video

ရင်ခွင်ပျောက်ပန်းရိုင်းများရဲ့ရှင်သန်မှု

အကြောင်းအမျိုးမျိုးကြောင့်မိဘရင်ခွင်နဲ့ဝေးကွာခဲ့ရတဲ့ရင်သွေးငယ်တွေမှာလူတိုင်းနားမလည်နိုင်တဲ့စိတ်ခံစားမှုတွေရှိနေပါတယ်။သူတို့တွေဟာ ပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းလာတဲ့ ကလေးတွေနဲ့မတူ တဲ့နေထိုင်မှုပုံစံတွေနဲ့နေ့ရက်တွေကိုရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ သူတို့လေးတွေကိုဘုန်ကြီးကျောင်းတွေ၊သီလရှင်ကျောင်းတွေနဲ့ကလေးထိန်းသိမ်းရေးဂေဟာတွေကတတ်နိုင်သမျှစောင့်ရှောက်ပေးနေကြပေမယ့်လိုအပ်ချက်အများအပြားရှိနေပါသေးတယ်။ ကံကြမ္မာရဲ့ထိုးနှက်ချက်ကိုအရွယ်နဲ့မမျှကြုံတွေ့ခဲ့ရတဲ့ရင်သွေးငယ်တွေရဲ့စိတ်ခံစားချက်တစ်စိတ်တစ်ဒေသကိုရိုက်ကူးတင်ဆက်ထားပါတယ်။
video

ပစ်မှတ်များနှင့် ဘဝ

သေနတ်ပစ်အားကစားဟာ အချိန်တိုအတွင်းအောင်မြင်အောင် လွယ်ကူစွာဆောင်ရွက်လို့ ရတဲ့အား ကစားနည်းတစ်ခုမဟုတ်ပါဘူး။ အာရုံစူးစိုက်မှု၊ အမြင်အာရုံကြည်လင်မှု၊ စိတ်တည်ငြိမ်မှုတွေရှိမှသာ လိုချင်တဲ့ ပစ်မှတ်ကိုထိအောင် ပစ်လို့ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ဝါသနာပါတဲ့အားကစားနည်းကိုစူးစူးစိုက်စိုက်လေ့ကျင့်ရင်းအောင်မြင်မှုတွေရှာဖွေနေတဲ့သေနတ်ပစ်အားကစားသမားတစ်ဦးရဲ့ဘ၀ကိုရိုက်ကူးတင်ဆက်ထားပါတယ်။

ဆိုက်ကားပေါ်ကဘဝ

ကျပ်တည်းလှတဲ့ခေတ်စနစ်ထဲမှာ တစ်နေ့စာတစ်နေ့ရုန်းကန်ရှာဖွေနေရတဲ့ အခြေခံလူတန်းစားအလွှာထဲမှာအနှေးယာဉ် လုပ်သားတွေလည်းအပါအ၀င်ဖြစ်ပါတယ် ။နေပူမရှောင်၊မိုးရွာမရှောင်ကာယကိုအားပြုပြီးပင်ပန်းကြီးစွာဝမ်းစာရှာနေရပေမယ့်သူတို့ဘ၀တွေကတော့အနာဂတ်အတွက်အာမခံချက်များများစားစားမရှိပါဘူး။ ၁၈နှစ်တိုင်ဆိုက်ကားနင်းရင်းဘ၀ကိုဖြတ်သန်းလာခဲ့တဲ့ ကိုသော်ဇင်တစ်ယောက်လည်းနေ့စဉ်စားဝတ်နေရေးထဲမှာပဲ သံသရာလည်နေပြီးဘ၀ကထူးထူးခြားခြားပြောင်းလဲလာတာမရှိသေးပါဘူး။ ဒါပေမယ့်သားသမီးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ သူကတော့ရင်သွေးတွေရဲ့ပညာရေးနဲ့စားဝတ်နေရေးအတွက်လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်လို့နေပါတယ်။
video

ရိုးရာမုန့်နှင့် လမ်းသစ်ဖောက်သူ

နိုင်ငံတိုင်းလူမျိုးတိုင်းမှာဒေသထွက်ရိုးရာအစားအစာတွေရှိတတ်ကြသလိုမြန်မာလူမျိုးတွေမှာလည်းကိုယ်ပိုင်ဟန်နဲ့အရသာရှိတဲ့ရိုးရာမုန့်တွေကြွယ်ဝလှပါတယ်။ ဒါပေမယ့်မြန်မာ့ရိုးရာမုန့်လုပ်ငန်းကိုတစ်နိုင်တစ်ပိုင်နဲ့ခေါင်းရိက်ဗျပ်ထိုးလောက်သာလုပ်ကိုင်ကြသူများပြီးခိုင်မာတဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်အောင်လုပ်ကိုင်ကြသူကနည်းပါးနေပါသေးတယ်။ မရွှေရည်ဖြိုးကတော့ငွေကျပ်သုံးသိန်းနဲ့မြန်မာမုန့်လုပ်ငန်းကိုစတင်ခဲ့ပြီးအခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ကာ အခုဆိုရင်တော့အောင်မြင်တဲ့စွန့်ဦးတ်ီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့ပါပြီ။သူဘယ်လိုရုန်းကန်ခဲ့လဲ။နိုင်ငံတကာအထိထိုးဖောက်နိုင်အောင်ဘယ်လိုနည်းလမ်းတွေရှာဖွေနေလဲဆိုတာရိုက်ကူးတင်ဆက်ပေးထားပါတယ်။
video

စုတ်ချက်တွေနဲ့ ခင်းတဲ့ဘ၀လမ်း

ပန်းချီပညာကိုအခြေခံရာကနေတက်တူးပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ကြိုးစားရုန်းကန်ရင်း အခက်အခဲတွေစိန်ခေါ်မှုတွေကိုကျော်ဖြတ်ခဲ့သူတစ်ယာက်ဖြစ်သလို ခန္ဓာကိုယ်ပေါ်အလှဆင်တဲ့အနုပညာတစ်ခုအဖြစ် တက်တူးထိုးကြသူတွေအပေါ်ပတ်ဝန်းကျင်ရဲ့ အမြင်ရှုထောင့်ကိုပြောင်းလဲပေးချင်သူတက်တူးပညာရှင် ကိုစိုးလေးဖြတ်သန်းခဲ့ရတဲ့ဘဝခရီးလမ်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။
video

စောင်းတစ်လက်ရဲ့ ဖန်ဆင်းရှင်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ
video

ဒီဂျေလမ်းသစ်ကို ကိုယ်တိုင်ဖောက်သူ

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လောကမှာဖြစ်ချင်တဲ့စိတ်တစ်ခုကိုအခြေခံပြီးဖြစ်အောင်လုပ်နိုင်ကြောင်း လူငယ်ဒီဂျေတစ်ဦးဖြစ်တဲ့ ဒီဂျေ OU J ကလက်တွေ့ပြသနိုင်ခဲ့ပါပြီ။ အင်တာနက်ကနေ ဂီတပညာကို လေ့လာပြီး အောင်မြင်တဲ့ ဒီဂျေသမားတစ်ဦးအဖြစ် လျှောက်လှမ်းလို့နေပြီဖြစ်ပါတယ်။