မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးအနောက်ဘက်ရှိ မဲရုံများ၌ တပ်မတော်သားများနဲ့ မိသားစုဝင်များ ဆန္ဒမဲပေးနေကြတာကိုတွေ့ရပါတယ်။

ဆန္ဒမဲပေးခွင့်ရှိသူ ၅၅၀၀ ကျော်ရှိပြီး မန္တလေးခရိုင်မှာ တပ်မတော်သားနဲ့တပ်မတော်သားမိသားစုဝင်များ ဆန္ဒမဲပေးရမယ့် မဲရုံ (၅) ခုရှိပြီး တပ်မတော်သားများနဲ့ အရပ်သားတွဲ၍ မဲပေးရမယ့်မဲရုံ (၁၃) ရုံရှိပါတယ်။

ပုသိမ်မြို့ရှိတပ်မဲရုံများ၌ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန် စီစဉ်ထား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ တပ်မဲရုံ ၆ ရုံရှိပြီး မဲရုံ ၃ ရုံကတော့ အရပ်သားတွေနဲ့အတူပေးရတဲ့ မဲရုံဖြစ်ပါတယ်။ အားလုံးကိုတော့ လွတ်လပ်စွာ ဆန္ဒမဲပေနိုင်အောင် စီစဉ်ထားတယ်လို့ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်။ မဲရုံကိုလာပေးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း ဆန္ဒမဲပေးခဲ့ကြပြီး မဲရုံအဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နဲ့ Face Shield များဝေငှပေးခဲ့တာကိုတွေ့ရပါတယ်။

ဒဂုံမြို့နယ်၊ ‌အထက(၁)ဒဂုံကျောင်းရှိ မဲရုံတွင် ဆန္ဒမဲပေးနေသည့် မြင်ကွင်းများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်‌၊ အထက(၁) ဒဂုံကျောင်းဝင်းအတွင်းမှာ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၆ နာရီကစတင်ပြီး ဆန္ဒမဲများပေးနေပြီဖြစ်ပါတယ်။

Photo_NEWS

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၇ ရပ်ကွက်ရှိ ပြည်သူများသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရန် ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၆ နာရီမှစတင်ကာကျန်းမာရေးလမ်းညွှန်ချက်များအတိုင်းစောင့်ဆိုင်းနေကြသည်ကိုမြင်တွေ့ရသည်။

ယနေ့ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း တာမွေမြို့နယ်မဲဆန္ဒနယ်မြေရှိ မဂ္ဂင်လမ်း မဲရုံအမှတ် (၃) တွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲ လာရောက်ပေးလျက်ရှိသည်။

ဓာတ်ပုံ - ထူးထူး/စံတော်ချိန် စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7 စံတော်ချိန်ဝက်ဘ်ဆိုက်-http://sdtimedaily.com/ စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir