Yangon Bikers Revolution အဖွဲ့ နှာခေါင်းစည်းဝေမျှသည့် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့၌ မော်တော်ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေးလှုပ်ရှားနေသည့် Yangon Bikers Revolution အဖွဲ့သည် ယနေ့(ဇန်နဝါရီ ၁၇ ရက်) ညနေပိုင်းက မြို့တော်ခန်းမရှေ့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့မျှဝေသည့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သည်။

Photo_NEWS

ကိုဗစ်ဒုတိယလှိုင်းအစတွင် ယာယီပိတ်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာဈေးကြီးအား ယနေ့(ဇန်နဝါရီ ၆ ရက်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးအတွင်းသို့လာရောက်သူများအား အဝင်ဝတွင် လက်ဆေးစေခြင်း၊ အပူချိန်တိုင်းစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့သည်။

Photo_NEWS

ကိုဗစ်ကာလအတွင်းကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်၌ အပျော်တမ်းစားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပနေသည်ကို ယနေ့မွန်းလွဲပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - ဖိုးသား/စံတော်ချိန်

(၇၃) နှစ်မြောက်လွတ်လပ်‌ရေး‌နေ့အခမ်းအနား မန္တလေးမြို့တွင်ပြုလုပ်

ယနေ့(ဇန်နဝါရီ ၄ ရက်)တွင်ကျရောက်သည့် ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည်။

၇၃ နှစ်မြောက်လွတ်လပ်‌ရေး‌နေ့အခမ်းအနား လူဦးရေ(၁၀၀)ခန့်ဖြင့်ပြုလုပ်

ယနေ့(ဇန်နဝါရီလ ‌၄ ရက်)တွင် ကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင်လူဦး‌ရေ(၁၀၀)ခန့်ပြုလုပ်ခဲ့သည်။

Stop COVID အဝါရောင် Campaign ရန်ကုန်မြို့၌ပြုလုပ်

"Stop COVID အဝါရောင် Campaign" ကို ယနေ့(ဒီဇင်ဘာ ၂၅ ရက်) နံနက် ၈ နာရီက ရန်ကုန်မြို့ ၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း Mask တပ်ပေးကြဖို့နဲ့ လက်ဆေးဖို့ကို ပုံမှန်ပြုလုပ်ဖို့နဲ့ ကျန်းမာရေးညွှန်ကြားချက်စည်းကမ်းတွေကိုလိုက်နာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ (၇၃) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်

တပ်မတော်(ရေ) ထူထောင်တဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ဒီကနေ့(ဒီဇင်ဘာ ၂၄ ရက်) နံနက်ပိုင်းမှာ သန်လျင်မြို့၊ သီလဝါဆိပ်ကမ်းအနီး ရန်ကုန်မြစ်ထဲမှာကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ပထမဆုံးပိုင်ဆိုင်တဲ့ ရေငုပ်‌သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူ တပ်တော်ဝင်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်(ရေ) ရဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ မြန်မာနိုင်ငံက ပထမဆုံးပိုင်ဆိုင်တဲ့ ရေငုပ်‌သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူနဲ့အတူ မြန်မာနိုင်ငံမှာတည်‌ဆောက်ထားတဲ့...