ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ဖိလစ်ပိုင်နိုင်ငံသူတစ်ဦးနှင့် ဘာသာပြန်တစ်ဦးတွင် COVID-19 ရောဂါတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်သို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ပြီး ပြန်လည်ထွက်ခွာမည့် ဖိလစ်ပိုင်နိုင်ငံသူ အမျိုးသမီးနှင့် စကားပြန်တစ်ဦးတွင် COVID-19 ရောဂါတွေ့ရှိခဲ့ကြောင်း သာယာဝတီခရိုင် ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရသည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ Asian Network for Free Elections (ANFREL) မှ လေ့လာစောင့်ကြည့်သူ ဖိလစ်ပိုင်နိုင်ငံသူ အမျိုးသမီးတစ်ဦး၊ စကားပြန်တစ်ဦး၊ ယာဉ်မောင်းတစ်ဦးတို့ကို ယမန်နေ့...

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး ပူးပေါင်းဆောင်ရွက်ပေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ကျေးဇူးတင်ကြောင်း NRPC ထုတ်ပြန်

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးသည် အရေးကြီးသည့် အဆင့်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကျေးဇူးဥပကာတင်ရှိကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ယနေ့ (နိုဝင်ဘာ ၁၁ ရက်) နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့အပြင် ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ရသည့် နယ်မြေများက ပြည်သူများအတွက် အထူးစိတ်မကောင်းဖြစ်ရပြီး အဆိုပါဒေသများတွင် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်တရားမျှတသည့်...

ရွေးကောက်ပွဲကုန်ကျစရိတ်များကို ရက် ၃၀ အတွင်းတင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အသိပေးထား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို အမည်စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲကော်မရှင်အသီးသီးသို့ ရက်ပေါင်း ၃၀ အတွင်း ပုံစံ (၂၀) ဖြင့် တင်သွင်းကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း...

မဲစာရင်း ပုံစံ(၁၉)တွင် လက်မှတ်ရေးထိုးခြင်း မပြုရန် ညွှန်ကြားထားခြင်း အတည်ဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီဆို

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉)တွင် လွှတ်တော်ကိုယ် စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ် စားလှယ်များအား လက်မှတ်ရေးထိုးခြင်း မပြုရန် ညွှန်ကြားချက်ကို ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက စံတော်ချိန်သို့ အတည်ပြု ပြောဆိုသည်။

လူစုလူဝေးများဆက်လက်ပြုလုပ်နေမှုများနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက်များ လိုက်နာရန် ပျက်ကွက်ပါက ထိရောက်စွာအရေးယူမည်

ရွေးကောက်ပွဲကျင်းပပြီးသော်လည်း လူစုလူဝေးပြုလုပ်ခြင်းများရှိနေမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွန်ကြားချက်ကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျည်း၊ စည်းကမ်း၊ ဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုကာလသည် COVID - 19 ရောဂါ ပြန့်ပွားနိုင်မှု အန္တရာယ်ကြီးမားနေခြင်းကြောင့် အမိန့်ညွှန်ကြားချက်များလိုက်နာရန်ဆိုထားသည်။

COVID -19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ (၁၂၆၆)ဦး ထပ်မံတိုး

သေဆုံးသူ (၂၄ )ဦးတွင် ရောဂါအခံရှိသူ (၁၇ )ဦးပါဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့(နိုဝင်ဘာ ၁၀ ရက် ) ည ( ၈ )နာရီ ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ (၁၂၆၆)ဦးထပ်မံတိုးခဲ့ပြီး သေဆုံးသူ (၂၄)ဦးရှိကြောင်းသိရသည်။ အဆိုပါ သေဆုံးလူနာ (၂၄...

လှည်းကူး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ ဆန္ဒပြမှုဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့၌ ယနေ့(နိုဝင်ဘာ ၁၀ ရက်) က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုအလိုမရှိကြောင်း ဆန္ဒပြမှုတစ်ခုဖြစ်ပေါ်ခဲ့သည်ဟု လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးလွင်က စံတော်ချိန်သို့ပြောသည်။ " လူစုလူဝေးနဲ့ဆန္ဒပြသွားတယ်လို့သိရတယ်။ အဲဒီကိစ္စကြောင့် အခုပဲရုံးကိုသွားနေတာ။ အပြည့်အစုံတော့မသိရသေးဘူး။ ရုံးရောက်ပြီးရင်တော့ အခြေအနေကိုသေချာသိရမယ်" ဟု ဦးစိုးလွင်ကပြောသည်။

မဲစာရင်း ပုံစံ (၁၉) အားလက်မှတ်မထိုးသော်လည်း မဲရလဒ်ပြောင်းလဲမှုမရှိ

မြို့နယ်အချို့၌ မဲစာရင်းပုံစံ(၁၉) အားပါတီကိုယ်စားလှယ်လောင်းများ လက်မှတ်မရေးထိုးသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သာဖြစ်သောကြောင့် မဲရလဒ်ပြောင်းလဲမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကစံတော်ချိန်သို့ပြောသည်။ “ပုံစံ (၁၆) က မဲရုံကနေမဲရေတဲ့နေရာမှာသူတို့ကိုယ်စားလှယ်တွေပါတယ်။ အခြားသောသက်သေအနည်းဆုံး ၁၀ ယောက်ပါတယ်။ အားလုံးက အတည်ပြု လက်မှတ်ထိုးပြီးမှမဲရေတာ။ အဲဒီကနေမြို့နယ်ရောက်တယ်။ မြို့နယ်ကနေတစ်ဆင့် အန်ကယ်တို့ဆီပုံစံ ၁၉ ဆိုတာရောက်တယ်။ အဲဒီတော့အခုလက်မှတ်ထိုးကြပါတယ်။...

မြန်မာနှင့် COVID-19ကိန်းဂဏန်းအခြေပြုချက်

(နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၄ နာရီ အထိအချက်အလက်) ယမန်နေ့ညတွင်ရောဂါပိုးတွေ့ရှိသူ - (၅၉၈)ဦး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း - (၆၁၉၇၅)ဦး ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် - ရန်ကုန်။ ...

NLD က ချင်းပြည်နယ်၌ ၂၀၁၅ ခုနှစ်ထက် နေရာ ၅ နေရာပိုမိုအနိုင်ရရှိဟု ဒုသမ္မတဦးဟင်နရီဗန်ထီးယူမဲဆန္ဒရှင်များအားအသိပေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ချင်းပြည်နယ်၌ ၂၀၁၅ ခုနှစ်ထက် နေရာ ၅ နေရာပိုမိုအနိုင်ရရှိကြောင်း ထန်တလန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒုသမ္မတဦးဟင်နရီဗန်ထီးယူက လူမှုကွန်ရက်မှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများကို အသိပေးကြေညာထားသည်။ "ချင်းပြည်နယ်တွင် မိမိအပါအဝင် NLD ကိုယ်စားလှယ်လောင်းများမှ အမတ်နေရာ ၃၉ ​နေရာအနက် ၃၆ ​နေရာ ၉၂...