မွန်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာနှစ်ဦး ထပ်မံသေဆုံး

မွန်ပြည်နယ်တွင် ဆေးကုသမှုခံယူနေသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦး ယနေ့(ဇွန် ၁၈ ရက်) တွင် ထပ်မံသေဆုံးခဲ့ကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ သေဆုံးသူများမှာ မော်လမြိုင် မဆရ-၅ တွင် ဆေးကုသမှုခံယူနေသည့် သံဖြူဇရပ်မြို့နယ်မှ အသက်(၇၂)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မော်လမြိုင်ဆေးရုံကြီး Iso-1 တွင် ဆေးကုသမှုခံယူနေသည့် ဘီလင်းမြို့နယ်မှ အသက်(၅၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

စစ်တွေတွင် ကိုဗစ်လူနာ (၃၁) ဦးထပ်တိုး၊ ရခိုင်တွင် နှစ်ရက်အတွင်း ပိုးတွေ့လူနာ (၄၂) ဦးအထိ မြင့်တက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ယမန်နေ့ (ဇွန် ၁၇ ရက်)၌ ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် စက်လှေပေါ်မှ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ (၃၁)ဦး ထပ်မံတွေ့ရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က စံတော်ချိန်ဒစ်ဂျစ်တယ်သို့‌ အတည်ပြုပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလုပ်၍ ပြန်လာသည့် သင်္ဘောကိုးစီးပေါ်မှ လူ (၆၄) ဦးကို ဓာတ်ခွဲနမူနာရယူ၍စစ်ဆေးရာ (၃၁)...

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ သုံးရာကျော်ထိ ပြန်မြင့်တက်

မြန်မာနိုင်ငံ၌ ယမန်နေ့(ဇွန် ၁၆ ရက်)တစ်ရက်တည်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၅၅ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ ဖေဖော်ဝါရီနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ပိုးတွေ့လူနာအများဆုံးဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၁၃ ရက်တွင်လည်း ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၇၃ ဦးရှိခဲ့ပြီး...

မန္တလေးစည်ပင်ဌာနမှူးအပါအဝင်မိသားစုလေးဦးထံတွင် COVID-19 ရောဂါပိုးတွေ့

မန္တလေးမြို့ စည်ပင်ဌာနမှ ဌာနမှူးအပါအဝင် မိသားစုဝင်လေးဦးထံတွင် ယမန်နေ့(ဇွန် ၁၃ ရက်)က COVID-19 ရောဂါဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ကြောင်း ရင်ဘတ်တူညီ‌နောင် လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။ ပိုးတွေ့လူနာများမှာ အသက် ၅၆ နှစ်အရွယ် စည်ပင်ဌာနမှူး၊ ၅၁ နှစ်အရွယ်ရှိ ၄င်း၏အမျိုးသမီးနှင့် အသက်၂၀ ကျော် ၎င်း၏သမီးနှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလနောက်ပိုင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ သုံးရာကျော်ထိ ပြန်မြင့်တက်

မြန်မာနိုင်ငံ၌ ယမန်နေ့(ဇွန် ၁၃ ရက်)တစ်ရက်တည်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇၃) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာန၏ စာရင်းများအရ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပိုးတွေ့လူနာအများဆုံးဖြစ်သည်။ ထို့အပြင် ထပ်မံသေဆုံးသူ သုံးဦးရှိသည့်အတွက် သေဆုံးသူ စုစု‌ပေါင်း (၃၂၄၄)...

မွန်ပြည်နယ်တွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာတစ်ဦး ယနေ့ (ဇွန် ၁၀ ရက်) နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ "မွန်ပြည်နယ် ကိုဗစ်လူနာဆောင်မှာ လူနာတစ်ဦးသေဆုံးမှုရှိပါတယ်။ သေဆုံးမှုအတိအကျကို စစ်ဆေးနေပါတယ်"ဟု ၎င်းကဆိုသည်။ အဆိုပါ လူနာသည် မွန်ပြည်နယ်တွင်...

ချင်းပြည်နယ် ကျီခါးမြို့တိုက်နယ်ဆေးရုံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ တစ်ပတ်အတွင်း ခုနှစ်ဦးရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့တိုက်နယ်ဆေးရုံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ယမန်နေ့ (ဇွန် ၅ ရက်) နံနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။ ဇွန်လ ၃ ရက်တွင်လည်း ကျီခါးတိုက်နယ်ဆေးရုံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသုံးဦး သေဆုံးခဲ့ကြောင်း၊ ထပ်မံ၍ တွန်းဇံမြို့နယ်ရှိနေအိမ်၌ သေဆုံးသူတစ်ဦးအား...

ကျီခါးတိုက်နယ်ဆေးရုံတွင် COVID-19 လူနာ နှစ်ဦး ထပ်မံသေဆုံး၊ ကျီခါးလူနာများ၏ ကူးစက်မှု အိန္ဒိယဗိုင်းရပ်စ်အမျိုးအစားဖြစ်နိုင်ဟုဆို

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးတိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ယနေ့ (ဇွန် ၃ ရက်) နံနက်ပိုင်းတွင် ထပ်မံသေဆုံးသွားကြောင်း တွန်းဇံမြို့နယ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ အတည်ပြုသည်။ "ပြည်တွင်း ကူးစက်မှုပဲ။...

တွန်းဇံ‌တွင် ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ တွန်းဇံ‌မြို့နယ်၊ ကျီခါးတိုက်နယ်ဆေးရုံတွင် အသက် ၇၃ နှစ်အရွယ် COVID-19 ဓာတ်ခွဲအတည်ပြုလူနာအမျိုးသားတစ်ဦး ယမန်‌နေ့ (ဇွန် ၁ ရက် )ည ၉နာရီ ၅၈ မိနစ်တွင် ထပ်မံသေဆုံးသွားကြောင်း တွန်းဇံမြို့နယ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။ ပြီးခဲ့သည့် (မေ ၃၀ ရက် ) ကလည်း ချင်းပြည်နယ်၊...

ဓာတ်ခွဲအတည်ပြုလူနာများပြားနေသော တွန်းဇံနှင့် တမူးကို Stay at Home သတ်မှတ်၊ ရောဂါဖြစ်ပွားမှု များပြားနေသည့် မြို့နယ်များရှိ ပြည်တွင်းလေကြောင်းခရီးစဉ်များ ဖျက်သိမ်း

ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာများပြားနေသော ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ တမူးမြို့နယ်တို့ကို ယနေ့(မေ ၂၉ ရက်)နံနက် ၄ နာရီမှစ၍ Stay at Home အဖြစ် သတ်မှတ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား က ကြေညာသည်။ ယမန်​နေ့တစ်ရက်တည်းတွင် ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာ တစ်ရာနီးပါးအထိ တွေ့ရှိခဲ့ပြီးနောက် ကူးစက်မှုများပြားနေသည့် တွန်းဇံနှင့်တမူးမြို့တို့ကို Stay at Home...