တစ်ပတ်တာအတွက် သင့်ကံကြမ္မာ

ဇန်န၀ါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ARIES* မိဿရာသီဖွား (မတ် ၂၁- ဧပြီ ၂၀) ဤရာသီဖွားများသည် လုပ်ငန်းများနှောင့်နှေးခြင်း၊ ၀င်ငွေများ၊ ရငွေများ ကြန့်ကြာမှုများ ရုတ်တရက်ရင်ဆိုင်ရတတ်သည်။ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခြင်းကြောင့် ပိုမိုမြင့်မားသော အောင်မြင်မှုများ ခံစားရရှိမည်။ ငွေကြေးပြည့်စုံမှု ရရှိတတ် သည်။ ကျန်းမာရေး၊ အိမ်ထောင်ရေးတို့ ပြီးပြည့်စုံမည်။ ထီ-က၊ ဏ၊ ဋ၊ ကက (၂၊ ၅၊ ၄) အရာရာကံကောင်းဖို့ အရဟံဂုဏ်တော်...

လှပါပေ့ကွယ်

ဟောပြောပွဲ၊ ဆွေးနွေးပွဲများတွင် ဒေါက်တာခင်မောင်ညိုနှင့်တွေ့ဆုံတိုင်း ဒေါက်တာနှင့်ဘောဂမတူကြောင်း၊ တစ်ယောက်စီဖြစ်ကြောင်း သူဖြေရှင်းတတ်သည်။ ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် ခင်မောင်ညို(ဘောဂဗေဒ) တို့သည် စာရေးဆရာများဖြစ်ကြပေသိ မတူကွဲပြားပါသည်။ စာဖတ်သူများက သူတို့နှစ်ဦးကို တစ်ဦးတည်းထင်နေတတ်ကြသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး နီးကပ်လာချိန်တွင် စာမေးပွဲအနီးကပ်လမ်းညွှန်ဟောပြောရန်အတွက် ရန်ကုန်မြို့က နာမည်ကျော်ကျူရှင်ဆရာများကို နယ်အသီးသီးက ဖိတ်ကြားတတ်ပါသည်။ သမ္မတကြီးဦးသိန်းစိန် ဒီမိုကရေစီအစိုးရလက်ထက်တွင်ဖြစ်သည်။ ဒေါက်တာ BIO နှင့် ဦးမြင့်ဝင်းကျော်(ဓာတုဗေဒ)တို့ ပါဝင်သော ကျွန်တော်တို့အဖွဲ့သည် တောင်ငူမြို့သို့ ဟောပြောကြရန်အတွက် ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ကို တောင်ငူမြို့ရှိ...

မြတ်ဗုဒ္ဓဒေသနာ ခြေရာဖွေရှာ မဇ္ဈိမမှာ (၁၂)

  "ဆာ၊ အက်ဒွင်၊ အားနို(လ်ဒ်)၏ "အာရှ၏ အလင်း" လင်္ကာတွင်ထူးခြားသောအခန်းတစ်ခန်း ပါရှိ၏။ တပုဿနှင့် ဘလ’ိကညီနောင်သည် မြတ်စွာဘုရားသခင်ထံမှောက်၌ ဆွမ်းဦးမုန့်များကပ်လှူပြီး သရဏဂုံနှစ်ပါး (သံဃာရတနာမပေါ်သေးမီ ရှေးဦးဆုံးဘုရားနှင့် တရားဂုဏ်များသာ ပူဇော်ရခြင်း) ဆောက်တည်၏။ ဆံတော်မြတ်ရှစ်ဆူ ခံယူပြီး အပြန်ခရီးတွင် "ယသောဓရာဒေ၀ီ"နှင့် တွေ့ဆုံခန်းဖြစ်သည်။အခြားကျမ်းစာများတွင် မတွေ့ရဖူးသေး သော ဇာတ်ဝင်ခန်းဖြစ်၏။" "....အနာဂါရိက ဓမ္မပါလသူတော်စင် သည် ၁၈၉၁ ခုနှစ်တွင် ဗုဒ္ဓဂယာသို့ရောက်ရှိ ခဲ့ပြီးနောက် တွေ့မြင်ရသောအခြေအနေနှင့် ဆာအက်ဒွင် အားနို(လ်ဒ်)...

ယနေ့ခေတ်လူငယ်နှင့် ဘ၀အာမခံချက်

လူငယ်တဲ့။ လူငယ်ဆိုတဲ့အကြောင်းကိုတွေးမိရင် မိမိတို့ငယ်စဉ်က ဘ၀ပုံရိပ်တွေကို ပြန်လည်တွေ့မြင်မိသလိုရှိစေပါတယ်။ မိမိတို့ငယ်စဉ်ဘ၀ကတော့ သိပ်ပြီးခက်ခက်ခဲခဲနဲ့ စွန့်စားရုန်းကန်ခဲ့ရတဲ့ဘ၀မျိုးမဟုတ်တော့ သင်ခန်းစာယူစရာတွေ၊ အားကျအတုယူလောက်စရာတွေ မရှိခဲ့ဘူးဆိုပေမယ့် မိမိတို့ဘ၀ပတ်ဝန်းကျင်က အခြားသော လူငယ်တွေထဲမှာတော့ သင်ခန်းစာယူစရာတွေ၊ အားကျအတုယူစရာတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုရမှာပါ။ မိမိတို့ဘ၀ပတ်ဝန်းကျင်က အချို့သောလူငယ်တွေဆိုရင် ငယ်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ပိုင်ဆိုင်ခဲ့ကြတယ်။ အဲဒီလိုလူငယ်တွေထဲမှာ ဘ၀ကို စောစီးစွာလက်မြှောက်အရှုံးပေးသွားတဲ့ လူငယ်တွေရှိသလို ခက်ခဲကျပ်တည်းတဲ့ဘ၀ကနေ ရုန်းထွက်နိုင်အောင် ကြိုးပမ်းအားထုတ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို လက်လှမ်းနိုင်ခဲ့တဲ့ လူငယ်တွေလည်းရှိပါတယ်။ မိမိတို့ဘ၀ပတ်ဝန်းကျင်မှာ ဆုံတွေ့ဖူးတဲ့ လူငယ်တွေအကြောင်းစဉ်းစားမိရင် အချို့က...

မြတ်ဗုဒ္ဓဒေသနာ ခြေရာဖွေရှာ မဇ္ဈိမမှာ(၁၁)

  "ဤတွင် အာရှအလယ်ပိုင်း၌ ဗုဒ္ဓဘာသာကွယ်ပျောက်ရခြင်းမှာထိုသုံးချက်တွင် အုပ်ချုပ်သူတို့ ချီးမြှောက်မှုနည်းလာခြင်းမှာဖြစ်နိုင်သော်လည်း ထူးခြားသောအချက်မှာ ထိုနိုင်ငံများ၌ ၀င်ရောက် လာသော စီးပွားကုန်သွယ်ကြ သည့် အာရပ်လူမျိုး များသည်အဓိကအားဖြင့် အိမ်ထောင်ဖက်ပြုရာတွင် ဒေသခံများအားလက်ထပ်ပြီးသွေးနှော၍ ဘာသာပြောင်းစေခြင်းမှာ အဓိကဖြစ်ပေ လိမ့်မည်။" ရဟန်းတော် ဖာဆီယန်နှင့်အဖွဲ့ ဂိုဘိသဲကန္တာရကို ဖြတ်ကျော်ခဲ့ရာ ၁၇ ရက်မြောက်နေ့တွင် ရှန်ရှန် Shan Shan သို့ရောက်ရှိသည်။ တရုတ် Li အတိုင်းအတာဖြင့် ၁၅၀၀ မျှ သွားခဲ့ကြရ၏။(၁ လီ=...

ပညာရေး တွေးမိသမျှ

ခုတစ်လော ဆိုရှယ်မီဒီယာတွေမှာ နိုင်ငံတကာ ပညာရေးစနစ်တွေရဲ့ အတုယူဖွယ်ကောင်းတဲ့အချက်တွေ မကြာခဏ တွေ့လာနေရတယ်။ ဖင်လန်နိုင်ငံ ပညာရေးစနစ်၊ ဆွီဒင်နိုင်ငံပညာရေးစနစ်၊ ဗြိတိန်နိုင်ငံ ပညာရေးစနစ်၊ ဂျပန်နိုင်ငံ ပညာရေးစနစ် စသဖြင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရဲ့ ပညာရေးစနစ်အကြောင်းတွေ ရေးထားတယ်။ ရေးထားတယ်ဆိုတာ သူတို့ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်တယ်၊ ကျောင်းတွေမှာ ဘယ်လိုသင်ကြားတယ်၊ ကျောင်းသားတွေက ဘယ်လိုသင်ယူကြတယ်ပေါ့။ ပညာရေးစနစ်ဆိုတာ အတိအကျ တုပလို့မရဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူနိုင်ဘူး။ အသိရှိဖို့ပဲလိုတယ်။ သတိရှိဖို့ပဲလိုတယ်။ အလုပ်ဖြစ်ဖို့ပဲလိုတယ်။ အခု...

စက္ကန့်နှစ်ဆယ် ဒိုင်ယာရီ

ဘ၀ကို အဓိပ္ပာယ်ရှိရှိရပ်တည်နိုင်ရန် အဓိကလိုအပ်ချက်မှာ ဘာသာတရား၏ အဆုံးအမဖြစ်သည်။ ထို့အတူ မိမိ၏စာဖတ်အား၊ အတွေးအခေါ်၊ အသိပညာ၊ စာပေပညာရှင်ကြီးများ၏ အဆိုအမိန့်၊ မိဘများ၏ လမ်းညွှန်မှုများနှင့် ကျွန်တော်တို့ငယ်စဉ်က သင်ခဲ့ရသော စကားပုံများလည်း ပါသည်။ "ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ" "ကြက်မှာအရိုး လူမှာအမျိုး" "ကိုယ့်ရှူးကိုယ်ပတ်" "ဒူးနေရာဒူး တော်နေရာတော်" စကားပုံတွေ အများကြီးရှိသည်။ ကာလတစ်ခုက စကားပုံတိုင်း အသုံးဝင်သည်ဟု ပြောလို့ရသော်လည်း မိုဘိုင်းလ်ဖုန်းနှင့် ဖေ့စ်ဘွတ်ခ်ယဉ်ကျေးမှုအောက်တွင် တချို့စကားပုံများကို မိမိမှတ်ဉာဏ်ထဲက ထုတ်ပစ်လိုက်ရသလို တချို့ကိုမိမိအသိဉာဏ်နှင့် မိမိလိုက်နာသင့်၊ မသင့်ဆုံးဖြတ်ရသည်။ အဘယ်ကြောင့်ဆိုသော်...

မြတ်ဗုဒ္ဓဒေသနာ ခြေရာဖွေရှာ မဇ္ဈိမမှာ(၁၀)

  "ရဟန်းတော် ဖာဆီယန်၏ တရုတ်ဘာသာဖြင့် ရေးသားခဲ့သော ဗုဒ္ဓသာသနာဝင်ဒေသများနှင့် ခရီးသွားမှတ်တမ်းမှာ အေဒီ ၅ ရာစုတွင် ထွက်ရှိခဲ့၏။ ပထမဆုံးသော ရေးသားထားသည့် ကျမ်းမှတ်တမ်းစာမှာ ၀ါးပြားများနှင့် ပိုးထည်များပေါ်တွင် ကိုယ်တိုင်ရေးသားထားခြင်းဖြစ်သည်။" "မြတ်ဗုဒ္ဓဒေသနာ ခြေရာဖွေရှာ မဇ္ဈိမမှာ" ဟူ၍ ဆိုခဲ့သော ခေါင်းစဉ်အရ သစ္စာလေးပါးကို ပိုင်းခြားသိမြင် ထင်ရှားစွာ ဟောတော်မူသော မြတ်စွာဘုရားသခင်၏ ဒေသနာနှင့် ခြေရာတို့ကို (မဇ္ဈိမတစ်ခွင် ဖြစ်တော်စဉ်တို့ကို ဖူးတွေ့ပြီးနောက်) လေ့လာဖွေရှာမိခြင်းကို ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။ ဒေသနာဟူသည်...

သူတော်ကောင်းထုံး နှလုံးမူစေချင် . . . .

ဆရာ၊ ဆရာမတွေရဲ့ စိတ်ဓာတ်တွေ (Mind-Set) တွေက ပြောင်းမရတော့ဘူး။ အသက်ကြီးကုန်ကြပြီ။ အတွေးအခေါ် အယူအဆတွေက ပုံစံခွက်ထဲမှာ မထွက်နိုင်တော့ဘူး။ ခေတ်ပေါ်စာပေဗဟုသုတဆိုတာကလည်း လေ့လာရကောင်းမှန်း၊ ဖတ်ရမှတ်ရကောင်းမှန်းတောင် မသိကြတော့ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ အတွေးအခေါ်အယူအဆမျိုးတွေကိုတော့ ကလေးတွေဆီ လက်ဆင့်မကမ်းကြပါနဲ့။ ကယားပြည်နယ် လွိုင်ကော်မြို့မှာ လူငယ်ငြိမ်းချမ်းရေး စကားဝိုင်း (Peace Talk) ကျင်းပသွားခဲ့တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတစ်ခုကို ဖြေကြားရာမှာ ပြောကြားသွားပါတယ်။ အဲဒါကတော့ "လူကြီးတွေရဲ့...

မုသား

ယခုတစ်လော လူငယ်တွေအကြောင်းကို အချိန်များများ စဉ်းစားနေမိသည်။ ဘာကြောင့်လဲ။ အဖွဲ့ချုပ်က မြို့နယ်၊ ခရိုင်၊ တိုင်းမြို့များကို လှည့်လည်ပြီး လူငယ်ညီလာခံအတွက် ပြင်ဆင်နေကြသော အချိန်ဖြစ်နေသောကြောင့် လူငယ်ဆိုင်ရာ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ ဟိုမှာ၊ ဒီမှာ တွေ့မြင်နေရခြင်းသည်လည်း လူငယ်တွေအကြောင်း စဉ်းစားမိစေခြင်းလည်း ဖြစ်တန်ရာသည်။ နဂိုမူလဓာတ်ခံများအရလည်း လူငယ်တွေအပေါ် ချစ်ခင်ပေါင်းသင်းလေ့ရှိရာ လူငယ်များ၏ ဓလေ့၊ အတွေ့အကြုံ၊ စရိုက်တို့ကို အခြားသူတွေထက် ပိုမိုသိမြင်အကဲဖြတ်နိုင်သည်ဟု အတွေးရောက်မိသည်များလည်း ရှိဖူးပါသည်။ လူငယ်စာရေးသမား၊ စာဖတ်သမား၊ လူငယ်ကဗျာဆရာ၊...