video

အရောင်တွေထဲက ဘဝရသ

စံတော်ချိန်_လူမှုဘဝရုပ်ပုံလွှာ ပန်းချီအနုပညာဟာ နက်နဲသိမ်မွေ့သလို အယူအဆအမျိုးမျိုးလဲကွဲပြားပါတယ်။ ပန်းချီဆရာတစ်ဦးချင်းဆီမှာ မတူညီတဲ့ကိုယ်ပိုင်ဟန်တွေရှိသလို ဓါးခြစ်ပန်းချီကို အယူအဆအသစ်တွေပေါင်းစပ်ဆန်းသစ်ပြီး ထူးခြားတဲ့အနုပညာတွေဖန်တီးနေသူတစ်ဦးကတော့ ကိုဗျာဒိပ်ပဲဖြစ်ပါတယ်။ သူဟာမျိုးရိုးဗီဇပါလာတဲ့အပြင် အစဉ်အလာထဲက ဖောက်ထွက်ပြီး ကိုယ်ပိုင်ဟန်တစ်ခုကို ခင်ကျင်းချင်တဲ့ အနုပညာစိတ်ကြောင့် အခုအချိန်မှာတော့ ရပ်တည်ရခက်ခဲတဲ့ ပန်းချီနယ်ပယ်မှာ နေရာတစ်ခု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
video

Master Chef ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ စားဖိုမှူးအိပ်မက်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လူတွေမှာငယ်စဉ်ကမက်ခဲ့တဲ့အိပ်မက်နဲ့ခြားနားတဲ့ဘ၀လမ်းကိုလျှောက်လှမ်းလိုက်ရတာမျိုးတွေရှိတတ်ကြပါတယ်။ ငယ်ငယ်ကအဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့်အခုချိန်မှာတော့ ပြီးပြည့်စုံတဲ့ ဟင်းလျာတစ်ပွဲကို ဖန်တီးသူတစ်ဦး ဖြစ်လာသူကတော့ကိုနေအောင်ပါ။ ကိုနေအောင်ဟာ ဘ၀တက်လမ်းရှာဖွေဖို့အတွက် ၁၃ နှစ်သားအရွယ်ကတည်းက မွေးရပ်မြေကိုကျောခိုင်းပြီး ရန်ကုန် မြို့ကြီးကိုဆွေမရှိမျိုးမရှိ တစ်ယောက်တည်း တက်လာခဲ့ပြီး ရည်မှန်းချက်တွေပြည့်မှသာ နေရပ်ပြန်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
video

ဖြစ်တည်မှုတစ်ခုအတွက် လောကဓံကိုအန်တုခဲ့တဲ့အလှ ဖန်တီးရှင်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လူတိုင်းမှာ ငယ်ဘ၀အမှတ်တရကိုယ်စီရှိကြပါတယ်။ မိတ်ကပ်အလှဖန်တီးရှင် ဂူချီအောင်လဲ တစ်ချိန်ကယောက်ျားလေးတစ်ယောက်လို အမှတ်တရတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက် ၂၀ ကျော်မှာဆန့်ကျင်ဘက်လိင်တစ်ဦးအသွင်ပြောင်းလဲ ရပ်တည်ဖို့ရွေးချယ်လိုက်ချိန်မှာတော့ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မိန်းမလျာတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပြီးနှစ်တွေအတော်ကြာမှမိခင်ကလက်ခံပေးခဲ့တာဖြစ်သလိုအခက်ခဲတွေကြားမှာရုန်းကန်လာရင်း အောင်မြင်တဲ့အလှဖန်တီးရှင်တစ်ယောက် ဖြစ်လာဖို့ဝေဒနာတွေကိုလူမသိသူမသိထွေးပိုက်ရင်းနာကျင်မှုများစွာနဲ့ဘဝကိုဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ ရိုက်ကူး၊တင်ဆက် - ထူးထူး (စံတော်ချိန်)
video

အာဏာရှင်ကိုရွှေဝါရောင်နှလုံးသားနဲ့တော်လှန်ခဲ့သူ

စံတော်ချိန်လူမှုဘဝရုပ်ပုံလွှာ အထွေထွေကျပ်တည်းမှုကိုကြုံတွေ့နေရတဲ့ဆွမ်းဒကာဒကာမတွေအတွက်ရဟန်းသံဃာတွေဟာအာဏာရှင်အစိုးရလက်ထက်လွန်ခဲ့တဲ့၁၂နှစ်၂၀၀၇ခုနှစ်မှာငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းအမျှဝေခြင်းကိုရဲရဲဝံ့ဝံ့ပြုလုပ်ခဲ့ကြပါတယ်။ သဃာတော်တွေဝတ်ဆင်တဲ့ သင်္ကန်းအရောင်ကိုအစွဲပြုပြီး အဲ့ဒီလှုပ်ရှားမှုကိုရွှေဝါရောင်တော်လှန်ရေးရယ်လို့ ကမ္ဘာသိခေါ်ဝေါ်ခဲ့ကြပါတယ်။ အာဏာရှင်ရဲ့အကြမ်းဖက်မှုတွေကို မကြောက်မရွံ့ ရင်ဆိုင်ခဲ့သူဦးဇင်းပြည်ကျော်တဖြစ်လဲ အရှင်ပဏ္ဏဝံသရဲ့ရွှေဝါရောင်တော်လှန်ရေးကာလဘဝဖြတ်သန်းမှုကိုစံတေယ်ချိန်ကရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ရိုက်ကူး/တင်ဆက် - နေမင်းကျော်(စံတော်ချိန်)
video

မဟူရာကမ္ဘာထဲက ရုန်းထွက်ခဲ့သူရဲ့ ရွှေရောင်နေ့ရက်များ

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ မမှားသောရှေ့နေ မသေသောဆေးသမားဆိုတဲ့ ဆိုရိုးစကားအတိုင်း လူတိုင်းအမှားနဲ့ကင်းဖို့ခက်ခဲကြပါတယ်။ အဲဒီလိုမှားတတ်ကြတဲ့လူ့သဘာဝမှာမှ အသက် ၂၈ နှစ်အရွယ် ကိုပန်းအောင်ကလည်း မူးယစ်နွံထဲနစ်မြုပ်နေခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ကိုပန်းအောင်ဟာ မူးယစ်ဆေးဝါးသုံးစွဲလို့ မလေးရှားနိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ အကြိမ်ကြိမ်ထိန်းသိမ်းခံခဲ့ရသူဖြစ်ပါတယ်။ အခုတော့လည်း သူရူးသွပ်စွဲလန်းခဲ့တဲ့ မူးယစ်နွံထဲကနေ အချိန်မီရုန်းထွက်ဖို့ မူးယစ်ဆေးဖြတ်စခန်းကို ရောက်ရှိနေပါပြီ။...
video

ဘဝမျက်နှာစာနှစ်ဖက်နဲ့မြန်မာပြည်ကဝူခုန်း

စံတော်ချိန်_စံတော်ချိန် လူမှုဘဝရုပ်ပုံလွှာ နိုင်ငံတကာရုပ်ရှင်စီးဆင်းမှုနဲ့အတူရုပ်ရှင်ချစ်သူတွေဟာ ကိုယ်စွဲလန်းနှစ်သက်ရာရုပ်ရှင်ရဲ့ဇာတ်ကောင်လိုဖြစ်ချင်တဲ့ဆန္ဒတွေရှိလာတတ်ကြပါတယ်။တချို့ကစူပါဟီးရိုး၊ တချို့ကစက်ရုပ်၊ တချို့ကတော့ သိုင်းသမားအဖြစ်ဝတ်စားဆင်ယင်ပြီးစိတ်ကူးယဉ်ဇာတ်ကောင်ဘဝထဲခဏတာဝင်ရောက်ချင်တဲ့စိတ်ကူးကိုယ်စီရှိကြပါတယ်။ ဒီအထဲမှာမှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကရုပ်ရှင်ချစ်ပရိတ်သတ်တွေ စွဲစွဲလန်းလန်းကြည့်ရှု့ခဲ့ရတဲ့တရုတ် ရုပ်ရှင်ဇာတ်လမ်းတွဲထဲက မျောက်ဘုရင်စွန်းဝူခုန်းလိုဖြစ်ချင်ခဲ့သူလူငယ်တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့စိတ်ကူးစိတ်သန်းတွေကိုသူနှစ်သက်တဲ့ဝူခုန်းဇာတ်ကောင်အဖြစ် အစားဝင်ရောက်ခံစားနေသလိုတကယ့်လက်တွေ့ဘဝမျက်နှာစာတစ်ဖက်မှာလည်းအကောင်းဆုံးဖြတ်သန်းနိင်ဖို့ကြိုးစားနေသူတစ်ယောက်အကြောင်းကိုစံတော်ချိန်ကရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ရိုက်ကူး၊တည်းဖြတ် - နေမင်းကျော် (စံတော်ချိန်)
video

ဇရာနဲ့ဝမ်းစာ

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လူ့လောကကြီးအတွင်းနေထိုင်ကြသူတိုင်းအသက်ရှင်နေထိုင်ဖို့ရာအတွက်သမုဒ္ဒရာဝမ်းတစ်ထွာဆိုတဲ့အတိုင်းတစ်ထွာသောဝမ်းစာအတွက် အသက်အရွယ်မရွေး၊ ရာသီမရွေး လှုပ်ရှားရုန်းကန်ရှာဖွေ စားသောက်ကြရပါတယ်။ အဲဒီအထဲမှာမှ မြန်မာနိုင်ငံရဲ့အလယ်ပိုင်းရွာလေးတစ်ရွာကနေ ရည်ရွယ်ချက်တွေအပြည့်နဲ့ရန်ကုန်ကိုငယ်စဉ်ကတည်းကစွန့်စားရောက်ရှိလာခဲ့တဲ့ဦးနေ၀င်းကတော့ တတိယအရွယ်ရောက်တဲ့အချိန်ထိ လောကဓံမှာလဲပြိုရင်း၊ရုန်းကန်ရင်းကနေဇာတိမြေဆီပြန်လည်အခြေမချနိုင်ဘဲလက်ရှိအရွယ်အသက်(၇၄)နှစ်ရောက်တဲ့အထိစာအုပ်အဟောင်းတွေရောင်းချရင်းရုန်းကန်နေဆဲပဲဖြစ်ပါတယ်။ အိုမင်းနေပြီဖြစ်တဲ့သူ့စာအုပ်အဟောင်းဆိုင်လေးမှာစာအုပ်လာရောက်ဝယ်ယူသူတွေကစာအုပ်ဈေးထက်ပိုပေးပြီးကူညီခဲ့ကြပေမယ့်အဲဒီအစားသူ့ရဲ့ကျေးရွာအပေါ်ဖွံ့ဖြိုးတိုးတက်စေချင်တဲ့မျှော်လင့်ချက်နဲ့ ဇာတိရွာမှာစာကြည့်တိုက်ဖြစ်အောင်လှုဒါန်းပေးစေချင်သူတစ်ဦးရဲ့ဘ၀ပုံရိပ်ကို စံတော်ချိန်ကရိုက်ကူးတင်ဆက်ပေးထားပါတယ်။ သတင်းထောက်ကြယ်စင်နဲ့နေမင်းကျော်တို့ကရိုက်ကူးထားပါတယ်။
video

ယုံကြည်ချက်အတွက် ဘ၀ကိုရင်းခဲ့တဲ့အရေးတော်ပုံရဲ့အုတ်တစ်ချပ်၊သံတစ်ပွင့်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လွန်ခဲ့တဲ့၃၁နှစ်မှာကျောင်းသား၊ပြည်သူရဟန်းရှင်လူအပေါင်းဟာအာဏာရှင်စနစ်ကိုတော်လှန်ဖို့ရှစ်လေးလုံးအရေးတော်ပုံကိုဆင်နွှဲခဲ့ကြပါတယ်။ဒီအရေးတော်ပုံမှာအစိုးရရဲ့ရက်စက်ကြမ်းတမ်းစွာနှိင်းနင်းမှုကြောင့်ကျောင်းသား၊ကျောင်းသူများအပါအ၀င်ပြည်သူအများအပြားသေကျေဒဏ်ရာရခဲ့ကြပါတယ်။ အသက်ရှင်လွတ်မြောက်ခဲ့သူတွေဟာလည်းမတရားဖမ်းဆီးနှိပ်စက်ခြင်းခံရပြီးမိသားစုဘ၀တွေပျက်ခဲ့ရပါတယ်။ဒီအထဲမှာရှစ်ဆယ့်ရှစ်အရေးခင်းကာလမှာတက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တဲ့တတိယနှစ်သတ္တဗေဒကျောင်းသားကိုတင်ထွန်းလှိုင်လည်းပါဝင်ခဲ့ပါတယ်။ မိသားစုထဲသားအကြီးဆုံးဖြစ်တဲ့ကိုတင်ထွန်းလှိုင်ဟာယုံကြည်ချက်အတွက်ဘ၀ကိုပေးဆပ်ရင်းနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်စစ်အစိုးရကထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့ပါတယ်။သူဟာတောင်ငူထောင်မှာအကျဉ်းကျနေစဉ်အတွင်းဦးခေါင်းကိုအရိုက်ခံရတဲ့ဝေဒနာကြောင့်အခုချိန်မှာတော့စိတ်ဝေဒနာရှင်တစ်ဦးအဖြစ်ဘ၀နေ့ရက်တွေကိုဖြတ်သန်းလို့နေရပါပြီ။ အရေးတော်ပုံကာလမှာကိုတင်ထွန်းလှိုင်လိုလူမသိသူမသိမှေးမှိန်ပျောက်ကွယ်သွားတဲ့အညတရသူရဲကောင်းတွေဘယ်နှစ်ယာက်ရှိခဲ့လဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်သလိုလက်ရှိမှာသူတို့နဲ့လက်တွဲရုန်းကန်ခဲ့သူအချို့နေရာတစ်နေရာရောက်နေပေမယ့်သူတို့တွေကတော့အမေ့လျော့ခံတွေဖြစ်နေကြဆဲပါ။ အရေးတော်ပုံကာလအတွင်းဘ၀နဲ့အသက်ကိုရင်းပြီးပေးဆပ်ခဲ့ကြတဲ့ကိုတင်ထွန်းလှိုင်တို့လိုအညတရသူရဲကောင်းတွေအားလုံးအတွက်စံတော်ချိန်သတင်းဌာနကဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။
video

ဒဏ်ရာတွေနဲ့ ရင်းခဲ့ရတဲ့ အောင်မြင်မှု

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ အမိနိုင်ငံရဲ့ ကစားကွင်းအားနည်းမှုကြောင့် ၀ါသနာပါတဲ့စကိတ်ကိုလမ်းပေါ်မှာလေ့ကျင့်ရင်း ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ပြစ်တင်မှုတွေကြား ခေါင်းမော်နိုင်အောင် ကြိုးစားခဲ့သူ၊ ဒဏ်ရာအနာတရတွေအကြိမ်ကြိမ် အထပ်ထပ်ရရှိခဲ့ပေမယ့် လူငယ်ပီပီ ၀ါသနာပါတဲ့အလုပ်ကို နိုင်ငံတကာအထိ ၀င်ရောက်ယှဉ်ပြိုင်ပြီးဆုတံဆိပ်များစွာရယူပြခဲ့သူ၊ လူငယ်ဝါသနာရှင်တွေကို လက်တွဲခေါ်ယူ လေ့ကျင့်ပေးရင်း စကိတ်အားကစားကို တစ်ထောင့်တစ်နေရာကနေ ၀င်ရောက်ဖြည့်စွမ်းပေးနေတဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုရဲဇော်ရဲ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ ရုန်းကန်ခဲ့ရတဲ့ အခက်အခဲတွေအကြောင်း စံတော်ချိန်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
video

သဘာဝထဲက အလှတရားရှာသူ

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ ဒီကနေ့ ကမ္ဘာနိုင်ငံအများအပြားမှာ လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့ အညီ လူဦးနေထူထပ်တဲ့ မြို့ပြ နိုင်ငံတစ်ခုအတွင်း နည်းစနစ်တကျမရှိတဲ့ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ပစ္စည်းတွေနဲ့အတူ ပလပ်စတစ်အန္တာရာယ် တို့ ကြောင့်သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်နေပါတယ်။ အခုလိုဆွေးမြေ့ဖို့ခက်ခဲတဲ့ပလပ်စတစ်လူသုံးကုန်တွေနေရာမှာအစားထိုးအသုံးနိုင်မယ့်ပစ္စည်းကိုတီထွင်ကြံဆနေတဲ့ Nature Myanmar ရဲ့ ပဲ့ကိုင်ရှင် ကိုမင်းကျော်ဇင်ကတော့ကွမ်းသီးပင်ပေါများတဲ့...