”အနုပညာလုပ်တာကို တာဝန်လို့မသတ်မှတ်ထားဘူး”
ဒါရိုက်တာ ခရစ္စတီးနားခီနှင့်တွေ့ဆုံခြင်း
ဥပါယ်တံမျဉ်ဇာတ်ကားကို ဖန်တီးသူ ဒါရိုက်တာခရစ္စတီးနားခီသည် မြန်မာရုပ်ရှင်ဇာတ်ကားများတွင် မတူကွဲထွက်သည့်ဇာတ်ကားပုံစံဖန်တီးမှုများကြောင့် ပရိသတ်အားပေးမှုရရှိခဲ့သူ ဒါရိုက်တာတစ်ဦးဖြစ်သည်။ ဥပါယ်တံမျဉ်ဇာတ်ကားကို စတင်ဖန်တီးခဲ့ပြီး မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားတွင်လည်းပရိသတ်များ လက်ခံခဲ့ကြသည်။ တတိယမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် Now & Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သည့် မေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါသည်။
မေး - Now & Ever အတွက် ၀တ်မှုံနေရာမှာ ပိုင်ဖြိုးသုကို ရွေးချယ်ဖြစ်တာက ဘယ်လိုမျိုးကြောင့်လဲ။
သရုပ်ဆောင်ရွေးချယ်ပွဲမှာ အိုက်တင်လေးတွေ လုပ်ပြတယ်။ ကိုဇဏ်ခီကိုပြန်ခေါ်ပြီးတော့...
အနုပညာအလုပ်တွေခဏရပ်ထားပြီး ပရဟိတလုပ်နေတဲ့နိုင်လူ
လတ်တလောမှာ အနုပညာအလုပ်တွေရပ်နားထားပြီး ပရဟိတအလုပ်တွေကို အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သရုပ်ဆောင်နိုင်လူကပြောပါတယ်။
“အနုပညာရှင်တွေကို ချစ်ခင်အားပေးတဲ့စိတ်နဲ့ ဆုတော်ငွေတွေ ချီးမြှင့်တယ်။ ရရှိလာတဲ့ ဆုချတဲ့ ဆုကြေးငွေ ပမာဏလေးတွေကို စုပေါင်းပြီး အသင်းချုပ်ကို တင်ပြတယ် ။ ဘယ်မှာလှူချင်သလဲ ထောက်ပံ့ချင်သလဲ သူတို့ လှူစေချင်တဲ့နေရာတွေကို သွားလှူပေးတယ်” လို့ နိုင်လူက ပြောပါတယ်။
Line Walker-2 ရိုက်ကွင်းက မြန်မာပရိသတ်တွေရဲ့ အတွေးအခေါ်ကို ရင့်ကျက်လာစေမယ်ဆိုတဲ့ ရန်အောင်
ရန်ကုန်မြို့မှာလာရောက်ရိုက်ကူးနေတဲ့ Line Walker-2 ဇာတ်ကားရဲ့ ရိုက်ကူးတဲ့ စနစ်၊ သရုပ်ဆောင် အသုံးပြုပုံတွေက အဆင့်မြင့်မှာဖြစ်လို့ မြန်မာပရိသတ်တွေဘက်က အနီးကပ်လေ့လာနိုင်သလို အတွေးအခေါ်ပိုင်းလည်း ရင့်ကျက်လာလိမ့်မယ်လို့ အကယ်ဒမီ ရန်အောင်က ပြောပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကိုမြန်မာနိုင်ငံမှာ အခုလိုမျိုး လမ်းပိတ်ရိုက်ကူးမှု မရှိခဲ့ဘူးတာကြောင့် Line Walker-2 ရိုက်ကွင်းကို အနီးကပ် လေ့လာချင်တယ်လို့လည်း အကယ်ဒမီ ရန်အောင်က ပြောပါတယ်။
အနုပညာသတင်းထောက် ရှိုင်းက ရိုက်ကူးထားပါတယ်။
“မနဲ့မောင် အချစ်ရေးကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့ ခါရာ”
ချစ်သူကအသက်ကြီးပေမယ့်အမြဲစိတ်ကောက်နေလို့တစ်ချိန်လုံးချော့နေရတယ်ဆိုတဲ့ သရုပ်ဆောင်ခါရာက ချစ်သူဖြစ်သူကြောင့် အနုပညာအလုပ်တွေမှာ အဆင်ပြေခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ရိုက်ကူး - ကိုဖြိုးကြီး (စံတော်ချိန်) မေးမြန်း - ရှိုင်း(စံတော်ချိန်)
အဖြူရောင်ပါးပါးလေးဝတ်ခဲ့ပါတောင်းဆိုလို့ဝတ်ရတာပါဆိုတဲ့ သင်ဇာဝင့်ကျော်
မနေ့ဖွင့်လှစ်တဲ့အောင်သီရိစိန်တိုက်ဖွင့်ပွဲကိုတက်ရာက်လာတဲ့သရုပ်ဆောင်သင်ဇာဝင့်ကျော်ဝတ်ဆင်ခဲ့တဲ့ဝတ်စုံနဲ့ပတ်သက်ပြီးလက်ခံသူရှိသလိုဝေဖန်မှုများလည်းပြင်းထန်ခဲ့ပြီးသင်ဇာဝင့်ကျော်ကတော့ဖိတ်ကြားသူရဲ့တောင်းဆိုချက်အရ၀တ်ရတာလို့ဖြေရှင်းသွားခဲ့ပါတယ်။