ညီညွတ်သော ဒီမိုကရက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး နေပြည်တော်တွင် မဲဆွယ် စည်းရုံး

ညီညွတ်သော ဒီမိုကရက်ပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေပြည်တော်၌ ယနေ့(အောက်တိုဘာ ၇ ရက်)နံနက်ပိုင်းက အင်အားရာနှင့်ချီ၍လှည့်လည်မဲဆွယ်စည်းရုံးခဲ့ကြသည်။ အဆိုပါ မဲဆွယ်စည်းရုံးမှုတွင် နေပြည်တော် (၈) မြို့နယ်မှ ပါတီဝင်များ၊ ၀န်းရံသူများက မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဥပ္ပါတသန္တိဘုရား အနီးမှ စတင်ကာ ပျဉ်းမနားမြို့နယ်၊...

အဘိဓမ္မ ရတနာဃရ ကိုဗစ်-၁၉ ကုတင် (၃၀၀) သံဃာဆေးရုံကြီးအတွက် အလှူငွေလှူဒါန်းခြင်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

အဘိဓမ္မ ရတနာဃရ ကိုဗစ်-၁၉ ခုတင် (၃၀၀) သံဃာဆေးရုံကြီးအတွက် အလှူငွေလှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့(အောက်တိုဘာ ၅ ရက်)နံနက်ပိုင်းက ကျင်းပခဲ့သည်။

COVID -19 ရောဂါ အသိပညာပေးမှုများကို မင်္ဂလာတောင်ညွှန့်ရှိ ဈေးအချို့တွင်ပြုလုပ်

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးနှင့် သိမ်ဖြူဈေးတို့တွင် COVID-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဝေငှခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသည်။

မမီးမီး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အလှူဒါနပြုလုပ်

၈၈ မျိုးဆက်ကျောင်းသူမမီးမီး ကွယ်လွန်ခြင်း (၂) နှစ်ပြည့်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားများက မမီးမီး၏အုတ်ဂူအား ပြန်လည်ပြင်ဆင်ခြင်းနှင့် အရှေ့ဒဂုံမြို့နယ်ရှိ (NAC) တွင်ဆင်းရဲနွမ်းပါးပြီး ခုခံအားကျဆင်းမူရောဂါကူးဆက်ခံစားရသူများအတွက် အာဟာရဒါနများ လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ဝါဆိုသင်္ကန်းဆပ်ကပ်ပူဇော်ပွဲကျင်းပ

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF) မှ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ် ပူဇော်ပွဲကို ယနေ့(ဩဂုတ် ၆ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ရုံးချုပ်ခန်းမတွင် ကျင်းပခဲ့သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်

မရန်းကုန်းမြို့နယ် တရားရုံး၌ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု့ ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရသည့် တရားဟောဆရာစောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးကို ယ‌‌နေ့(သြဂုတ် ၆ ရက်)တွင် အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်သည်။