People's Voice

People's Voice Video

စိုးရိမ်ဖွယ်မြင့်တက်လာနေသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သူတို့အမြင်

"လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တင်တာတွေများလာတော့ မှ ဖိဖိစီးစီးဖမ်းဆီးလာတာတွေ တွေ့ရတယ်" ဦးမင်း(ကားအရောင်းအ၀ယ်လုပ်ငန်း) "ဒီလူတွေတော့မိတယ်၊ ကျန်တဲ့လူ ဟဲဗီးလုပ်တဲ့လူတွေတော့ မမိဘူး။ ဒါကလည်းသူတို့နဲ့ သက်ဆိုင်တယ်" ဦးထွန်းနောင်ဝင်း(အငြိမ်းစားဝန်ထမ်း) မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာသည် စိုးရိမ်ဖွယ် ကောင်းသည့် အမျိုးသားရေး အန္တရာယ်တစ်ရပ်အဖြစ် ရောက်ရှိနေပြီး မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ် ဖောက်ကားမှုမှာ နိုင်ငံအဝန်း ဆိုးရွားစွာပျံ့နှံ့နေသည်။ အထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးအမျိုးမျိုးမှာ လူငယ်ထုအတွင်း အလွယ်တကူဝယ်ယူရရှိနိုင်သည့် မူးယစ်ဆေးတစ်မျိုးဖြစ်နေပြီး ပိုင်ရှင်မဲ့မူးယစ်ဆေး အမြောက်အမြားလည်း မကြာခဏဆိုသကဲ့သို့ ဖမ်းဆီးရမိနေသည်။ လက်ရှိအစိုးရအနေဖြင့် မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ထိန်းချုပ်ရန် ခက်ခဲနေသည့်...
video

ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေ၀င်း ကျရှုံးခြင်းအထိန်းအမှတ် ပြည်သူ့အသံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေ၀င်းတို့ သေနတ်သမား ကြည်လင်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာ အခုဆိုရင် နှစ်နှစ်တာကာလကို ဖြတ်ကျော်ခဲ့ပါပြီ။ ဒီနှစ်နှစ်တာကာလ ပြည့်မြောက်တဲ့နေ့ဖြစ်တဲ့ ဇန်န၀ါရီ ၂၉ ရက်က တော်ဝင်နှင်းဆီခန်းမမှာ အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူတချို့ထံ စံတော်ချိန်က တွေ့ဆုံမေးမြန်းပြီး ပြည်သူထဲက ပြည်သူ့အသံကဏ္ဍအဖြစ် တင်ဆက်လိုက်ရပါတယ်။