယ်အသင်းသည်ဩဂုတ် ၁၂ ရက်ညတွင် မန်စီးတီးနှင့် ရာသီအဖွင့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲကစားခဲ့ရာ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဘောလုံးပွဲ သုံးသပ်တင်ဆက်သူလုပ်နေသော မန်ယူခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်နည်းပြသစ်အူနိုင်းအမ်မရီအနေဖြင့် ဝင်းဂါးလက်ထက်က ကစားသမားများကို သက်သောင့်သက်သာနှင့် တော်ရုံအဆင့်တွင် ရပ်တည်နိုင်ခြင်းကို ကျေနပ်နေသည့် စိတ်ဓာတ်ကြောင့် အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရန်နောက်ထပ် အပြောင်းအရွှေ့လေးခုအတွင်း ကစားသမားကောင်းများအစားထိုးလဲလှယ်နိုင်မှ ဖြစ်မည်ဟုသုံးသပ်သွားခဲ့သည်။ အူနိုင်းအမ်မရီသည် ပြီးခဲ့သည့် မေလက အာဆင်နယ်နည်းပြသစ်ဖြစ်လာပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် လူးကပ်စ်တော်ရီယာ၊ ဘန်းလီနို၊ ဆိုကရာတစ်၊ ဂွမ်ဒူဇီနှင့် လစ်ခ်ျစတိန်နာတို့ကို...