Life Style

Life Style Video

video

ကမ္ဘာမြေကိုချစ်တဲ့တစ်ကိုယ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား

မြန်မာနိုင်ငံမှာ ပလက်စတစ် တန်ချိန် ၁၁၉ တန်ဟာ နေ့စဉ် ဧရာဝတီ မြစ် ထဲကို စီးဝင်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ ဧရာဝတီမြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်ကြီး ဆယ်စင်းထဲမှာ ပါဝင်နေတာပါ။ ဒီလိုစွန့်ပစ် တာတွေများလာတာနဲ့အမျှ ဧရာဝတီမြစ် ကိုမှီခိုနေရတဲ့ ရေနေသတ္တဝါတွေဟာလည်း မျိုးတုန်းပျောက်ကွယ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးကြပါတယ်။
video

ခြံအမှတ် (၅၄) ကိုလက်မှုအနုပညာဖြင့်ပုံဖော်သူ

စစ်အစိုးရအုပ်ချုပ်ခဲ့စဉ် အချိန်ကာလတလျှောက်လုံး ပြည်သူအများစု စိတ်ဝင်တစား ရှိခဲ့ကြတဲ့အိမ်တစ်လုံး ရှိခဲ့ပါတယ်။အဲဒီအိမ် က တော့ လက်ရှိနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)ပါ။ စစ်အစိုးရရဲ့အငြိုးတကြီးပစ်မှတ်ထားစောင့်ကြည့်ခံရတဲ့ အိမ်ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံကို အလည်အပတ် လာ ရောက်ကြတဲ့ နိုင်ငံတ ကာ ခရီးသွားတွေတောင် စိတ်ဝင်တစားလာရောက်ကြည့်ရှုရတဲ့ အရှိန်အဝါကြီးမားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်လေးကို...
video

ရိုးရာအမွေဥယျာဉ်ထဲကအလှပန်းတစ်ပွင့်

မြန်မာ့ရိုးရာခြင်းဟာအမျိုးသားများပင်လျှင်စနစ်တကျခတ်နိုင်ဖို့အတွက်လေ့ကျင့်မှုများစွာလုပ်ရပြီးအလှခတ်ခြင်းဆိုရင်တော့ခက်ခဲနက်နဲလှပါတယ်။ အမျိုးသားတိုင်းကျွမ်းကျင်စွာတတ်မြောက်ဖို့မလွယ်တဲ့ဒီလိုပညာရပ်ကို ကျန်းမာရေးအ‌ ခြေအနေတစ်ခုကြောင့် လေ့ကျင့်ကစားရင်း နိုင်ငံ ဂုဏ်ဆောင်ဖြစ်လာခဲ့သူ အမျိုးသမီးတစ်ဦးရဲ့ သူ့ရဲ့တစ်ကိုယ်တော် ခြင်းအလှခတ်ကစားသမားဘဝဖြတ်သန်းမှုကိုစံတော်ချိန်ကရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ရိုက်ကူး၊တည်းဖြတ် - နေမင်းကျော်
video

ကိုဗစ်၁၉ကြောင့်ပြောင်းလဲသွားတဲ့ဝမ်းရေး

ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူ့အဖွဲအစည်းအတွင်းမှာ နေထိုင်မှုပုံစံတွေပြောင်းလဲ လာခဲ့ကြသလို စီးပွားရေးလူမှုရေးအကျပ်အတည်းနဲ့ ဆက်စပ်ပြီး အသက်မွေးမှုလုပ်ငန်းတွေလည်း ပြောင်းလဲလုပ်ကိုင်လာ ကြပါတယ်။ ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ကန့်သတ်လိုက်တဲ့ ညွှန်ကြားချက်တွေ အမိန့်တွေအောက်မှာ ရှိရင်းစွဲအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေဟာ ဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေရှိနေတာကြောင့်ပါ။ အဲဒီလိုရှိရင်းစွဲအသက်မွေဝမ်းကြောင်း လုပ်ငန်းကနေ...
video

တမီလ်မြေက သားဆုပန်ခြွေရာ ပီလခတ်ဘုရားကျောင်း

ရန်ကုန်ပုံရိပ် (Unicode Version) တမီလျမွကေ သားဆုပန်ခြွေရာ ပီလခတ်ဘုရားကျောင်း ရန်ကုန်ပုံရိပ်
video

အရောင်တွေထဲက ဘဝရသ

စံတော်ချိန်_လူမှုဘဝရုပ်ပုံလွှာ ပန်းချီအနုပညာဟာ နက်နဲသိမ်မွေ့သလို အယူအဆအမျိုးမျိုးလဲကွဲပြားပါတယ်။ ပန်းချီဆရာတစ်ဦးချင်းဆီမှာ မတူညီတဲ့ကိုယ်ပိုင်ဟန်တွေရှိသလို ဓါးခြစ်ပန်းချီကို အယူအဆအသစ်တွေပေါင်းစပ်ဆန်းသစ်ပြီး ထူးခြားတဲ့အနုပညာတွေဖန်တီးနေသူတစ်ဦးကတော့ ကိုဗျာဒိပ်ပဲဖြစ်ပါတယ်။ သူဟာမျိုးရိုးဗီဇပါလာတဲ့အပြင် အစဉ်အလာထဲက ဖောက်ထွက်ပြီး ကိုယ်ပိုင်ဟန်တစ်ခုကို ခင်ကျင်းချင်တဲ့ အနုပညာစိတ်ကြောင့် အခုအချိန်မှာတော့ ရပ်တည်ရခက်ခဲတဲ့ ပန်းချီနယ်ပယ်မှာ နေရာတစ်ခု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
video

Master Chef ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ စားဖိုမှူးအိပ်မက်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လူတွေမှာငယ်စဉ်ကမက်ခဲ့တဲ့အိပ်မက်နဲ့ခြားနားတဲ့ဘ၀လမ်းကိုလျှောက်လှမ်းလိုက်ရတာမျိုးတွေရှိတတ်ကြပါတယ်။ ငယ်ငယ်ကအဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့်အခုချိန်မှာတော့ ပြီးပြည့်စုံတဲ့ ဟင်းလျာတစ်ပွဲကို ဖန်တီးသူတစ်ဦး ဖြစ်လာသူကတော့ကိုနေအောင်ပါ။ ကိုနေအောင်ဟာ ဘ၀တက်လမ်းရှာဖွေဖို့အတွက် ၁၃ နှစ်သားအရွယ်ကတည်းက မွေးရပ်မြေကိုကျောခိုင်းပြီး ရန်ကုန် မြို့ကြီးကိုဆွေမရှိမျိုးမရှိ တစ်ယောက်တည်း တက်လာခဲ့ပြီး ရည်မှန်းချက်တွေပြည့်မှသာ နေရပ်ပြန်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
video

ဖြစ်တည်မှုတစ်ခုအတွက် လောကဓံကိုအန်တုခဲ့တဲ့အလှ ဖန်တီးရှင်

စံတော်ချိန်_လူမှုဘ၀ရုပ်ပုံလွှာ လူတိုင်းမှာ ငယ်ဘ၀အမှတ်တရကိုယ်စီရှိကြပါတယ်။ မိတ်ကပ်အလှဖန်တီးရှင် ဂူချီအောင်လဲ တစ်ချိန်ကယောက်ျားလေးတစ်ယောက်လို အမှတ်တရတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက် ၂၀ ကျော်မှာဆန့်ကျင်ဘက်လိင်တစ်ဦးအသွင်ပြောင်းလဲ ရပ်တည်ဖို့ရွေးချယ်လိုက်ချိန်မှာတော့ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မိန်းမလျာတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပြီးနှစ်တွေအတော်ကြာမှမိခင်ကလက်ခံပေးခဲ့တာဖြစ်သလိုအခက်ခဲတွေကြားမှာရုန်းကန်လာရင်း အောင်မြင်တဲ့အလှဖန်တီးရှင်တစ်ယောက် ဖြစ်လာဖို့ဝေဒနာတွေကိုလူမသိသူမသိထွေးပိုက်ရင်းနာကျင်မှုများစွာနဲ့ဘဝကိုဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ ရိုက်ကူး၊တင်ဆက် - ထူးထူး (စံတော်ချိန်)
video

အာဏာရှင်ကိုရွှေဝါရောင်နှလုံးသားနဲ့တော်လှန်ခဲ့သူ

စံတော်ချိန်လူမှုဘဝရုပ်ပုံလွှာ အထွေထွေကျပ်တည်းမှုကိုကြုံတွေ့နေရတဲ့ဆွမ်းဒကာဒကာမတွေအတွက်ရဟန်းသံဃာတွေဟာအာဏာရှင်အစိုးရလက်ထက်လွန်ခဲ့တဲ့၁၂နှစ်၂၀၀၇ခုနှစ်မှာငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းအမျှဝေခြင်းကိုရဲရဲဝံ့ဝံ့ပြုလုပ်ခဲ့ကြပါတယ်။ သဃာတော်တွေဝတ်ဆင်တဲ့ သင်္ကန်းအရောင်ကိုအစွဲပြုပြီး အဲ့ဒီလှုပ်ရှားမှုကိုရွှေဝါရောင်တော်လှန်ရေးရယ်လို့ ကမ္ဘာသိခေါ်ဝေါ်ခဲ့ကြပါတယ်။ အာဏာရှင်ရဲ့အကြမ်းဖက်မှုတွေကို မကြောက်မရွံ့ ရင်ဆိုင်ခဲ့သူဦးဇင်းပြည်ကျော်တဖြစ်လဲ အရှင်ပဏ္ဏဝံသရဲ့ရွှေဝါရောင်တော်လှန်ရေးကာလဘဝဖြတ်သန်းမှုကိုစံတေယ်ချိန်ကရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ရိုက်ကူး/တင်ဆက် - နေမင်းကျော်(စံတော်ချိန်)