YBS ခရီးသည်ယာဉ်များတွင် YPS Card ဖြင့်ငွေပေးချေစနစ် စတင်အသုံးပြု

YBS ခရီးသည်တင်မော်တော်ယာဉ်များတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS (Yangon Payment Services) ကို ယနေ့ (ဇူလိုင် ၂၁ ရက်) မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ YPS Card...

အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများကြောင့် ခေတ္တရပ်နားထားရသည့် အခြေခံပညာ အထက်တန်းကျောင်းများကို မြန်မာတနိုင်ငံလုံးတွင် ယနေ့ (ဇူလိုင်၂၁ ရက်) မှစတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသို့ ပြည်သူများတက်ရောက်ဂါရဝပြု

(၇၃) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အလေးပြုခြင်းအစီအစဉ်ကို ယနေ့(ဇူလိုင် ၁၉ ရက်) နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိရာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင်ပြုလုပ်ခဲ့ပြီး ပြည်သူများတက်ရောက်၍ ဦးညွှတ်ဂါရဝပြုခဲ့ကြသည်။

ရွှေတိဂုံစေတီတော်အား ဂျူလိုင်လကုန်ထိ ဖွင့်လှစ်နိုင်မည်မဟုတ်ဟု ဂေါပကအဖွဲ့ပြောကြား

Covid-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်သည့် (ဇူလိုင် ၃၁ ရက်)ထိ ရွှေတိဂုံစေတီတော်အား ပြန်လည်ဖွင့်လှစ်မည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

YBS ခရီးသည်ယာဉ်များတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS Card များ စတင်ရောင်းချ

YBS ခရီးသည်တင်မော်တော်ယာဉ်များတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS (Yangon Payment Services) ကိုစတင်အကောင်အထည်ဖေါ်ရန် YPS Card များကို မြို့နယ်တိုင်းရှိ G & G ဆိုင်များတွင် ယနေ့ (ဇူလိုင် ၁၆ ရက်) မှ စတင်၍ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

၅၈ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ မိုင်းခွဲဖျက်ဆီးခံရသည့် ယနေ့(ဇူလိုင် ၇ ရက်) တွင် ကျောင်းသားမျိုးဆက် အသီးသီးမှ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက သမဂ္ဂအဆောက်အအုံဟောင်းနေရာတွင် ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် အခမ်းအနားကိုကျင်းပခဲ့ကြသည်။

ဖားကန့်မြေစာပုံပြိုကျ၍ သေဆုံးသူများအား မီးသဂြိုဟ်

ကချင်ပြည်နယ် ဖားကန့်၌ မြေစာပုံပြိုကျ၍ သေဆုံးခဲ့ကြသူများအား ယနေ့(ဇူလိုင် ၄ ရက်)တွင် မီးသဂြိုဟ်သည်။ မြေပြိုမှုကြောင့်သေဆုံးခဲ့ရသူများ၏ ဆွေမျိုးမိတ်ဆွေများကလည်း ကျောက်စိမ်းတူးဖော်သည့်နေရာတွင် သရဏဂုံတင်ဆုတောင်းပေးခဲ့ကြသည်။ ထိုမြေစာပုံပြိုကျခဲ့သည့်နေရာတွင်...