People's Voice

People's Voice Video

စိုးရိမ်ဖွယ်မြင့်တက်လာနေသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သူတို့အမြင်

"လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တင်တာတွေများလာတော့ မှ ဖိဖိစီးစီးဖမ်းဆီးလာတာတွေ တွေ့ရတယ်" ဦးမင်း(ကားအရောင်းအ၀ယ်လုပ်ငန်း) "ဒီလူတွေတော့မိတယ်၊ ကျန်တဲ့လူ ဟဲဗီးလုပ်တဲ့လူတွေတော့ မမိဘူး။ ဒါကလည်းသူတို့နဲ့ သက်ဆိုင်တယ်" ဦးထွန်းနောင်ဝင်း(အငြိမ်းစားဝန်ထမ်း) မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာသည် စိုးရိမ်ဖွယ် ကောင်းသည့် အမျိုးသားရေး အန္တရာယ်တစ်ရပ်အဖြစ် ရောက်ရှိနေပြီး မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ် ဖောက်ကားမှုမှာ နိုင်ငံအဝန်း ဆိုးရွားစွာပျံ့နှံ့နေသည်။ အထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးအမျိုးမျိုးမှာ လူငယ်ထုအတွင်း အလွယ်တကူဝယ်ယူရရှိနိုင်သည့် မူးယစ်ဆေးတစ်မျိုးဖြစ်နေပြီး ပိုင်ရှင်မဲ့မူးယစ်ဆေး အမြောက်အမြားလည်း မကြာခဏဆိုသကဲ့သို့ ဖမ်းဆီးရမိနေသည်။ လက်ရှိအစိုးရအနေဖြင့် မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ထိန်းချုပ်ရန် ခက်ခဲနေသည့်...
video

စံတော်ချိန်_ပြည်သူထဲကပြည်သူ့အသံ

◾ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ ပြည်သူအပေါ် ဥပဒေမဲ့ဆက်ဆံမှုကို ဘယ်လိုမြင်သလဲ...? ◾ ဒီမိုကရေစီခေတ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ပြောင်းလဲလာပြီလို့ ထင်လား...? ◾ ကူညီပါရစေ..ဆောင်ပုဒ်အတိုင်း အမှန်တကယ် ကူညီစောင့်ရှောက်တဲ့အခြေအနေရှိပြီလား...?

လျှပ်စစ်မီတာခများ ပြောင်းလဲကောက်ခံရန် စီစဉ်နေမှုအပေါ် သူတို့အမြင်

 "အခုချိန်မျိုးမှာတော့ တိုးကောက်ဖို့ မသင့်သေးဘူးလို့ပဲ ပြောချင်ပါတယ်" ဦးမင်းသူရဇော် (စတီးလ်အသေးစားလုပ်ငန်းလုပ်ကိုင်သူ) "မီတာခတိုးမြှင့်ပြီး ကောက်ခံမယ်ဆိုရင် မီးအားတွေကို ပြည့်ပြည့် ၀၀ပေးနိုင်မလား" ဦးထွန်းနိုင်(အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်သူ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လျှပ်စစ်ထုတ်လုပ်မှုမှ ကျပ်ဘီလီယံ ၅၀၀ ခန့်အရှုံးပေါ်ခဲ့သည့်အတွက် လျှပ်စစ်မီတာခများပြောင်းလဲ ကောက်ခံရန်စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဇူလိုင် ၂၃ ရက်တွင် ဒုတိယအကြိမ်ကျင်းပသော အမျိုးသားလွှတ်တော်န၀မပုံမှန်အစည်းအဝေးအပြီး၌ ဧရာဝတီသတင်းဌာနကိုဖြေကြားခဲ့သည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူများက တုံ့ပြန်လာသည့် သဘောထားအမြင်များကို မေးမြန်းဖော်ပြလိုက်ပါသည် အဓိကကတော့ ကွင်းဆင်းလေ့ လာတာပိုကောင်းတယ်၊၊ အပေါ်ကနေ မတ်တတ်ရပ်နေရင်တော့ အောက်ကိုမမြင်ရဘူး၊၊...