လှုပ်လှုပ်ရှားရှား ၂၀၂၀ ကမ္ဘာ့ဖြစ်ရပ်များ
ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအတွက် သာမက ကမ္ဘာနဲ့ချီပြီး အဖြစ်အပျက်မျိုးစုံနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခင်းအကျင်းအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ မယုံနိုင်အောင်ကြုံလိုက်ရပြီး လက်ရှိအချိန်အထိ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါပြဿနာ၊ ကုန်သွယ်ရေးစစ်ပွဲ၊ စီးပွာရေးယိုယွင်းလာမှု၊ အရှေ့အလယ်ပိုင်းအရေးနဲ့ နိုင်ငံတကာမှာဒီမိုကရေစီစံနှုန်းတွေကျဆင်းလာပြီး အကြမ်းဖက်ဝါဒခေါင်းထောင်လာမှုတွေအပါအဝင် လူသားတွေအတွက် အကျိုးသက်ရောက်မှုကြီးမားတဲ့ အဖြစ်အပျက်အများအပြားရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေထဲမှာ အများစုကတော့ အားတက်ဖွယ်အခြေအနေမှာ ရှိမနေခဲ့ပါဘူး။ စံတော်ချိန်ရဲ့ပရိသတ်တွေအတွက် ဒီနှစ်သစ်အထိ ဂယက်ရိုက်လာဦးမှာဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ရဲ့...
ရန်ကုန်ကိုဗစ်လူနာနဲ့ ကြိုတင်ပြင်ဆင်မှု
တစ်ကျော့ပြန် COVID-19 ကြောင့် ဓာတ်ခွဲအတည်ပြုလူနာတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ချီ တိုးလာနေပြီး သေဆုံးမှုနှုန်းကလဲ မြင့်တက်လာနေတာ ဒီကနေ့ (စက်တင်ဘာ ၁၇ ရက်) ည ၈ နာရီအထိဆိုရင် ဓာတ်ခွဲအတည်ပြုလူနာ (၄၀၄၃) ဦးနဲ့ သေဆုံးသူ ၆၀ ဦးရှိနေပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကတော့ COVID-19 ဓာတ်ခွဲအတည်ပြု လူနာ အများဆုံး...
ရန်ကုန်ကိုဗစ်နဲ့ ပိတ်ဆို့တားဆီးခြင်းများ
ကိုဗစ်ရောဂါဖြစ်ပွားမှုအရှိန်မြင့်လာတာကြောင့် စက်တင်ဘာ ၁၀ ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၈ မြို့နယ်ကို မိမိနေအိမ်မှာနေထိုင်ရေး (Stay at Home)အစီအစဉ်မှာ ထည့်သွင်းကြေညာလိုက်ပါတယ်။
ဒီလိုသတ်မှတ်ကြေညာလိုက်ပြီးနောက်မှာတော့ ရန်ကုန်ရဲ့ လမ်းများစွာကို ပိတ်ဆို့တားဆီးခြင်းတွေ ပြုလာခဲ့ ပါတော့တယ်။ လမ်းတွေကိုပိတ်တဲ့အခါ ဝါးလုံးတန်းများနဲ့သော်လည်းကောင်း၊ သစ်သားတန်းများ၊ သံတန်းများ အခိုင်အမာပြုလုပ်ပြီးသော်လည်းကောင်း ပိတ်ဆို့တားဆီးတာတွေ ပြုလာတာကို တွေ့ရသလို...
ရခိုင်ပြည်နယ်ဖြေဆိုရမယ့် COVID-19 ဒုတိယလှိုင်းစာမေးပွဲ
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်ပွားသူနှစ်ဦးကို မတ်လ ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုဆို ငါးလကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုအများဆုံးကာလမှာ ဧပြီနဲ့ မေလဆန်းအချိန်တွေဖြစ်ပြီး မေလလယ်ခန့်ကနေစပြီး ပြည်တွင်းကူးစက်မှုနှုန်း မရှိသလောက်လျော့ကျခဲ့ပါတယ်။ ဇွန်လနှောင်းပိုင်းမှာတော့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ စက်ရုံအလုပ်ရုံတွေကို ကူးစက်မှုကာကွယ်ရေးအစီအမံတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ...