video

ပြည်သူများပါဝင်ဒီဇိုင်းရေးဆွဲထားသည့် ရန်ကုန်မြို့အဝင်ဆိုင်းဘုတ် ရက်သတ္တပတ်အတွင်း ပြီးစီးမည်

ပြည်သူများပါဝင် ဒီဇိုင်းရေးဆွဲထားသည့် ရန်ကုန်မြို့အဝင်ဆိုင်းဘုတ် အသစ် တည်ဆောက်နေခြင်း ရက်သတ္တပတ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက သတင်းမီဒီယာများကို ပြောသည်။ အဆိုပါ မြို့အဝင်ဆိုင်းဘုတ်သည် (ရန်ကုန် - ပဲခူး) လမ်းဆုံရာအနီးတည်ရှိပြီး ဆိုင်းဘုတ်တည်ဆောက်မှုကို We Love Yangon က ဦးဆောင်ခဲ့ကာ အလူမီနီယံ Light Box များတပ်ဆင်ထားကြောင်းသိရသည်။
video

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းရဲ့ နောက်ဆုံးခရီးအတွက် အမှတ်တရစကားသံများ

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းဟာ ပြီးခဲ့တဲ့ ( ဇူလိုင် ၁၃ )ရက်နေ့ကွယ်လွန်ခဲ့တာဖြစ်ပြီး မကွယ်လွန်မီအချိန်က ကျောက်ကပ်မကောင်းလို့ ‌ကျောက်ကပ်ဆေးကြောနေရသူဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းရဲ့ဈာပနအခမ်းအနားကို ယမန်နေ့( ဇူလိုင် ၁၅ ရက်)က ကျီစုသုသာန်မှာပြုလုပ်ခဲ့ပါတယ်။ လူရွှင်တော်မန်းဝင်းရဲ့ နောက်ဆုံးခရီးကို သဘင်၊ ရုပ်ရှင်လောကက...
video

တာဝန်မှရပ်နားခံရသည့်ဝါးခယ်မအလုပ်အမှုဆောင်များပါတီဗဟိုနှင့် ညှိနှိုင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်သို့ လာရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ မြို့နယ်အလုပ်အမှုဆောင် ၂၁ ဦးရှိရာ အားလုံး ပါတီ တာဝန်များမှ ရပ်နားခံခဲ့ရတဲ့အတွက်ပြန်လည်ညှိုနှိုင်း ဖြေရှင်းရန် မြို့နယ် အလုပ် အမှုဆောင် အဖွဲ့ကယနေ့ နေလယ်ပိုင်းမှာ အမျိုး သား ဒီမိုကရေစီရုံးချုပ်ကိုတွေ့ဆုံခွင့် တောင်းခံခဲ့ပြီးဘယ်အချိန် ခွင့်ပြုမယ်ဆိုတာအကြောင်းမပြန်သေးကြောင်းဝါးခယ်မမြို့နယ်NLDပါတီ၏မြို့နယ်အလုပ်အမှုဆောင်အတွင်းရေးမှုး ဦးအောင်ကြွယ် ကပြောပါတယ်။ ဝါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီ...
video

အခြေခံပညာအထက်တန်းကျောင်းများ ကျောင်းအပ်လက်ခံလျက်ရှိနေ

၂၀၂၀-၂၀၂၁ နှစ် ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း ကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင် ၁၃ ရက်ကစတင်ပြီးကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံတဲ့ကာလကနေ စာသင်ကာလတစ်လျောက် COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန် ကျောင်းသား၊ မိဘနဲ့ ဆရာ၊ ဆရာမများလိုက်နာရမယ့်စည်းကမ်းသတ်မှတ်ချက်တွေကို ပညာရေးဝန်ကြီးဌာနက ဇွန်လ ၂၃ ရက်က ညွှန်ကြားချက်တွေ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီလိုကြေညာချက်တွေနဲ့ပတ်သက်ပြီး ကျောင်းအပ်လက်ခံတာ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ဘယ်လိုစနစ်တွေနဲ့ကျောင်းပြန်တက်ရမလဲဆိုတာ...
video

အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ပုံစံသစ်နဲ့ကျင်းပဖို့စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ပြော

COVID - 19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မြန်မာရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုလို ရွှေ့ဆိုင်းခဲ့ရတဲ့ ဆုပေးပွဲ အခမ်းအနားကို ဘယ်လိုပုံစံနဲ့ကျင်းပဖို့စီစဉ်ထားတယ် ဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် က အခုလိုပြောပါတယ်။ မေးမြန်း - အဉ္ဇလီသင်း / စံတော်ချိန် ရိုက်ကူး -...
video

ရွေးကောက်ပွဲနိုင်မှဖွဲ့စည်းပုံပြင်နိုင်မည်ဆိုသည်မှာ ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးသာဖြစ်ပြီး လက်တွေ့မဟုတ်ဟု ဦးကိုကိုကြီးဆို

ရွေးကောက်ပွဲနိုင်မှဖွဲ့စည်းပုံပြင်နိုင်မည့်အတွက်တစ်ပါတီထဲကိုမဲပေးဖို့ပြောဆိုနေမှုများမှာပါတီအောင်နိုင်ရေးအတွက်စည်းရုံးရေးသာဖြစ်ပြီးလက်တွေ့မဟုတ်ဘူးလို့ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးကစံတော်ချိန်နဲ့သီးသန့်တွေ့ဆုံရာမှာပြောကြားခဲ့ပါတယ်။ “လက်တွေ့ကမဟာဗျုဟာမြောက်ဘယ်လိုချဉ်းကပ်သလဲ။ဘယ်လိုပြင်ဆင်ကြိုးစားသလဲဆိုတဲ့အပေါ်မူတည်တယ်။ဒါကြောင့်ရွေးကောက်ခံ၇၅ရာခိုင်နှုန်းမရှိတဲ့ရွေးကောက်ပွဲမှာအနိုင်ရမှဖွဲ့စည်းပုံပြင်နိုင်မယ့်ကိစ္စကဘာမှမပတ်သက်ဘူးလို့ကျွန်တော်ပြောချင်တယ်။”လို့ဦးကိုကိုကြီးကပြောပါတယ်။ သတင်း-နေသွေးဈာန် ရိုက်ကူး-ကိုဖြိုးကြီး/စံတော်ချိန်
video

တပ်မတော်နှင့်ပတ်သက်၍ ဟံသာဝတီ ဦးအုန်းကြိုင်၏ ကျေးဇူးတင်စကားအပေါ် သတင်းမီဒီယာသမားများဝေဖန်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်က ပြည်သူတွေစားနပ်ရိက္ခာလိုအပ်တဲ့အချိန်တိုင်း တိုင်းပြည်ရဲ့ဘယ်လိုအခြေအနေမျိုးတွင်မဆို တပ်မတော်ကသာ ပထမဦးဆုံးထောက်ပံ့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့မှု သတင်းမီဒီယာများကြား ဝေဖန်မှုများရှိနေခဲ့ပါတယ်။ သတင်း − စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းအဖွဲ့ ဓာတ်ပုံ − ကျော်ကျော်/စံတော်ချိန်
video

ဝမ်းဖိုးဝမ်း (141) နိုင်ငံရေးအင်အားစု ပြည်သူ့ပါတီသို့ဝင်ရောက်

၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ ဝမ်းဖိုးဝမ်း (141) နိုင်ငံရေးအင်အားစုများက ပြည်သူ့ပါတီရဲ့ မူဝါဒ၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝထောက်ခံတာကြောင့် ပြည်သူ့ပါတီထဲဝင်ရောက်ခြင်း အခမ်းအနားကို ဇူလိုင် ၉ ရက်နေ့က ပြည်သူ့ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးက “ရှစ်လေးလုံးအရေးတော်ပုံမှာ ကနဦးပွဲဦးထွက် စွန့်စွန့်စားစားဆောင်ရွက်ခဲ့ကြတဲ့ 141 Group ဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၊...
video

၅၈ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၇ ရက်နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာမှာ ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် အခမ်းအနားကို ကျောင်းသားမျိုးဆက်အသီးသီးမှ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ကျင်းပခဲ့ကြပါတယ်။ ရိုက်ကူး − ကျော်ကျော်(စံတော်ချိန်)/ ဖိုးသား(စံတော်ချိန်)
video

ပဲခူးတိုင်း၊ကလိ (တပ်ကလေး)ကျေးရွာရှိ ပြည်တော်သာစက်မှုဇုန်အတွင်းသစ်ပင်ပေါင်းသုံးထောင်နီးပါးစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ကလိ (တပ်ကလေး)ကျေးရွာမှာ Myanmar Top Business Group (MTBG) ကုမ္မဏီလီမိတက်က ဖော်ဆောင်လျက်ရှိတဲ့ ပြည်တော်သာစက်မှုဇုန်ကြီး စိမ်းလန်းစိုပြေရေးအတွက်အပင်ပေါင်း (၂၉၅၇ )ပင်ကို ဇူလိုင်လ ၅ ရက် နေ့လည်ပိုင်းက တာဝန်ရှိသူများ စုပေါင်းစိုက်ပျိုးခဲ့ကြပါတယ်။ စိုက်ပျိုးခဲ့တဲ့ သစ်ပင်များတွင် ခရေ၊ ပိတောက်၊ ချယ်ရီ၊ထိုင်ဝမ်ဗာဒံပင်၊ ကွမ်း၊ နတ်သမီးကွမ်း စတဲ့ အပင်များ...