ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ၊အမှတ်အသားများကို ခွင့်ပြုချက်မရဘဲ ကူးယူခွင့်မပြုရန် ရွေး/ကော်ညွှန်ကြားထား

ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ အထောက်အထားများနှင့် အမှတ်အသားများကို ခွင့်ပြုချက်မရဘဲ ကူးယူခွင့်မပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က​ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ညွှန်ကြားထားကြောင်း နေပြည်တော် ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦး က စံတော်ချိန်သို့အတည်ပြုပြောကြားသည်။ “ကျွန်တော်တို့ဆီညွှန်ကြားထားတာ ဟုတ်တယ်ဗျ။ ရွေး/ကော်ရဲ့ ခွင့်ပြုချက် မရဘဲနဲ့ ကူးယူခွင့်မရှိဆိုတာ ဖုန်းနဲ့ ညွှန်ကြားထားပါတယ်။ မနေ့က ညွှန်ကြားထားတာပါ” ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈ သန်းကျော်ရှိသည်မှာ အမှန်​ဖြစ်ဟု ရွေး/ကော် ထုတ်ပြန်

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ ဆန္ဒမဲပေးသူ ၃၈သန်းကျော်သည် အမှန်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မဲဆန္ဒရှင် စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးဖြစ်နေခြင်းသည် ထိုအချိန်ကရရှိသောသတင်းအပေါ်မူတည်၍ ဖော်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆရာ၊ ဆရာမများအား စွပ်စွဲပြောဆို တရားစွဲဆိုမှုများအပေါ် ကူညီဖြေရှင်းပေးရန် ကော်မတီဖွဲ့စည်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများအပေါ် မဟုတ်မမှန် ပုတ်ခတ်စွပ်စွဲပြောဆိုနေမှုများ၊ တရားစွဲဆိုမှုများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ နောက်ဆက်တွဲပြဿနာရပ်များအား ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အရေးပေါ်တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်)တွင် အဆိုပါ ကော်မတီမှ ကြေညာချက်ထုတ်ပြန်ထားသည်။ အခြေခံပညာ၊ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (BEWU-CEC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊...

တရားစွဲဆိုခံရသည့် မဲရုံတာဝန်ကျ ဆရာ၊ ဆရာများအတွက် ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ ဝန်းရံကူညီမည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများကို နိုင်ငံရေးပါတီအချို့မှ တရားစွဲဆိုမှုများရှိနေသည့်အတွက် ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဝန်းရံကူညီသွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထိုကဲ့သို့ မမှန်မကန်စွပ်စွဲတရားစွဲဆိုမှုများကိုလည်း တန်ပြန်တရားစွဲဆိုသွားနိုင်ရန် ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မိတ်ဖက်ညီနောင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အခိုင်အမာကူညီဆောင်ရွက်ပေးသွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

NLD ပါတီဘက်မှမဲဆွယ်စည်းရုံးသည်ဟုဆိုကာ ပျော်ဘွယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီးကို USDP တရားစွဲ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ကုန်းကျေးရွာ၌ အောက်တိုဘာ ၃၁ ရက်တွင် ကြိုတင်မဲများကောက်ခံစဉ် NLD ပါတီဘက်မှ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီကို USDP ပါတီက ရွေး‌ကောက်ပွဲ ဥပဒေပုဒ်မ ၆၁(က) ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံရသူက စံတော်ချိန်သို့ပြောသည်။ "ကျွန်မက မဲရုံမှူးတာဝန်ထမ်းဆောင်ရမယ့်သူ။ အဲဒီအတွက် ယူနီဖောင်းဝတ်ပြီး ကြိုတင်မဲကိုလည်း ကြိုတင်ပေးမယ်။...

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုပါတီက အမှု ၁၀၀၀ ကျော် တိုင်ကြားထား

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အမှုပေါင်း ၁၀၀၀ ကျော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) သို့ တိုင်ကြားထားကြောင်း USDP ပါတီ၏ ဒုက္ကဋ္ဌ ဦးခင်ရီက ပြောသည်။ ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင်...

ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ သမ္မတထံတောင်းဆိုမှု အကြောင်းမပြန်လျှင် ဥပဒေဘောင်အတွင်းမှ တဆုံးတဆလုပ်မည်ဟု ဦးခင်ရီပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၁၉ ခုသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတထံအိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသည့်အတွက် ဥပဒေဘောင်အတွင်းမှ တဆုံးတဆလုပ်မည်ဟု ယနေ့ (နိုဝင်ဘာ ၂၆ ရက်) တွင်ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ဒုတိယ ဥက္ကဋ္ဌ ဦးခင်ရီကပြောဆိုလိုက်သည်။ "ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတကခန့်ထားတာ။ နိုင်ငံတော်အစိုးရကလည်း...

အစိုးရအဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရအချက်အပေါ် မူတည်ဖွဲ့စည်းသွားမည်ဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ အစိုးရသစ်ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့်အချက်အပေါ် မူတည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က စံတော်ချိန်သို့ပြောသည်။ “အစိုးရဖွဲ့မယ့် ပုံစံကတော့ သမ္မတရုံးကပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ဘောင်စဉ်းစားချက်အပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းမှာပေါ့ခင်ဗျ။ ကျွန်တော်တို့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဆရာဇော်မြင့်မောင်ကလည်း ကျွန်တော်တို့အရည်အချင်းရှိတဲ့လူတွေ ထက်မြတ်တဲ့လူတွေနဲ့ နောက်ပြီးတော့ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝတဲ့သူတွေ ထည့်သွင်းဖွဲ့စည်းမယ်လို့ မူအားဖြင့်ပြောထားပါတယ်”ဟု...

ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်သော မဲဆန္ဒရှင်တစ်သိန်းကျော်က ပျော်ဘွယ် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လက်မှတ်ရေးထိုး

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပျော်ဘွယ်မြို့နယ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်သည် တရားမျှ တမှုမရှိသော မမှန်မကန်ဆောင်ရွက်မှုများနှင် တရားမဲ့ပြုကျင့်မှုများဖြစ်သည့် ရွေးကောက်ပွဲဖြစ်၍ တရားမျှတမှုရှိစေရန် ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်သော မဲဆန္ဒရှင်ပြည်သူ တစ်သိန်းကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ခြင်းလှုပ်ရှားမှုကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။ 'ရွေးကောက်ပွဲ တရားမျှတမှုရှိဖို့ ကန့်ကွက်စာကို...

AA အဖွဲ့က ဖမ်းဆီးထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီတောင်းဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA) မှ ဖမ်းဆီးခေါ်ဆောင်ထားသော NLD ပါတီ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တောင်းဆိုလိုက်သည်။ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ခြင်းအတွက် မဲဆန္ဒရှင်ပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာရာတွင် အထက်ပါတောင်းဆိုချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။