video

ပြင်သစ်နိုင်ငံပဲရစ်မြို့မှာကျင်းပမည့် Paris Fashion Week ကို တက်ရောက်မယ့် နေခြည်ဦး

စံတော်ချိန်_အနုပညာရပ်ဝန်း L'Oreal Paris မှ Official Partner အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်မယ့် Paris Fashion Week 2019 ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ဖို့Beauty Blogger နေခြည်ဦးနဲ့ Make Me Beautiful Season 2 winner Makeup Artistဘုန်းငြိမ်းချမ်းတို့ကိုရွေးချယ်ထားပါတယ်။
video

အနုပညာအလုပ်တွေခဏရပ်ထားပြီး ပရဟိတလုပ်နေတဲ့နိုင်လူ

လတ်တလောမှာ အနုပညာအလုပ်တွေရပ်နားထားပြီး ပရဟိတအလုပ်တွေကို အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သရုပ်ဆောင်နိုင်လူကပြောပါတယ်။ “အနုပညာရှင်တွေကို ချစ်ခင်အားပေးတဲ့စိတ်နဲ့ ဆုတော်ငွေတွေ ချီးမြှင့်တယ်။ ရရှိလာတဲ့ ဆုချတဲ့ ဆုကြေးငွေ ပမာဏလေးတွေကို စုပေါင်းပြီး အသင်းချုပ်ကို တင်ပြတယ် ။ ဘယ်မှာလှူချင်သလဲ ထောက်ပံ့ချင်သလဲ သူတို့ လှူစေချင်တဲ့နေရာတွေကို သွားလှူပေးတယ်” လို့ နိုင်လူက ပြောပါတယ်။
video

ချစ်သူထားရင် အရမ်းမိန်းမဆန်တာမျိုးဆို သဘောမကျဘူးဆိုတဲ့ တိုင်ရွန်

စံတော်ချိန်_အနုပညာရပ်ဝန်း သရုပ်ဆောင်ပိုင်းကို တစိုက်မတ်မတ်လုပ်ဆောင်ဖြစ်နေတဲ့ သရုပ်ဆောင် တိုင်ရွန်က ချစ်သူထားပါက ပရိတ်သတ်ကို အသိပေးသွားမှာဖြစ်ပြီး မိန်းမမဆန်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ်လို့ပြောပါတယ်။ ရိုက်ကူး/တည်ဖြတ်- ရှိုင်း ( စံတော်ချိန်)
video

အနုပညာနယ်ပယ်မှာသရုပ်ဆောင်တွေရှားတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

သရုပ်ဆောင်တွေရှားလာတဲ့အတွက်အလုပ်လုပ်တဲ့အပိုင်းတွေမှာအဆင်မပြေဖြစ်ရတယ်ဒါကြောင့်သရုပ်ဆောင်သစ်တွေကိုကြိုဆိုပါတယ်လို့သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကပြောပါတယ်။ ရိုက်ကူး/မေးမြန်း/တည်းဖြတ် - ရှိုင်း(စံတော်ချိန်)
video

ခန္ဓာကိုယ်ကြောင့်နာမည်ကြီးတာမဟုတ်ဘူး၊ မိတ်ကပ်ပညာကြောင့်နာမည်ရလာတာပါဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

ဟာသဗီဒီယိုလေးတွေကြောင့် ပရိသတ်ချစ်ခင်အားပေးမူများစွာရရှိလာတဲ့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) က ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်မျိုးကိုဒီဇိုင်နာတွေနဲ့ သေချာတိုင်ပင်ပြီးဝတ်ဖြစ်သလို ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သတ်ပြီးဝေဖန်ကြတဲ့အပေါ်မှာလည်း စိတ်ထဲမထည့်ထားကြောင်းပြောပါတယ်။ ရိုက်ကူး/မေးမြန်း/တည်းဖြတ် - ရှိုင်း (စံတော်ချိန်)
video

ပရိသတ်အမြင်ဆန်းအောင် အရမ်းဟော့တာမျိုး ဝတ်ဖြစ်နေတယ်ဆိုတဲ့ ရွှေစင်

မြန်မာဆန်ဆန်လေးတွေပိုအဝတ်များပြီး အခုနောက်ပိုင်းမှ ပရိသတ်အမြင်ရိုးမှာဆိုးလို့ ဖက်ရှင် စတိုင်လေးတွေချိန်းပြီး အရမ်းဟော့တာလေးတွေ ဝတ်ဖြစ်နေတာပရိသတ်အတွက်ပါလို့ သရုပ်ဆောင်ရွှေစင် က ပြောပါတယ်။ ရိုက်ကူး/မေးမြန်း/တည်းဖြတ်- ရှိုင်း(စံတော်ချိန်)
video

ထက်ထက်မိုးဦးရဲ့ ကြော်ငြာတွေနဲ့ ကြီးပြင်းခဲ့ရတာဆိုတဲ့ နေတိုး

ပရိသတ်အချစ်တော် သရုပ်ဆောင်နေတိုးက သရုပ်ဆောင်ထက်ထက်မိုးဦးကို လေးစားရတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုထားတာကြောင့် မထက်ကို အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်စေချင်တယ်လို့ ပြောပါတယ်။ ရိုက်ကူး /မေးမြန်း/ တည်းဖြတ် -ရှိုင်း (စံတော်ချိန်)
video

အောင်မြင်မူတစ်ခုခိုင်မာဖို့ရိုးသားကြိုးစားပါဆိုတဲ့ ဂရေဟမ်

ပရိတ်သတ်အားပေးမှု ယနေ့ချိန်ထိအခိုင်အမာရရှိထားတဲ့ အဆိုတော်ဂရေဟမ်က သမီးဖြစ်သူ ပန်းရောင်ခြယ်အတွက် အနုပညာလောကမှာ အောင်မြင်မူတစ်ခုရေရှည်ရရှိစေရန်အတွက် အလုပ်အပေါ်ရိုးသားကြိုးစားပါလို့ဖြေဆိုခဲ့သလို အဆိုတော်ပန်းရောင်ခြယ်ကလည်း ဂီတပိုင်းမှာကောသရုပ်ဆောင်အပိုင်းမှာပါ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး ပရိတ်သတ်ချစ်ခင်မူရအောင် အမြဲကြိုးစားနေမှာဖြစ်သလို ယခုနှစ်အတွက် တစ်ကိုယ်တေတ်ခွေထွက်ဖို့ပြင်ဆင်နေပါတယ်လို့ပြောပါတယ်။ ရိုက်ကူးမေးမြန်း-ရှိုင်း (စံတော်ချိန် )