ဉာဏ်ပညာနှင့်စုတုပြု ယခုအခါ မြန်မာနိုင်ငံ၏ အမျိုးသားမဟာဗျူဟာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာ၌ အောင်မြင်နေကြသော နိုင်ငံတကာပညာရေးကို ပုံတူကူးချရန် ကြိုးစားဆောင်ရွက်နေသည်။ ပညာရေးအမှားလမ်းစဉ်စနစ်ပြုပြင်ကုသရာတွင် ကုထုံးမမှားကြဖို့ လိုသည်။ အနာတခြား...

  စုတုပြုကို ကဗျာဆရာကြီး မင်းသုဝဏ်က ညွှန်ကြားခဲ့သည်။ မျိုးဆက်သစ်လူငယ်များအတွက် အလွန်တန်ဖိုးရှိသောလမ်းညွှန်ချက်ဖြစ်သည်။ ကျွန်တော်သည် စာဖတ်၊ စာကျက်ရာတွင် နှုတ်တိုက်ရွတ်လေ့မရှိဘဲ စိတ်နှင့်ကြည့်ဖတ်သည့် အလေ့အကျင့်ရှိပါသည်။ တစ်ခေါက်စိတ်နှင့်ဖတ်မှတ်ပြီးနောက် ချက်ချင်းပင် အလွတ်လက်တန်းပြောကြည့်သည်။ စာရသွားသည်။ မိမိကိုယ်ကို အထင်လည်း ကြီးပါ၏။ သင်္ချာတွက်ချက်ရာတွင် ဆရာက တစ်ထွာလောက်ရှင်းပြရုံနှင့် တစ်တောင်လောက်ကြိုမြင်သည်။ ကျွန်တော့်ကိုဖြတ်ထိုးဉာဏ်ကောင်းသည်ဟု သင်္ချာဆရာက သတ်မှတ်သည်။ မူလတန်းကျောင်းသားဘ၀မှာ တက္ကသိုလ်ဘုန်းနိုင်၏ နွေကန္တာဦး၊ တစ်ပြည်သူမရွှေထား၊ သူငယ်ချင်းလို့ဆက်၍ခေါ်မည်ခိုင်ဝတ္ထုများကို စွဲလမ်းနှစ်သက်စွာ ဖတ်နေမိခဲ့သည်။ ထိုမှတစ်ဆင့် ဝတ္ထုစာပေများကို...

စာပေညီလာခံသို့မျှော်လင့်ချက်

စာပေလောကအတွင်း ပွတ်တိုက်မှုများစွာဖြင့် ရုန်းကန်ထွက်လာခဲ့သည့်ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် စိုးရိမ်ပူပန်မှုများရှိနေကြသည်က အမှန်။ သို့သော်လည်း ညီလာခံကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ လေးရက်တိုင်တိုင် မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့စဉ်က ပြည်သူစိတ်ဝင်စားမှုကို အတိုင်းအတာတစ်ခုအထိ ဖမ်းစားနိုင်ခဲ့ ခြင်းက အားတက်ဖွယ်ရာပါပဲ။ မြန်မာစာပေယဉ်ကျေးမှုကို နှစ်ပေါင်း ၅၀ ကျော်စနစ်တကျ ဖျက်ဆီးခံခဲ့ရတယ်လို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတဲ့ ခေတ်ကြီးထဲမှာ စာပေညီလာခံ ၂၀၁၇ ပေါ်ပေါက်လာခဲ့ပါပြီ။ ရာစုနှစ်ထက်ဝက်ကျော် ပျက်စီးလာခဲ့ တယ်ဆိုတဲ့...

တစ်ပတ်တာအတွက် သင့်ကံကြမ္မာ ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ

ARIES* မိဿရာသီဖွား (မတ် ၂၁- ဧပြီ ၂၀) ဤရာသီဖွားများသည် အပြောင်းအလဲကြီးမားမည်။ စီးပွား၊ ငွေကြေး၊ နေရာထိုင်ခင်း၊ မိမိစိတ်ကူးများလည်း အကောင်းများအဖြစ် ရောက်ရှိလာမည်။ လူမှုရေးပိုင်းဆိုင်ရာများတွင် စကားများရခြင်း၊ စိတ်အနှောင့်အယှက်များကြုံရမည်။ ကျန်းမာရေးအနည်းငယ်ဖြစ်မည်။ ပညာရေး၊ အချစ်ရေးတွင် ကံကောင်းပါလိမ့်မည်။ ထီ-တ၊ ထ၊ ဒ၊ ကတ(၅၊ ၀၊ ၇) အရာရာကံကောင်းဖို့ ဂုဏ်တော်ကိုးပါးပူဇော်ပါ။ TAURUS* ပြိဿရာသီဖွား (ဧပြီ ၂၁- မေ ၂၁) ဤရာသီဖွားများသည် ကံကောင်းမှုများ သင့်ထံရှိနေမည်။...

ဖေ့စ်ဘွတ်ခ်ရှင်းတမ်း

ဖေ့စ်ဘွတ်ခ်သုံးသူများတွင် ယေဘုယျ နှစ်မျိုးရှိသည်၊၊ အချို့က ကိုယ့်မှာရှိတာ၊ ကိုယ့်မှာသိတာ အကုန်တင်သည်၊၊ သူတို့က ပွင့်လင်းလွန်းအားကြီးတော့ ပွင့်နေသည်၊၊ တစ်ဖက်က ကိုယ်ဘာလုပ်မည်၊ ကိုယ်ဘာလုပ်ချင်သည်၊ ကိုယ်ဘာလုပ်တော့မည်ကို သိနေသည်၊၊ အချို့က ဖေ့စ်ဘွတ်ခ်အကောင့်သာဖွင့်ပြီး အသုံးမပြုကြပေ၊၊ ၂၀၁၇ ခုနှစ်ကုန်ဆုံး၍ ၂၀၁၈ ခုနှစ်သို့ရောက်ရှိပေ တော့မည်။ စာရေးသူထံ နိုင်ငံခြားသားမိတ်ဆွေများက ပေးပို့သောသူတို့၏ တစ်နှစ်တာ လုပ်ဆောင်ချက်စာလွှာများ ထုံးစံအတိုင်း အီးမေးလ်မှတစ်ဆင့် ရောက်ရှိလာသည်။ အဆို ပါစာလွှာများတွင် သူတို့ ၂၀၁၇...

တစ်ပတ်တာအတွက် သင်ကံကြမ္မာ

ဇန်န၀ါရီ ၈ ရက်မှ ၁၄ ရက်အထိ ARIES*  မိဿရာသီဖွား (မတ် ၂၁- ဧပြီ ၂၀) ဤရာသီဖွားများသည် ငွေကြေး၊ လူမှုရေး၊ သာရေး၊ နာရေးကိစ္စများ၊ အနှောင့်အယှက်မှန်သမျှ ခက်ခဲသော်လည်း ရင်ဆိုင်ဖြေရှင်း ကျော် လွှားနိုင်မည်။ မိမိလုပ်ကိုင်မှု ဇွဲ၊ လုံ့လ၊ စည်းစနစ်တို့ကြောင့် အသေးမှအလတ်၊ ထို့နောက် အကြီးစားလုပ်ငန်းများအထိတက်လှမ်း အောင်မြင်မှုများ၊ တိုးတက်မှုများရရှိပြီး မိသားစုများစိတ်ချမ်းသာမှု အပြည့်အ၀ရရှိပါလိမ့်မည်။ ထီ-က၊ ခ၊ ဂ၊ ဃ (၇၊...

သမီးလှကျွန်းပသာဒနှင့် ကမ်းအလှပင်လယ်ပြင်

ကမ္ဘာ့မြေပုံပေါ်ဝယ် Diamond Island ဟု ပြဆိုထားသော စိန်ကျွန်းကို မြန်မာတို့က သမီးလှကျွန်းဟူ၍ သိကြလေသည်။ သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲအတွင်း တည်ရှိပါ၏။ အတိအကျဆိုရသော် ငဝန်မြစ်နှင့် ပုသိမ်မြစ်ဝ ဘင်္ဂလားပင်လယ်အော်အတွင်း မြောက်လတ္တီတွဒ် (၁၅ ဒီဂရီ ၅၁"N) နှင့် အရှေ့လောင်ဂျီတွဒ် (၉၄ ဒီဂရီ ၁၇"E) တွင်တည်ရှိကာ ပုသိမ်မြို့နှင့် မိုင် ၉၀ ကျော်ကွာဝေးသည်ဟု ဆိုပါသည်။ သမီးလှကျွန်းသည် မူလက အနားလေးဖက်ရှည်သွယ်ပြီး...

ထမင်းစားပွဲမှသည်

“What can you do to promote world peace? Go home and love your family.” စာရေးဆရာလေးသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အဆိုအမိန့်တစ်ခုကို ဘာသာပြန်ဆိုဖို့ ကြိုးစားနေသည်။ ငြိမ်းချမ်းရေးမိခင်ကြီး မာသာထရီဇာ၏ အဆိုအမိန့်ပင်။ "ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်သလား။ အိမ်ကိုအခုပြန်ပါ။ မိသားစုကို နွေးထွေးချစ်ခင်ကြင်နာပါ" တိုက်ရိုက်ဘာသာပြန်ဆိုခြင်းမဟုတ်ဘဲ စာဖတ်သူရင်ထဲရောက်ဖို့ သူဒီလိုပဲ ပြန်ဆိုလိုက်သည်။ ပြီးတော့ သူ့အရေးအသားကို သူကိုယ်တိုင် အသံထွက်ဖတ်ရင်း အကျေနပ်ကြီးကျေနပ်နေမိသည်။...

မြန်မာ့ဆိုင်းဝိုင်းနှင့် ဗိုလ်အောင်ဒင်

တစ်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် တရားရုံးကိစ္စပြီးတော့ မတွေ့တာကြာပြီဖြစ်တဲ့ ဆိုင်းထောင် ဦးစိန်လေး-ဒေါ်အေးအေးနွယ်တို့အိမ် ရောက်သွားတယ်။ ဆိုင်းထောင်အိမ်က အမှတ်(၁၅) မယ်ဇလီပင်လမ်း ကြည့်မြင်တိုင်မြို့နယ်။ ကြည့်မြင်တိုင်မြို့နယ် တရားရုံးနဲ့နီးတယ်။ ဆိုင်းသေတ္တာ၊ ဆိုင်းတူရိယာပစ္စည်းတွေနဲ့ပြည့်နေတဲ့ ဆိုင်းထောင်အိမ်ကိုကြည့်ပြီး လွန်ခဲ့တဲ့နှစ် ၃၀ ကျော်လောက်က ဆိုင်းငှားခဲ့တဲ့ အတွေ့အကြုံလေးတွေကို ပြန်လည်သတိရနေမိတယ်။ "ဆရာ၊ ဘယ်ကနေ မျက်စိလည်လာတာလဲ"လို့ ဆိုင်းထောင် ဦးစိန်လေးရဲ့ဇနီး ဒေါ်အေးအေးနွယ်က ကြိုဆိုနှုတ်ဆက်တယ်။ သင်ဖြူးဖျာလေးခင်းပြီး ရေနွေးဗန်းနဲ့ ဧည့်ခံတယ်။ တအောင့်ကြာတော့ ဦးစိန်လေးနဲ့ ဆိုင်းဆရာအောင်လင်းဗိုလ်တို့ အိမ်ထဲဝင်လာကြတယ်။...

မြန်မာတို့၏စံပြ ဘဘသခင်ကိုယ်တော်မှိုင်း(၁)

အဘအမည် မောင်စံဒွန်း၊ အောင်သူအမည် ဦးပဏ္ဍိတ၊ အသက် (၂၂) နှစ်၊ လက်မှတ်ထုတ်ပေးသည့် ရက်စွဲ ၁၈၉၇ ခုနှစ်၊ ဧပြီ ၂၁ ရက် လက်မှတ်နေရာတွင် ပညာရေးအရာရှိအဖြစ် လက်မှတ်ရေးထိုးသူ ဂျီပေါ်တာ။ အထက်ပါစာသားမှာ ဟောင်းနွမ်းဆွေးမြည့်လျက် သုံးပိုင်းပြတ်နေပြီဖြစ်သော စာမေးပွဲအောင်လက်မှတ်လေးတစ်ရွက်ဖြစ်သည်။ ၁၉၀၇ ခုနှစ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း မုံရွာမြို့တွင် ဦးပဉ္စင်းဝတ်ဖြင့် သတ္တမတန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သော အောင်လက်မှတ်လေးဖြစ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် ဆရာကြီး၏ ကျန်ရစ်ခဲ့သောပစ္စည်းများအနက် ဝါးကျည်တောက်လေးထဲမှ သမက်ဖြစ်သူ...

မုသား

ယခုတစ်လော လူငယ်တွေအကြောင်းကို အချိန်များများ စဉ်းစားနေမိသည်။ ဘာကြောင့်လဲ။ အဖွဲ့ချုပ်က မြို့နယ်၊ ခရိုင်၊ တိုင်းမြို့များကို လှည့်လည်ပြီး လူငယ်ညီလာခံအတွက် ပြင်ဆင်နေကြသော အချိန်ဖြစ်နေသောကြောင့် လူငယ်ဆိုင်ရာ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ဟိုမှာ၊ ဒီမှာ တွေ့မြင်နေရခြင်းသည်လည်း လူငယ်တွေအကြောင်း စဉ်းစားမိစေခြင်းလည်း ဖြစ်တန်ရာသည်။ နဂိုမူလဓာတ်ခံများအရလည်း လူငယ်တွေအပေါ် ချစ်ခင်ပေါင်းသင်းလေ့ရှိရာ လူငယ်များ၏ ဓလေ့၊ အတွေ့အကြုံ၊ စရိုက်တို့ကို အခြားသူတွေထက် ပိုမိုသိမြင်အကဲဖြတ်နိုင်သည်ဟု အတွေးရောက်မိသည်များလည်း ရှိဖူးပါသည်။ လူငယ်စာရေးသမား၊ စာဖတ်သမား၊ လူငယ်ကဗျာဆရာ၊...